CDF Mindat က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလုပ်ဆောင်
သုတကျော် (NSS)မေ-၁၈
AA က ကျောထောက်နောက်ခံပြုထားသည့် ချင်းညီနောင်အဖွဲ့မှ CDF Mindat သည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သောအပြုအမူများကိုဆောင်ရွက်နေကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံ တစ်ဦးက NSS သို့ ပြောသည်။
မင်းတပ်တွင် အင်အားစုဖွဲ့ထားသည့် ယင်းလက်နက်ကိုင်အဖွဲ့အနေဖြင့် ၎င်းတို့၏ အမိန့် မနာခံဟု ယူထားသူများကို ပြစ်ဒဏ်ပေးရာတွင် လူမဆန်သောနည်းလမ်းများကိုပါ အသုံးချနေခြင်း ဖြစ်ကြောင်း အထက်ပါဒေသခံက ထပ်မံပြောကြားသည်။
“ဘယ်လိုလူမျိုးတွေကို အပြစ်ပေးလဲတော့ မသိဘူးပေါ့နော်။ သုံ့ပန်းလား အမိန့်မနာခံတဲ့ ဒေသခံ လားမသိဘူး။ သူတို့က ခြေတွေလက်တွေကို ဖြတ်ပစ်တယ်။ သေနတ်နဲ့ တစ်ခါတည်း ပစ် မသတ်ဘူး ပေါ့။ သွေးထွက်လွန်အောင်လုပ်တာလေ။ ပြီးတော့ တဖြည်းဖြည်း သေသွားအောင်သတ်တာ။ အဲဒီလိုမျိုး သတ်တာတောင် ရှိတယ်ဆိုတော့ တခြားလူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်တာတွေလည်း ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ(၉)ရက်က တပ်မတော်နှင့် ချင်းညီနောင်အဖွဲ့ဟုဆိုသော ချင်းလက်နက် ကိုင်အဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ (၂၁)ရက်တွင် မင်းတပ်မြို့ကို ချင်းလက်နက် ကိုင်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။
ယင်းနောက် မင်းတပ်တွင် CDF Mindat က သင်တန်းသားသစ်များကို သင်တန်းပေးနေပြီး မကြာမီတွင် သင်တန်းဆင်းတော့မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“တွီလီရွာနားမှာ စစ်သင်တန်းပေးနေတာလို့ သိရပါတယ်။ အင်အားက (၄၀ဝ)လောက်လို့ ထင် တယ်။ သူတို့က နောင်လာမယ့် (၁၀) ရက်ကျော်လောက်ဆို သင်တန်းဆင်းမယ်လို့ သိရပါတယ်” ဟု ၎င်း က ရှင်းပြသည်။
လက်ရှိ ချင်းပြည်နယ်တွင် CNF ဦးဆောင်သော လက်နက်ကိုင်အဖွဲ့ နှင့် AA က ကျောထောက် နောက်ခံပေးထားသည့် ချင်းညီနောင်ဆိုသော လက်နက်ကိုင်အဖွဲ့တို့ရှိနေရာ အထက်ပါ နှစ်ဖွဲ့ကြား ထောက်ခံသူလည်း ကွဲပြားနေသည့်အပြင် နှစ်ဖွဲ့ကြားတွင် မကျေလည်ခြင်းနှင့်အတူ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းများလည်း ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
