Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို



Pearl (NSS) - မေ ၁၈


ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့ (မေလ ၁၈ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ကျင်းပသော   ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းသည်။ 


ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့်  လက်ရှိတွင်  ရုံးခန်းပေါင်း (၁၂၀)ကျော်ဖွင့်လှစ်ထားပြီး ဖြစ်ပြီး ပါတီဝင်စုစုပေါင်း (၄)သိန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ 


“ ပါတီဝင်တွေကလည်း ၄သိန်းကျော်သွားပြီ ။ ပထမဆုံးက သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၀ ပြည့်မီအောင် ကြိုးစားတယ်လေ။ ပြည့်မှီတာက ပြီးခဲ့တဲ့ တစ်လ ကျော်လောက်က ပြည့်မီ တယ်။ အခုလည်း ထပ်ပြီးဖွင့်နေတယ်။ ဧရာဝတီဆိုရင် ၂၆ မြို့နယ်လုံးဖွင့်နိုင်တယ်။ ရန်ကုန်မှာ ၃၀ ကျော်ပြီ။ ဒီလကုန်ဆိုရင် ၃၅ မြို့နယ်လောက်ဖွင့်နိုင်မယ်။ ပဲခူးတိုင်းက ရှိတာက ၂၈ မြို့နယ်ပဲ။ ၂၇ မြို့နယ် ဖွင့်ပြီးပြီ။ ကျန် တစ်မြို့နယ်က တောင်ငူ၊ ထန်းတစ်ပင်တဲ့ သူတို့က မတင်ပေးဘူးတဲ့။ အဲဒါ ကြောင့်မလို့ကြန့်ကြာတာပေါ့နော်။ နေပြည်တော်ကတော့ ဘယ်သိမလဲ နောက်ကျတာကိုး။  သူတို့ ကော်မရှင် လိုင်းကတော့ နည်းနည်းလိုနေတယ်လေ။” ဟု ဦးစိုင်းအိုက်ပေါင်း ပြောသည်။ 



ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်များအတိုင်း ပြီးခဲ့သည့် တစ်လခန့်က ပြည့်မှီခဲ့သော်လည်း  ကော်မရှင်၏ အဆင့်ဆင့် စိစစ်မှုများကြောင့် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနက် သတ်မှတ်ရုံးခန်းအရေအတွက် ပြည့်မီ သည့် ပါတီများကို ထုတ်ပြန်ကြေငြာရာတွင် ကျားဖြူပါတီ မပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


“မြို့နယ်တွေကလည်း (၁၂၀)ကျော်ပြီ ဖွင့်ထားပြီးသား။ တကယ်တမ်းကျတော့ ကော်မရှင်က မရောက်သေးတော့လေ ကျွန်တော်တို့ ပြည့်စုံတဲ့ပါတီ မပါဘူး ဖြစ်နေတယ်။ တစ်နိုင်ငံလုံးပါတီက ၃ပါတီပဲရှိတယ်တဲ့။ ကျွန်တော်တို့ ကျားဖြူက မပါဘူးလားဆိုတော့ ကျွန်တော်တို့ တင်ထားတာ လွန်ခဲ့တဲ့ တစ်လ ကျော်လောက်က  ပါတီက ရုံးခန်းတွေ ၁၀၅ကျော်ဖွင့်ပြီးပြီ။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့ ကမြို့နယ်ကော်မရှင်၊ ခရိုင်ကော်မရှင် ပြီးတော့ မှ တိုင်းကော်မရှင်မှ နေပြည်တော်ဆိုပြီးတော့ အဆင့်ဆင့်ပေါ့။  ကြားထဲမှာ  ကြာနေလို့ဖြစ်မှာပါတဲ့၊ ကော်မရှင်ဘက်ကပဲ အဆင့်ဆင့် လုပ်ရတဲ့ အတွက်ကြောင့်မို့  နှောက်နှေးတာဖြစ်မှာပါ။ ပြည့်သွားမှာပါ” ဟု ဦးစိုင်းအိုက်ပေါင်း ကဆက်လက်ပြောသည်။ 


လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများအနက်  ပြည်ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)  ပါတီသာ သတ်မှတ်ရုံးခန်း ပြည့်မှီသေးကြောင်း  ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော

RELATED POSTS
RECENT POSTS
အစိုးရသစ် ရက်ပေါင်း (၁ဝဝ) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား နိုင်ငံတော်သမ္မတ ပြောကြား၊ ငြိမ်းချမ်းရေးအတွက် အတိအလင်းဖိတ်ခေါ်
20 Apr 2026
နိုင်ငံတော်သမ္မတပြောတဲ့ ရက် (၁၀၀) စီမံချက်၊ ဦးဝင်းမြင့်ရော ဆက်သွယ်မိသူတွေပါ အနေကြပ်သွားတဲ့ဖြစ်ရပ်၊ တရုတ်ရဲ့မြေရှားလုပ်ကွက် နိုင်ငံတော် မတို့ရက် မထိရက်၊ဟုမ္မလင်းက ဆီသင်္ဘာတွေ မီးလောင်တဲ့ကိစ္စ၊ MAI လေယာဥ်ကိုဝင်တိုက်မိတဲ့ MNA ရဲ့ဖြစ်ရပ် (၂၀-ဝ၄-၂၀၂၆)
20 Apr 2026
ယနေ့ ဧပြီလ (၂ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
20 Apr 2026
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် လက်နက်ကိုင် (၁၁) ဦး အလင်းဝင်
20 Apr 2026
နိုင်ငံတော်သမ္မတက ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ကို စောင့်ရှောက်ပေးရန် ရှမ်းဝန်ကြီးချုပ်ကို မှာကြား
20 Apr 2026
MNA လေယာဉ်ဘရိတ်ချို့ယွင်းကာ MAI လေယာဉ်အမြီးပိုင်းကို တိုက်မိသောဖြစ်စဉ် ရန်ကုန်တွင်ဖြစ်ပွား
20 Apr 2026
ရေနံအရောင်းအဝယ်အတွက် တရုတ် 'ယွမ်' ကို ပြောင်းသုံးမည်ဟု အမေရိကန်ကို UAE အစိုးရသတိပေး
20 Apr 2026
"သစ္စာဖောက်" ဟု စွပ်စွဲခံရခြင်းကို အီရန်လွှတ်တော်ဥက္ကဋ္ဌတုံ့ပြန်
20 Apr 2026
အာရှ ယူ-၁၇ အမျိုးသမီး ပြိုင်ပွဲအတွက်တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာယူ-၁၇ မျိုးသမီးအသင်း ဖိလစ်ပိုင်အသင်းနှင့် ခြေစမ်းပွဲ ကစားမည်
20 Apr 2026
ဂျပန်နှင့်တင်းမာမှုရှိနေချိန်တွင် တရုတ်စစ်တပ်က ပစိဖိတ်သမုဒ္ဒရာသို့ စစ်သင်္ဘာများ စေလွှတ်
20 Apr 2026
အမေရိကန်ရဲ့ဖိအားတွေကို အဆုံးအထိ ခုခံသွားမယ်လို့ အီရန်အစိုးရပြော
20 Apr 2026
အီရန်အလံတင်သင်္ဘောကို အမေရိကန်စစ်သင်္ဘောတစ်စီးက ကြားဖြတ်ဟန့်တား
20 Apr 2026
ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်သဖြင့် လမ်းလယ်ကျွန်း တိုက်မိကာ လူ (၂) ဦး ဒဏ်ရာ ရ
20 Apr 2026
နေပြည်တော်၌ ကျန်ရှိသည့် နွေစပါးစိုက်ဧကများအတွက် ဓာတ်မြေဩဇာလိုအပ်ချက်၏ (၃၀)ရာခိုင်နှုန်းကို ကနဦးရောင်းချပေးလျက်ရှိ
20 Apr 2026
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ထပ်မံစမ်းသပ်ပစ်လွှတ်
20 Apr 2026
ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ်များအတွင်းရှိ လေ‌ဘေးသင့်‌ဒေသခံများကို ကျပ်သိန်း (၉၀၀) ကျော် ထောက်ပံ့ပေးခဲ့
20 Apr 2026
အမေရိကန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်(၈)ဦးသေဆုံး
20 Apr 2026
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၏ ခရီးစဉ်အတွင်း နိုင်ငံအတွက် ရေနံနှင့်‌ ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းရန် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့
20 Apr 2026
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား (အပြန်လမ်း)ကို လာမည့် ဇွန်လတွင် အသုံးပြုနိုင်မည်
20 Apr 2026
စက်ချို့ယွင်းမှု ပြုပြင်ပြီးသဖြင့် ပတ်စ်ပို့စာအုပ်များ ပုံမှန် ဆောင်ရွက်ပေးနေကြောင်း ဂျပန်ဆိုင်ရာ မြန်မာသံရုံးအသိပေး
20 Apr 2026
FOLLOW US

Copyright © News Services Station | All Right Reserved