Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်


ပြည့်ဖြိုး(NSS)

မြန်မာနိုင်ငံတွင်ရှိသော ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးအရ ဝါတွင်းကာလသို့ ရောက်ရှိလာပြီ ဖြစ်ရာ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ကုန်ဈေးနှုန်းများ အတန်အသင့်မြင့်တက်နေမည်  ဖြစ်သည်။ မြန်မာပြည်၏သွင်းကုန်ပို့ကုန်လုပ်ငန်းများသည်လည်း အကန့်အသတ်ဖြင့်ဆောင်ရွကနေရ ခြင်းကြောင့် စီးပွား‌ရေး နှေးကွေးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း နိုင်ငံခြား ငွေလဲနှုန်း နှင့် ကမ္ဘာ့ရွှေဈေးများ တည်ငြိမ်နေမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးများ အတန်အသင့် ပြန် လည် ဈေးကျဆင်းလာကြောင်း သိရသည်။ 

စက်သုံးဆီဈေး အတန်အသင့် ဆက်လက်ကျဆင်းပါက အထွေထွေကုန်ဈေးနှုန်းများ လိုက်ပါကျ ဆင်း နိုင်ဖွယ်ရှိနေသည်။ လက်ရှိအချိန်တွင် စားအုန်း ဆီဈေးများ ခြောက်လအတွင်း (၁၂၀ဝ)ကျပ်အထိ ကျဆင်းလာသော်လည်း ပြည်တွင်းဈေးကွက်အတွင်း၌ နှစ်ဆခန့် ဈေးများနေဆဲဖြစ်သည်။ 

စားအုန်းဆီ ပြင်ပဈေးကွက်တွင် တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ခန့် ဈေးများမြင့်တက် နေပြီး အရေးယူဆောင်ရွက်ခြင်းများမရှိကြောင်း သိရ သည်။ စားအုန်းဆီဈေးကွက်သည် နိုင်ငံတော်မှ နိုင်ငံခြားငွေများရောင်းချပေးပြီး ပြည်တွင်းသို့ တင်သွင်းနေခြင်းဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက် ပြည့်မီရန် အလှမ်းကွာဝေးနေကြောင်းသိရသည်။ 

အခြေခံပြည်သူများမှာ ပြင်ပစားအုန်းဆီဈေး တစ်ပိဿာ တစ်သောင်းနှစ်ထောင်ဝန်းကျင်ဖြင့် ဆက်လက်ဝယ်ယူသုံးစွဲနေရဦးမည်ဖြစ်သည်။ ဝါ တွင်းကာလ အိမ်ခြံမြေဈေးကွက်များ အရောင်းအဝယ် အေးနိုင်သော်လည်း ဈေးနှုန်းကျဆင်းနိုင်ခြေမရှိ ကြောင်း အကျိုးဆောင်များထံမှသိရသည်။ ဝါမဝင်ခင် ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ်များ ကောင်းမွန်ခဲ့သည့်အပြင် အိမ်အငှားဈေးကွက်မှာလည်း ယခင်နှစ်ကထက် ပိုမိုကောင်းမွန်ကြောင်း သိရသည်။ ရန်ကုန်အပါအဝင် မြို့ကြီးများသည် လက်နက် ကိုင် ပဋိပက္ခများကို ရှောင်ရှားနိုင်ခြင်းကြောင့် အိမ်ခြံမြေ ငှားရမ်းမှုများ ဆက်လက်မြင့်တက်နေမည် ဖြစ် သည်။ 

