အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား
Pika (NSS) - မေ ၁၉
အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဘရွတ်ကလင်းတံတားကို မက္ကဆီကိုရေတပ်လေ့ကျင့်ရေးသင်္ဘောတစ်စီးက ဝင်တိုက်မိခဲ့ပြီးနောက် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်မြို့ မြို့တော်ဝန် အဲရစ်အဒမ်က “မက္ကဆီကိုရေတပ်လေ့ကျင့်ရေးသင်္ဘော ARM Cuauhtémoc ဟာ ပါဝါပြတ်တောက်သွားမှုနဲ့အတူ ဘရွတ်ကလင်းတံတားကို ဝင်တိုက်မိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ သင်္ဘောပေါ်မှာ လိုက်ပါလာသူ(၂၇၇)ဦးရှိပြီး (၂)ဦးကတော့ ထိခိုက်ဒဏ်ရာတွေနဲ့အတူ သေဆုံးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီသင်္ဘောဟာ ဘရွတ်ကလင်းတံတားအောက်ကနေ ဖြတ်သန်းဖို့ကြိုးပမ်းစဉ်အချိန်အတွင်း ရွက်တိုင်တွေက တံတားနဲ့မလွတ်ဘဲ ဝင်တိုက်မိခဲ့ပြီးနောက် ယခုလိုသေဆုံးမှုတွေဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း ရေထဲကိုပြုတ်ကျခဲ့တဲ့သူမရှိကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ချက်ချင်း ပို့ဆောင်ခဲ့တယ်လို့ New York Post က ရေးသားဖော်ပြခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
