ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေ ထပ်မံပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု
Pika (NSS) - ဇူလိုင် ၁၅
ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ထပ်မံပေးပို့သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထပ်မံပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က "ယူကရိန်းက အရေးတကြီးလိုအပ်နေတဲ့ ပက်ထရီယော့ဒုံးကျည်တွေကို ကျွန်တော်တို့ပေးပို့သွားမှာပါ။ ဘာလို့လဲဆိုတော့ လူအတော်များများကို အံ့အားသင့်သွားစေခဲ့တဲ့ ရုရှားသမ္မတပူတင်ကြောင့်ပါပဲ။ ပူတင်က ကောင်းကောင်းမွန်မွန်စကားပြောပြီး ညနေပိုင်းရောက်ရင်တော့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ပါတယ်။ အဲဒါကို ကျွန်တော်မကြိုက်ပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အရေအတွက်အတိအကျ ဘယ်လောက်ပေးပို့သွားမယ်ဆိုတဲ့ အချက်ကိုတော့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ယူကရိန်းကို ကူညီပံ့ပိုးပေးမှုက စစ်ပွဲကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုဖြစ်ပွားမှုတွေကို ပိုမိုများပြားလာစေနိုင်တယ်လို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပေမယ့်လည်း အနောက်အုပ်စုက ယူကရိန်းအတွက် ကူညီပံ့ပိုးပေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်းသိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းပျက်ကျ
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