ရွှေဈေး၊ ငွေလဲနှုန်းနှင့်စက်သုံးဆီဈေးများ

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးသတ် မှတ်ချက်အပေါ်မူတည်ကာ ယခုတစ်ပတ်အတွင်း အတက်အကျ အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ(၁)ရက်တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ (၃၃၃၀)ဝန်းကျင်မှ အမြင့်ဆုံး(၃၃၃၆)ဒေါ်လာအထိ သာ တစ်ပတ်အတွင်းမြင့်တက်ခဲ့သည်။ လတ်တလော တွင်လည်း ကမ္ဘာ့ရွှေဈေးများ အကျဘက်သို့ဦး တည်နေပြီး ဇူလိုင်လ(၈)ရက်ပေါက်ဈေးများအရ ရွှေတစ်အောင်စလျှင် (၃၃၃၂)ဒေါ်လာဝန်းကျင်သာ ပေါက် ဈေးရှိကြောင်းသိရသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးသည်လည်း အခေါက်ရွှေတစ်ကျပ်သား လျှင် ပြင်ပပေါက်ဈေး သိန်း(၈၀)ကျပ်ကိုမကျော်နိုင် ကြောင်းသိရသည်။ ဇူလိုင်လ (၁)ရက်နှင့် (၂)ရက် တို့တွင် ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း ပြင်ပရွှေပေါက်ဈေးမှာ တစ်ကျပ်သားလျှင် (၇၈)သိန်းကိုး သောင်း ကျပ်ခန့်ရှိနေခဲ့သော်လည်း ဇူလိုင်လ (၈) ရက်တွင် (၇၈)သိန်းခြောက်သောင်းခန့်သို့ပြန်လည် ကျဆင်း လာသည်။ 

ပြင်ပရွှေဈေးများ ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိနေခြင်းကြောင့် ရွှေဝယ်ယူသူများအနေဖြင့် ရောင်းမှားဝယ်မှား မဖြစ်စေရန်သတိထားသင့်ကြောင်း ဝါရင့် ရွှေလုပ်ငန်းရှင်များကပြောကြားသည်။ ပြည်တွင်း ငွေ လဲဈေးကွက်အတွင်း ငွေလဲနှုန်းများ အမြင့်ဈေးဖြင့် တည်ငြိမ်နေသည့်အပြင် အရောင်း အဝယ်နည်းပါးကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ ယခင်တစ်ပတ်က အမေရိကန် တစ်ဒေါ်လာလျှင် (၄၅၈၀)ကျပ်အထိမြင့်တက်ခဲ့ရာမှ လက်ရှိ သီတင်း ပတ်အတွင်း (၄၄၈၀)ကျပ်သို့ ပြန် လည်ကျဆင်းလာခြင်းဖြစ်သည်။ တစ်ဒေါ်လာလျှင် ငွေတစ်ရာကျပ်ခန့် ကျဆင်းသွားသည့်အပြင် အခြား နိုင်ငံခြားငွေဈေးများလည်း အတန်အသင့်ကျဆင်းခဲ့ကြောင်းသိရသည်။ ယခုဇူလိုင်လ(၈) ရက် ပေါက် ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် (၄၄၈၀)ကျပ်၊ တရုတ် တစ်ယွမ်လျှင် (၆၂၅)ကျပ်၊ ထိုင်းတစ် ဘတ်လျှင် (၁၃၇) ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၅၂၀) ကျပ်၊ အန္ဒိယ တစ်ရူပီးလျှင်(၅၂)ကျပ် အသီး သီး ပေါက်ဈေးရှိနေသည်။ 

