Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိုမန်အစိုးရ အဖွဲ့ခေါင်းဆောင် ဆူတန် ဘင်တာရစ် ဘယ်လိုလူစားမျိုးလဲ


ဂျန်ဇက် (NSS)

ပြီးခဲ့တဲ့ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ အီရန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့စစ်ပွဲအဆုံးသတ်အောင် ကြားဝင် စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံတွေထဲမှာအိုမန်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အိုမန်နိုင်ငံဟာ လူဦးရေ (၆)သန်းကျော်သာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ အဓိက အရေးပါတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အိုမန် နိုင်ငံဟာ ဆူလ်တန်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး ဆူလ်တန် တွေဟာ အိုမန်နိုင်ငံရဲ့အမြင့်ဆုံးအာဏာရှိတဲ့ မိသားစုလည်း ဖြစ်ပါတယ်။ အိုမန်နိုင်ငံဟာ (၁၈)ရာစုနှစ် တည်းက လက်ရှိအချိန်အထိ Al Bu Said မိသားစုဝင် ဆူလ်တန်တွေကအုပ်ချုပ်နေခဲ့တာလည်းဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ အိုမန်နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဆူလ် တန်ဟာ ဟေသမ်ဘင်တာရစ်ဆိုသူဖြစ်ပါ တယ်။ ၎င်းဟာ အိုမန်နိုင်ငံရဲ့ဆူလ်တန်တာဝန်အပြင် ဝန်ကြီး ချုပ်တာဝန်ကိုပါရယူထားပြီး နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိသူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ (၂၀၂၀) ပြည့်နှစ်မှာ အိုမန်နိုင်ငံရဲ့ဆူလ်တန်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိ တာဝန်ယူနေသူဖြစ်ပါတယ်။ ၎င်းဟာ အိုမန်နိုင်ငံရဲ့အစိုးရအဖွဲ့ တွေမှာလည်း တာဝန်ယူခဲ့ဖူးပြီး ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ဘင်တာရစ်ကို (၁၉၅၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး အိုမန်နိုင်ငံ Muscat  မြို့နဲ့ လက်ဘနွန်နိုင်ငံ Brummana အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ (၁၉၇၉)ခုနှစ်မှာ ဗြိတိန်နိုင်ငံ အောက်စဖိုဒ့်မြို့ရှိ Pembroke College ကနေ  Foreign Service Programme (FSP) ဘွဲ့ကိရရှိခဲ့သူဖြစ်ပါတယ်။ ဘင်တာ ရစ်ဟာ အိုမန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တော်ဝင်မျိုးနွယ်စုက မွေးဖွားခဲ့သူဖြစ်တဲ့အတွက် ဘဝကို ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတာမျိုးမရှိပါဘူး၊ 

ဘင်တာရစ်ရဲ့မိဘတွေဟာ အိုမန်နိုင်ငံကို အုပ်ချုပ်ခဲ့ဖူးတဲ့ ဆူလ်တန်တွေဖြစ်ပြီး ညီအစ်ကိုမောင် နှမ များနဲ့ ဆွေးမျိုးများဟာလည်း အိုမန်နိုင်ငံ ဆူလ်တန် မျိုးနွယ်စုဝင်တွေသာဖြစ်ပါတယ်။ ဆူလ်တန် နိုင်ငံကို (၂၀၂၀)ပြည့်နှစ်မတိုင်ခင်က ဘင်တာရစ်ရဲ့အကို ဝမ်းကွဲတော်စပ်သူ ဆူလ်တန်  Qaboos bin Said က အုပ်ချုပ်ခဲ့ပြီး ၎င်းမသေဆုံးခင် ဘင်တာရစ်ကို ဆူလ်တန်အရိုက်အရာ လွှဲပြောင်းပေးခဲ့တာ လည်း ဖြစ်ပါတယ်။ ဘင်တာရစ်ဟာ လက်ရှိအချိန်မှာ အိုမန်အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တာဝန်အပြင် နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ရဲတပ်ဖွဲ့ စသည့်ရာထူးများကိုတစ်စိတ်တစ်ပိုင်းတာဝန်ယူထားဆဲဖြစ်ပါတယ်။ အိုမန် မြို့ပြဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဘင်တာရစ်ဟာ အိုမန် တော်ဝင်မိသားစုများရဲ့စည်းမျဉ်း စည်းကမ်းများကို လိုက်နာသူဖြစ်ပြီး နိုင်ငံတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်သူလည်းဖြစ်ပါ တယ်။ ၎င်းဟာ ပြည်တွင်းအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများအပါအဝင် အနာဂတ်အတွက် “ Vision 2040” စီမံကိန်းကို ဦးဆောင်နေသူဖြစ်ပြီးအိုမန်နိုင်ငံအတွင်း လွတ်လပ်ပွင့်လင်းမှု၊တရားဥပဒေစိုးမိုးရေး ကိုလက်ခံကျင့်သုံးသူဖြစ်ပါတယ်။ အိုမန်ဟာ လူဦးရေ (၆)သန်းကျော်သာရှိတဲ့နိုင်ငံငယ်လေးဖြစ်ပေမယ့် ဆူလ်တန်ဘင်တာရစ်လက်ထက်မှာ နိုင်ငံတကာ အငြင်းပွားမှုတွေကို ကြားဝင်ဖြေရှင်းဖို့ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အိုမန်ဟာ ဘက်မလိုက်တဲ့သံတမန်ရေးကိုဦးစားပေးတဲ့နိုင်ငံဖြစ်ရာ အထူးသဖြင့် အီရန်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံနဲ့ ဆက်နွယ်တဲ့  အငြင်းပွားမှုများ၊ အခက်ခဲများကို ကြား ဝင်ဆွေးနွေးပေးဖို့ကြိုးပမ်းပြီးဘက်မလိုက်ဘဲ ရပ်တည်ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဘင်တာရစ်ဟာ အိုမန်ဆူလ်တန်ဖြစ်လာခဲ့ပြီးနောက် ဒေသအတွင်း နိုင်ငံတွေရဲ့ အငြင်းပွားမှုတွေကို ကြားဝင် ကူညီနိုင် အောင်ကြိုးပမ်းခဲ့သလို ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်ပါတယ်။ ဘင်တာရစ်ဟာ ယီမင် အရေး အခင်းမှာ ဆော်ဒီသမားအဖွဲ့ကို ပံ့ပိုးခြင်းမပြု သလို အီရန်၊ ဟူသီနဲ့  ဆော်ဒီအာရေဗျနိုင်ငံတွေကြား ကြားဝင်ကူညီပေးဖို့ ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။ အိုမန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အငြင်းပွားမှုများ၊ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံး သတ်နိုင်အောင်ကြိုးပမ်းပါဝင်ခဲ့မှုကြောင့် နိုင်ငံ ငယ်ပေမယ့်  ငြိမ်းချမ်းရေးစကားဝိုင်း ဖော်ဆောင်တဲ့နိုင်ငံ သို့မဟုတ် “Middle East Peace Broker” လို့ သတ်မှတ်ခေါ်ဆိုခံနေရပါတယ်။ အီရန် နျူကလီးယား စာချုပ်နဲ့ ပတ်သက်ပြီးအိုမန်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ အိုမန်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းရေးတွေမှာ ပိုမိုပါဝင်လာမှုဟာ ဆူလ် တန် ဘင်တာရစ်လက်ထက်မှာ ပိုမိုဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အိုမန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ အာရပ်နိုင်ငံအချို့ ကျင့်သုံးနေတဲ့ တသမတ်တည်း ရပ်တဲ့ပုံစံမျိုးမဟုတ်ဘဲ နိုင်ငံတိုင်းနဲ့ သံတမန်ဆက်ဆံရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်ပါတယ်။ ဆူလ်တန်ဘင်တာရစ်လက်လက်မှာ အိုမန်ဟာ ချီလီ၊ အမေရိကန်၊ ယူရိုပီယန်သမဂ္ဂ၊ ရုရှား တို့နဲ့  တိုးတက်ကောင်းမွန်တဲ့ အဆင့်မြင့်သံတမန် ဆက်ဆံ ရေးတည်ဆောက်နိုင်ခဲ့သလို အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်နိုင်ငံတို့နဲ့လည်းဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်။ အိုမန်နိုငံဟာ ယခင် တည်းက တည်ငြိမ်မှုကို ဦးစားပေးကာ တစ်ဖက်သတ် ရပ်တည်မှုကို ငြင်းပယပြီး အစွဲကင်းစွာနဲ့ အကောင်းဆုံးအဖြေရှာဖို့ ကြိုးပမ်းတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ အိုမန်ဟာ ငြိမ်းချမ်း ရေးအလေးထားသလို  နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ယုံကြည်မှုရရှိတဲ့နိုင်ငံဖြစ်ပြီး ဆူလ်တန်ဘင် တာရစ်လက်ထက်မှာ အိုမန်ရဲ့သံတမန်ရေး ကြားဝင် ဆောင် ရွက်ချက်တွေ ပိုမိုကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ အိုမန်နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူနေ တဲ့ ဘင်တာရစ်ဟာငြိမ်းချမ်းရေးကိုလိုလားလက်ခံသူဖြစ် သလို အကြမ်းမဖက်မှုကို လက်ခံကျင့် သုံးသူ လည်းဖြစ်ပါတယ်။ ဘင်တာရစ်ဟာ တည်ငြိမ်မှုရှိတဲ့ခေါင်းဆောင်တစ်ဦးဖြစ်သလို အခက်အခဲ ပြသာနာ များကိုဆွေးနွေးညှိနှိုင်းတုံ့ပြန်တတ်တဲ့ စိတ် ထားရှိသူ ဖြစ်ပါတယ်။ ၎င်းဟာ မတည်မငြိမ်တဲ့နိုင်ငံရေး အပြောင်းအလဲတွေကို ရှောင်ကြဉ်တတ်သူဖြစ်ပြီး ဝေဖန်သုံးသပ်ဆန်းစစ်တဲ့ ခေါင်းဆောင်မှု စတိုင်ကို လိုလားသူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ ပြည်တွင်းအုပ်ချုပ်မှုမှာ ပြည်သူအမြင်နဲ့ ရင်းနှီးလာအောင် အကြံ ပေးကောင်စီများ (Shura Council) အပေါ် ကိုယ်တိုင် အာရုံစိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘင်တာရစ် ဟာအိုမန်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီး နောက်ပိုင်းနိုင်ငံကို ပိုမိုခေတ်မီအောင်၊ ခေတ်နဲ့အညီ ပိုမို အံဝင်မှုဖြစ်လာအောင် ပြောင်းလဲမှုတွေလုပ်ကိုင်ခဲ့တဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဘင်တာရစ်ဟာ စေ့စပ်ဆွေးနွေးရေးကို အလေးထားသူဖြစ်တဲ့အတွက် မတူညီတဲ့ အာရှနိုင်ငံတွေ၊ အာရပ်အလယ်ပိုင်း နိုင်ငံတွေနဲ့ ပြဿနာများရှိပေမယ့်လည်း ရပ်တည်တဲ့ ပုံစံမျိုးက သဘောထားခက်ထန်တင်းမာတဲ့ ပုံစံ မျိုးမရှိဘူးလို့ ဆိုပါတယ်။ ဘင်တာရစ်ဟာ ဒေသအတွင်းနိုင်ငံအချို့နဲ့ ပြဿနာတချို့ရှိပေမယ့် အဲဒီနိုင်ငံ တွေနဲ့ဆက်ဆံရေးကောင်းမွန်အောင် အလေးပေးတဲ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘင်တာ ရစ်ဟာ လက်ရှိ အချိန်မှာအသက် (၇၀)အရွယ်ရှိနေပြီဖြစ်တဲ့ အတွက် အတွေ့ကြုံ ရင့်ကျက်တဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်ရာ အိုမန်နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ကိုလည်း ခေတ်နဲ့အညီတဖြည်းဖြည်း ပြုပြင်နေပြီး အိုမန်တော်ဝင် မိသားစုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ယခင်အတိုင်း ဆက်ထိန်းထားဆဲဖြစ်ပါ တယ်။ ဘင်တာရစ်ဟာ အိုမန်ဆူလ်တန်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပညာရေး၊ အရပ်သားအခွင့် အရေး၊ လူမူလုံခြုံရေးနဲ့ပတ်သက်တဲ့ အယူဝါဒအသစ်တွေကို ချမှတ်အကောင်ထည်ဖော်ခဲ့သူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ အိုမန်နိုင်ငံရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ကို ကတိပြုထားသူလည်းဖြစ်ပါတယ်။ ဘင်တာရစ်အိုမန် ဆူလ်တန်အဖြစ်တာဝန်ယူချိန်မှာ ကိုရိုနာဗိုင်း ရပ်စ် ပြဿနာတွေကြောင့် အိုမန်နိုင်ငံ ရဲ့စီးပွားရေးက စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဘင်တာရစ်ရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကြောင့် အိုမန်နိုင်ငံ ရဲ့စီးပွားရေးဟာ လက်ရှိအချိန်မှာ တည်ငြိမ်တိုးတက်လာနေတယ်လို့သိရပါတယ်။ အိုမန်နိုင်ငံရဲ့ဂျီဒီပီဟာ (၂၀၂၄)ခုနှစ်မှာ (၁ ဒသမ ၇) ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းက ဝင်ငွေရရှိမှုလျော့နည်းခဲ့ပေမယ့် ရေနံနဲ့မပတ် သက်တဲ့ လုပ်ငန်းက သို့မဟုတ် စက်မှုလုပ်ငန်းကရရှိတဲ့ဝင်ငွေက ယခင်ထက် ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဘင်တာရစ်ဟာ နိုင်ငံကို စက်မှုလုပ်ငန်း ဦးစားပေးတဲ့နိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့သူဖြစ်ရာ လက်ရှိအချိန် မှာ အောင်မြင်မှုတွေ စတင်ရရှိနေပြီ လည်းဖြစ်ပါတယ်။ အိုမန်ဟာ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံတစ် နိုင်ငံဖြစ်တဲ့အတွက် ရေနံနဲ့ဓာတ်ငွေ့ကို ဦးစားပေးခဲ့ပေမယ့် ဘင်တာ ရစ်လက်ထက်မှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုအမျိုးမျိုးကို လုပ်ကိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဘင်တာ ရစ်ဟာ နိုင်ငံ စီးပွားရေးပြောင်းလဲဖို့ ကြိုးပမ်းရာမှာ ရေတိုလုပ်ငန်းထက် ရေရှည်အနာဂတ်မှာ ကောင်းမွန် တဲ့ ပြောင်းလဲမှုများကို တဖြည်း ဖြည်းချင်းလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘင်တာရစ် အိုမန်ဆူလ်တန် ဖြစ်လာခဲ့ပြီ နောက်ပိုင်းအိုမန်နိုင်ငံဟာ ဒေသအတွင်း နိုင်ငံတွေထဲမှာသာမက နိုင်ငံတကာမှာ ငြိမ်းချမ်းရေးကို လိုလားသူ၊ အငြင်းပွားမှုများကိုကြား ဝင်ဖြေရှင်းပေးတဲ့နိုင်ငံအဖြစ် အဓိက အရေးပါလာခဲ့တယ်လို့  ဆိုနိုင်ပါတယ်။                                                                    


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘူတာအသစ်တည်ဆောက်ခြင်းအပါအဝင် ရထားလမ်းပိုင်းလုပ်ငန်း (၁၂) ခုအတွက် တင်ဒါခေါ်ယူမည်

RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved