အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
Pika (NSS) - မေ ၂ဝ
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသက ရွှေတွင်းတစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုတွေကြောင့် အနည်းဆုံးအလုပ်သမား(၆)ဦးသေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားလူ(၁၄)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မေလ(၁၉)ရက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မေလ(၂၀)ရက်မှာ ပြန်လည်စတင်သွားမှာဖြစ်ပြီး ပျောက်ဆုံးနေဆဲလူတွေကို ရှာဖွေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်တင်သွားမယ်လို့ တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။ မေလ(၁၉)ရက်က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ဆိုးရွားတဲ့ရာသီဥတုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ တောင်တန်းဒေသ Papua မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိဖို့အတွက် အနီးဆုံးမြို့ကနေ လာမယ်ဆိုရင်တောင် အချိန်(၁၂)နာရီလောက်ကြာမြင့်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခ ရည်မှန်းချက်ပန်းတိုင်တွေအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို လိုလားနေဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြော
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