မိုးရာသီကာလ သွင်းကုန်ပို့ကုန်လုပ်ငန်းများ နည်းပါးနေခြင်းကြောင့် နိုင်ငံခြားငွေဈေးကွက်သည် လည်း ဆက်လက်တည်ငြိမ်နေနိုင်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်နှင့် မြန်မာ့ဈေးကွက် အကြား တိုက်ရိုက်အရောင်းအဝယ်ကျဆင်းလာမှုသည် နိုင်ငံခြားငွေလိုအပ်ချက်နည်းပါးသွားခြင်း ကြောင့်ဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေဈေး တည်ငြိမ်နိုင်သော်လည်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲဖြစ်ပေါ်လာပါက သက်ရောက်မှုများရှိနိုင်သည်။ ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း နိုင်ငံခြားငွေဈေး ယခင်တစ်ပတ်ကထက် ဈေးနှုန်းကျဆင်းမှုကြောင့် စက်သုံးဆီအမျိုးအစား အကုန်လုံး နီးပါး တစ်လီတာလျှင် (၁၀ဝ)ကျပ်ဝန်းကျင် ဈေးကျလာကြောင်းသိရသည်။ ယခုတစ်ပတ်အတွက် ရည် ညွှန်း စက်သုံးဆီဈေးမှာ ရန်ကုန်မြို့တွင် (၉၂) တစ်လီတာ လျှင် (၃၀၁၅) ကျပ် ၊ (၉၅) တစ်လီတာလျှင် (၃၀၇၅) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၆၃၅) ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် (၃၂၆၅) ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်းသိရသည်။ ကမ္ဘာ့ စက်သုံးဆီ ဈေးသည် လတ်တလောအကျဈေးဖြင့် တည်ငြိမ်နေရာ ပြည်တွင်းငွေလဲနှုန်းတည်ငြိမ်နေပါက ပြည်တွင်း စက်သုံးဆီဈေးများ ဆက်လက် ကျဆင်းလာနိုင်သည်။ 


ပြင်ပပေါက်ဈေး စားအုန်းဆီ တစ်ပိဿာ (၁၂၀ဝဝ) ကျပ် ဝန်းကျင်ရှိနေဆဲ

မြန်မာပြည်၏အခြေခံစားသောက်ကုန်ဖြစ်သော စားအုန်းဆီသည် ပြည်ပမှ မှာယူတင်သွင်းနေရ ခြင်းကြောင့် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်နှင့်အပြိုင် ဈေးကောင်းနေဆဲဖြစ်သည်။ စားသုံးဆီ တငသွင်း သိုလှောင်ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီက ခွဲတမ်းမြို့နယ်အလိုက် ရောင်းချ ပေးနေခြင်းဖြစ်သည်။ တရားဝင်ဖြန့်ဖြူးရောင်းချသော စားအုန်းဆီဈေးမှာ လတ်တလောတွင် အထိုက် အလျောက် ကျဆင်းလာသော်လည်း ပြင်ပဈေးမှာ ကျဆင်းခြင်း မရှိကြောင်းသိရသည်။ ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၇)သန်းကျော် ဇူလိုင်လ(၄) ရက် တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။ 

စားသုံးဆီလုပ်ငန်းရှင်များကို ဗဟိုဘဏ်က ထုတ်ရောင်းချပေးနေသည့် ဒေါ်လာပမာဏက နည်း နေပြီး စားအုန်းဆီတင်သွင်းဖို့အတွက် လိုအပ်တဲ့အမေရိကန်ဒေါ်လာလိုအပ်ချက်က မြင့်နေဆဲဖြစ်သော ကြောင့် လိုအပ်သည့်ဒေါ်လာကို ပြင်ပပေါက် ဈေးဖြင့်ဝယ်ယူနေရသည့်အခြေအနေများဖြစ်ပေါ် လာရာ စားအုန်းဆီဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ ရပ်တည်နေကြောင်း ခန့်မှန်းချက်များထွက်ပေါ်လာသည်။ လက်ရှိ ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ပြင်ပစားအုန်းဆီ တစ်ပိဿာကို (၁၂၀ဝဝ)ကျပ်အထက်တွင် ရှိနေသည်။ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်သည့် ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိဿာကို (၆၀၆၀)ကျပ်ဖြစ် သောကြောင့် ရည်ညွှန်းဈေးထက် ပြင်ပဈေးမှာ နှစ်ဆဈေးနှုန်းမြင့်တက်နေသည်။ 

