NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များလုပ်ခဲ့ဟု နစကဥက္ကဋ္ဌဆို
သန့်ဇင်(NSS)-မေ ၂၀
NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့် ကိစ္စရပ်များစွာလုပ် ဆောင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ယမန်နေ့(မေလ ၁၉ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် နစကဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အာဏာရပါတီအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်း ပေးခဲ့ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်၌ အာဏာရပါတီအတွင်း သဘောထားကွဲလွဲမှုများ ရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ သော်လည်း ထိုအချိန်၌ အတိုက်အခံပါတီဖြစ်သည့် NLD ပါတီအနေဖြင့် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရန် လှုံ့ဆော်ကန့်ကွက် မှုများရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့နောက် ၂၀၁၅ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းတွင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါအစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်အတွက် အရေးကြီးသည့်ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား လုံးဝပြုလုပ်ခြင်းမရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
အလားတူ ဥပဒေနှင့်မညီသည့် ပြဋ္ဌာန်းချက်များအား အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်၏ ကုန်သွယ်ရေးလိုငွေမှာ ၁၂ ဘီလျံကျော်ခန့်နှင့် ဒီမိုကရေစီဒုတိယ အစိုးရသက်တမ်းကာလတွင် ၁၂ ဘီလျံကျော်ခန့် စုစုပေါင်း ၂၅ ဘီလျံကျော်ခန့် လိုငွေပြခဲ့သဖြင့် အဆိုပါငွေများအား ပြည်ပအကူ အညီများ၊ ချေးငွေများ၊ ကုန်သွယ်မှုမှအပဝင်ငွေများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာခဲ့သည်ကို အချက်အလက်များအရ သိရှိရကာ ကိုဗစ် - ၁၉ ဖြစ်ပွားပြီးချိန်၌ ကျောင်းနေရာခိုင်နှုန်းများ ကျဆင်းခဲ့သဖြင့် ထိုသို့ပညာရေးအားနည်းချက်များကို ဂရုပြုရန် နစက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အထူးဒေသများ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင်လည်း NCA လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်ချမ်းရေးနှင့်ပတ်သက်၍ သမိုင်းတစ်လျှောက် အခက်အခဲများရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးညီလာခံအား (၂၁) ရာစုပင်လုံအဖြစ် အမည်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့သဖြင့် သမိုင်းကြောင်းအရ အခက်အခဲများရှိ လာနိုင်သဖြင့် အသိပေးမှုများဆောင်ရွက်ခဲ့ရကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
