ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံးနဲ့ ဒုတိယကမ္ဘာစစ်ပြန် အမျိုးသား ကွယ်လွန်
Pika (NSS) - ဇူလိုင် ၁၄
ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံးနဲ့ ဒုတိယကမ္ဘာစစ် စစ်ပြန်တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ရို့စ်ဟာ အသက်(၁၁ဝ)နှစ် အရွယ်နဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်နယ်ရို့စ်ဟာ (၁၉၄၄)ခုနှစ် ဇွန်လ(၆)ရက်မှာ လုပ်ဆောင်ခဲ့တဲ့ D-Day ဆင်းသက်မှုမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒေါ်နယ်ရို့စ်ဟာ ဂျာမနီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Bergen-Belsen စခန်းကို လွတ်မြောက် စေခဲ့တဲ့တပ်ခွဲရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ရို့စ်ရဲ့သေဆုံးမှုကို အင်္ဂလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Erewash Borough ကောင်စီရဲ့အကြီးအကဲ James Dawson က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ၎င်းကိုစစ်သူရဲကောင်းတစ်ဦးအဖြစ် ခေါ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒေါ်နယ်ရို့စ်ဟာ လန်ဒန်မြို့အနောက်တောင်ပိုင်း Westcott ရွာဇာတိကဖြစ်ပြီး အသက်(၂၃)နှစ်အရွယ်မှာ စစ်တပ်ကို စတင်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးတော့ ဒေါ်နယ်ရို့စ်ဟာ မြောက်အာဖရိက၊ အီတလီ နဲ့ ပြင်သစ်နိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ Royal British Legion ရဲ့အဆိုအရ သိရပါတယ်။ ဒေါ်နယ်ရို့စ်ဟာ တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်း ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ Legion d’Honneur ဘွဲ့ ချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ(၁၄)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
11 Aug 2026 | အထွေထွေ,နိုင်ငံတကာ
11 Aug 2026 | အထွေထွေ,ပြည်တွင်း
11 Aug 2026 | အထွေထွေ,ပြည်တွင်း
11 Aug 2026 | အထွေထွေ,ပြည်တွင်း
