အင်းလေးဒေသရှိ ငလျင်ကြောင့်ပျက်စီးသွားသော စာသင်ကျောင်းများကို ကျောင်းဖွင့်အမီ တည်ဆောက်နေ
ချယ်ရီ(NSS)- ဧပြီ ၂၉
မန္တလေးငလျင်ကြီးကြောင့် အင်းလေးဒေသရှိ ပျက်စီးသွားသော စာသင်ကျောင်းများကို ကျောင်းဖွင့်အမီ တည်ဆောက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအင်းလေးဒေသရှိ စာသင်ကျောင်းများပြန်လည်တည်ဆောက်နေမှုများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာညွန့်ဖေက ယမန်နေ့ (ဧပြီလ ၂၈ ရက်)၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိသည်။
ပြည်ထောင်စုဝန်ကြီးက ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရှေ့ဝကြီးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ အိုင့်ထောင့်ကြီးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ ကေလာရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ ဇရပ်ကြီးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ ကြာတောရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ပေါက်ပါးရွာရှိ အခြေခံပညာမူလတန်းကျောင်းများ၏ ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်၊ စာသင်ဆောင်၊ အဆောက်အအုံများနှင့် လာမည့်ဇွန်လ၊ ကျောင်းဖွင့်အမီ ယာယီကျောင်းဆောင် တည်ဆောက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းဆောင်များ ပြုပြင်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်အရည်အသွေးများနှင့်ပြည့်မီရေး၊ နည်းစနစ်ကောင်းမွန်စွာ ဆောင်ရွက်ရေးအတွက် အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့်ပညာသင်ကာလအမီ ထိခိုက်ပျက်စီးမှုအခြေအနေကိုလိုက်၍ အသေးစား၊ အကြီးစားပြင်ဆင်ခြင်းနှင့် ပြန်လည်အသုံးမပြုနိုင် တော့သည့်အဆောက်အအုံကို ဖြိုချရှင်းလင်းပြီး အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင် တည်ဆောက်ပေးခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်နေကြောင်း ဒေါက်တာညွန့်ဖေက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်တပ်က အသုံးပြုတဲ့နေရာတွေအားလုံးကို ဆက်လက်ပစ်မှတ်ထားသွားမယ်လို့ ရုရှားအစိုးရ ပြော
RELATED POSTS
28 Mar 2026 | ပညာရေး,နိုင်ငံတကာ
28 Mar 2026 | ပညာရေး,ပြည်တွင်း
26 Mar 2026 | ပညာရေး,ပြည်တွင်း
