လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်

သန့်ဇင်(NP News)-ဧပြီ ၂၂
ရှမ်းပြည်နယ်၊ လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် လားရှိုးမြို့အတွင်းမှ MNDAAအဖွဲ့များပြန်လည်ဆုတ်ခွာသွားပြီးနောက် ရှေ့မြောက်တိုင်းစစ် ဌာနချုပ် အလံများ လွှင့်ထူထားသည့် တပ်မတော်ယာဉ်တန်းများသည် ယနေ့(ဧပြီ ၂၂ရက်)နံနက်ပိုင်းက စတင်ဝင်ရောက်လာခြင်းဖြစ် ကြောင်းသိရသည်။
“ကိုးကန့်ကဆုတ်သွားပြီပေါ့လေ။ အဲဒီတော့ မြို့တော်ခန်းမရှေ့မှာကြိုတဲ့သူတွေအများကြီးပဲ။ အဲဒီမှာတပ်ကရောက်တာ။ ကျွန်မတို့ လည်းသွားကြိုတယ်”ဟု လားရှိုးတွင်နေထိုင်သူအမျိုးသမီးတစ်ဦးက NP Newsကိုပြောသည်။
ထို့ပြင် လားရှိုးမြို့မှနေရပ်စွန့်ခွာသွားသူများအနက် အချို့မှာလည်း ယခင်ကထက် ပြန်လည်ဝင်ရောက်နေထိုင်မှုများပြားလာသည် ကိုတွေ့ မြင်လာရကြောင်းလည်း အခြားသောဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“လားရှိုးမြို့အနေအထားနဲ့ပတ်သက်ပြီးတော့ တည်ငြိမ်စပြုလာပြီးတော့ ကျွန်တော်တို့နေရပ်ပြန်တွေပြန်လည်ဝင်ရောက်လာတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုလို့တော့ မြင်မိပါတယ်ပေါ့။ လားရှိုးကစိတ်ချရပြီဆိုပေမယ့် တချို့နေရာတွေမှာ စစ်ဖြစ်လာမယ့်အရိပ်ယောင်တွေ တွေ့နေရတော့ အဲဒီဘက်ကဒေသခံတွေကလည်း လားရှိုးဘက်ကို စစ်ဘေးရှောင်လာတာတွေတွေ့နေရတယ်”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် လားရှိးမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ နစကနှင့် MNDAAအဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယမန်နေ့ (ဧပြီ ၂၁ရက်)တွင်မူ MNDAAက လားရှိုးမြို့အတွင်းရှိ ၎င်းတိုး၏ အထူးဒေသ (၁) အလံများကိုဖြုတ်သိမ်းသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
RELATED POSTS
20 May 2025 | နိုင်ငံရေး,ပြည်တွင်း
20 May 2025 | နိုင်ငံရေး,နိုင်ငံတကာ