အဆိုပါရည်ညွှန်းဈေးဖြင့် စားသုံးသူထံ တိုက်ရိုက်ရောင်းချပေးမှုသည်လည်း လူတစ်ယောက် လျှင် ဆီ အကန့်အသတ် သတ်မှတ်ချက်ဖြင့် ဝယ်ယူနေရပြီး မြို့နယ်များရှိ ဆီဆိုင်တိုင်းတွင် အလွယ် တကူ ဝယ်ယူ၍မရသောအခြေအနေများကြောင့် စားအုန်းဆီဈေး မကျဆင်းရခြင်းအကြောင်းတစ်ခု ဖြစ်သည်။ ကော်မတီက စားအုန်းဆီလုပ်ငန်းရှင်များအနေဖြင့် ဆီကို ပြန်လည်ရောင်းချရာတွင် အပတ် စဉ်ထုတ်ပြန်နေသည့် စားအုန်းဆီ ရည်ညွှန်ဈေးအပေါ်ကို အသားတင် အမြတ် (၂ %) နှင့်အထွေထွေ ကုန်ကျစရိတ် ပေါင်းပြီးသာရောင်းချရန် သတိပေးညွှန်ကြားထားသည်။ 

ထို့ပြင် ပြည်တွင်းဈေးကွက်ထဲတွင် စားအုန်းဆီ ကိုဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့်လုပ် ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုသိရသည်။ သို့သော်လည်း စားအုန်းဆီဈေးက ကျဆင်းလာခြင်းမရှိဘဲ လက်ရှိအချိန်ထိ ပြင်ပဈေး တစ် ပိဿာကို (၁၂၀ဝဝ) ကျပ်အထက်တွင် ဝယ်ယူ နေရကြောင်းသိရသည်။ (၂၀၂၀)ပြည့်နှစ်ဝန်းကျင်က စားအုန်းဆီ တစ်ပိဿာလျှင် (၁၈၀ဝ) ကျပ်ဝန်းကျင် ရှိ နေရာမှတဖြည်းဖြည်းမြင့်တက်ခဲ့ရာ လက်ရှိအခြေအ နေသို့ရောက်ရှိလာခြင်းဖြစ်သည်။ သက်ဆိုင်ရာ မှထိရောက်သောပြုပြင်ပြောင်းလဲမှုမပြုလုပ်ပါက စားအုန်းဆီဈေးများ လာမည့်ရက်ပိုင်းအတွင်း ဆက် လက်မြင့်တက်နေမည်ဖြစ်သည်။ ဝါတွင်းကာလ အိမ်ခြံမြေဈေးကွက်လာမည့်ရက်များအတွင်း ဗုဒ္ဓ ဘာ သာများ၏ ဝါတွင်းကာလသို့ရောက်ရှိလာပြီဖြစ်ရာ အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားနှင့် အရောင်း အဝယ် နှစ်မျိုးစလုံး အလုပ်နည်းပါးသွားမည်ဖြစ်သည်။ ဝါဆိုလပြည့် မတိုင်မီကတည်းက အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဈေး ကွက်တစ်ခုလုံးနီးပါး လုပ်ငန်းများအလုပ်ဖြစ်ပေါ်ခဲ့ပြီး အငှားဈေးကွက်က ဦး ဆောင်ခဲ့ကြောင်းသိရသည်။ ဈေးကွက်အတွင်း အငှားအများဆုံးဖြစ်သည့် တိုက်ခန်းနှင့်ကွန်ဒိုများဖြစ်ပြီး လုံးချင်းအိမ်ခြံမြေအများစုမှာ အရောင်းအဝယ်ဈေးကွက် ဖြစ်ထွန်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရ သည်။ 

ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် သိန်းထောင်ချီသော အရောင်းအဝယ်များ ဝါမဝင်ခင်ကာလများအ တွင်း အရောင်းအဝယ်ဖြစ်ခဲ့ရာ လုံးချင်းအိမ်ခြံမြေ များ အများစုပါဝင်သည်။ ငလျင်ဒဏ်ကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း လူနေတိုက်ခန်း ဝယ်ယူ မှု အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့ရသော် လည်း ဝါမဝင်ခင်ကာလအတွင်း လူနေတိုက်ခန်းနှင့် အိမ်ရာ ငှားရမ်းမှုများရှိခဲ့ကြောင်းသိရသည်။ အိမ်ငှား ဈေးကွက်အတွင်း တစ်လလျှင်တစ်သိန်းခွဲမှစတင်ကာ ငါးသိန်းကျပ်အထိ တိုက်ခန်းနှင့်အိမ်ခြံမြေများ အငှား သွက်ခဲ့ကြောင်းသိရသည်။ သက်ဆိုင်ရာမှလည်း အငှားအိမ်ရာများ ထပ်မံတိုးချဲ့ငှားရမ်းပေးနေ သည့်အပြင် တန်ဖိုးနည်းတိုက်ခန်းများလည်းရောင်းချပေးနေရာ ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ ဆက် လက်ဖွံ့ ဖြိုးနေဆဲဖြစ်သည်။

ရန်ကုန်မြို့အတွင်း ရောင်းအားအကောင်းဆုံးမြို့ နယ်များဖြစ်သည့် ဒဂုံမြို့သစ်လေးမြို့နယ်တွင် ဝါမဝင်ခင် ရက်ပိုင်းအထိ အ‌ရောင်းအဝယ်လုပ်ငန်းများ ရှိနေကြောင်းသိရသည်။ မိုးတွင်းကာလ အိမ်ခြံ မြေများအတွင်းသို့ ရေဝင်ရောက်မှုကြောင့် မြစ်ကူးချောင်းခြား ရပ်ကွက်များတွင် ဈေးနှုန်းအတန်အသင့် လျော့ကျခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ဒဂုံမြို့သစ်လေးမြို့နယ်အတွင်း မိုးများပါက ရေလျှံသည့်ပြဿနာကြောင့် ဝယ်လိုအား အတန်အသင့်ကျဆင်းလေ့ရှိပြီး ပွင့်လင်းရာသီများ၌ ဦးစားပေးအရောင်းအဝယ်ပြုလုပ်ကြကြောင်း အိမ်ခြံ မြေအကျိုးဆောင်များထံမှသိရသည်။ လတ်တလော အရောင်းအဝယ်အများဆုံး တန်ဖိုးရှိအိမ်ခြံမြေများ မှာ သိန်းတစ်ထောင်ကျပ်မှ သိန်းငါးထောင်ကျပ်အတွင်း ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ ရန်ကုန်နှင့်မန္တလေးမြို့ကြီးတို့တွင် ငလျင် ကြောင့် ကန်ထရိုက်တိုက်ခန်းများ အရောင်းအဝယ် အနည်းငယ်အေးနေသော်လည်း ရေရှည်အနေဖြင့် အရောင်းအဝယ်များဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းဝယ်ယူမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်ရာ ဝါတွင်း သုံးလကျော် လွန်ချိန်တွင် တိုက်ခန်းများ အသင့်နေထိုင်သည့်အနေအထားဖြင့် ပြန်လည်ရောင်းချရန်စီစဉ်နေကြခြင်း ဖြစ်သည်။ ယခု (၂၀၂၅) ခုနှစ်သည် အိမ်ခြံမြေဈေး တည်တည်ငြိမ်ငြိမ်ဖြင့် ပုံမှန် ဈေးမြင့်တက်ခဲ့ခြင်းဖြစ် ပြီး ငလျင်ကြောင့်သာ အ‌ရောင်းအဝယ်အနည်းငယ် တုံ့ဆိုင်းခဲ့ကြောင်း ဝါရင့် အိမ်ခြံမြေအကျိုးဆောင် များထံမှသိရသည်။ လာမည့်ရက်လများသည် မိုး တွင်းကာလနှင့် ဝါတွင်းကာလအတွင်းသို့ ရောက်ရှိနေ ခြင်းကြောင့် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းများ အနည်းငယ်အေးနေမည်ဖြစ်သော်လည်း ဈေး နှုန်းများမှာ ငွေကြေးဖောင်းပွမှုအရ ဆက်လက်မြင့် တက်နေမည်ဖြစ်သည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယမှာ ရထားလမ်းပေါ် မီးဖွားနေတဲ့ဆင်တစ်ကောင်ကြောင့် ရထားတစ်စီး အချိန် ၂ နာရီ ခန့် ရပ်နား စောင့်ဆိုင်း ပေးရ

RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved