Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု

Pearl (NSS)- မတ် ၁၉  

     ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန် အတွက် လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပသင့်ကြောင်း ရခိုင့် ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NSS မှတစ်ဆင့်အကြုံပြု ပြောကြားသည်။

    နစကမှ ကျင်းပပေးမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် လာရောက် မဲထည့်မည့်ပြည်သူများအားလုံးကို လုံခြုံ မှုရှိစေလိုပြီး အောင်မြင်ပြီးမြောက်သည့်ရွေးကောက် ပွဲတစ်ခုဖြစ်စေလိုကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသော်လည်း ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေရန် ကူညီပံ့ပိုးရမည့် အခြားအကြောင်း အရင်းများကိုလည်း ရှာဖွေသင့်ကြောင်း  ၎င်းက ပြောသည်။

    " ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေဖို့ အတွက် ကူညီပံ့ပိုးရမယ့်အကြောင်းအရင်းတွေ ရှာရ မှာ‌ပေါ့။  အကြောင်းရင်းတွေထဲမှာ ရွေးကောက်ပွဲကို ကာကွယ်စောက်ရှောက်တဲ့ ဥပဒေတွေလည်းရှိ ကောင်းရှိနိုင်တာပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့လုံခြုံမှု ကို ပေးတာမျိုးလည်းရှိရင်ရှိမှာပေါ့။ အန္တရာယ်ကင်း ကင်းနဲ့ ရွေးကောက်ပွဲကျင်းပနိုင်အောင် ခုနကပြောတဲ့ အစီအမံလေးတွေအပြင် အားလုံးပါဝင်နိုင်တဲ့ ဆွေး နွေးပွဲတစ်ခုဆိုရင် ပိုကောင်းမလားပေါ့။ အဲဒါကြောင့် လည်း ရွေးကောက်ပွဲမတိုင်ခင်မှာ လက်နက်ကိုင်နေ ကြတဲ့ပဋိပက္ခမှာပါတဲ့ ပုဂ္ဂိုလ်အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတစ်ခု၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ တစ်ခု လုပ်ရင်ပိုကောင်းမယ်ပေါ့။ ဒါမှလည်း ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်အောင် အထောက်အကူ အများကြီးပေးနိုင်မယ်ဆိုတဲ့ သဘောပေါ့။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲ မလုပ် ခင်လေးမှာ လက်နက်ကိုင်ပဋိပက္ခမှာပါတဲ့ ပုဂ္ဂိုလ်တွေ လာရောက်တွေ့ဆုံ ဆွေးနွေးမယ်။ လက်နက်ကိုင်ရတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းမယ်။ လမ်းစရှာမယ် ပေါ့။ အဲဒီလိုနဲ့ရွေးကောက်ပွဲကြီးကို ဖြတ်သန်းမယ်" ဟု ဒေါက်တာအေးမောင်က ပြောသည်။

    ရွေးကောက်ပွဲမတိုင်မီကာလ၌ ငြိမ်းချမ်း ရေးဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲ၏ လုံခြုံမှု၊ အားလုံးပါဝင်နိုင်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။"ရွေး ကောက်ပွဲကြီးအလွန်မှာ အေးချမ်း သွားအောင်၊ ငြိမ်းချမ်းသွားအောင် ဆောင်ရွက်တဲ့ လုပ်ငန်းမပြီးမြောက်သေးရင်လည်း ရွေးကောက်ပွဲအ လွန်မှာထပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းနိုင်အောင်၊ တစ် နည်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ရမယ့် Process ကတော့ ရွေးကောက်ပွဲမတိုင်ခင် အဲဒီလိုလုပ်ခြင်းအား ဖြင့် ရွေးကောက်ပွဲရဲ့လုံခြုံမှု၊ အားလုံးပါဝင်နိုင်မှုကို အထောက်အကူပေးနိုင်မယ်ဆိုတဲ့ သဘောပါ။ မပြီး မြောက်သေးရင်တောင်မှ ရွေးကောက်ပွဲကာလအလွန်လာမယ့်အစိုးရက ဆက်လက်ဆောင်ရွက်သင့် တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာဆွေးနွေးပြောဆိုကြရန် ကမ်းလှမ်းထားကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved