ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို

ယွန်း (NSS)- မတ် ၁၈
မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) မှ တာဝန်ရှိသူတစ်ဦးက NSS ကို အသိပေးပြောကြားသည်။
ယခုနောက်ပိုင်းကာလအတွင်း ဈေးကွက်အတွင်း၌ ဆေးဝါးပြတ်လပ်မှုများနှင့် ဆေးဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်နေရာ ရောဂါကြောင့်ဆေးကို စွဲသောက်နေရသော နာတာရှည် လူမမာများအနေဖြင့် ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း ၌လိုအပ်နေသည့် ဆေးဝါးများကိုတင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိကြောင်းသိရပြီး FDA အနေဖြင့်လည်း ဆေးဝါးများကို စိစစ်ကာထုတ်ပေးနေကြောင်း FDA Myanmar မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
"စီးပွားကူးသန်းရဲ့မူဝါဒ ဘယ်လိုရှိပြီးတော့ တင်သွင်းခွင့်ကိုပေးထားလဲဆိုတာတော့ သေချာမသိ ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီနိုင်ငံမှာလို တဲ့ဆေးတွေကိုတော့ တင်သွင်းခွင့်မပြုထားတာမရှိပါ ဘူး။ FDA ကတော့ ဘာမှချုပ်ကိုင်ထားတာမရှိဘူး။ ပုံမှန်အတိုင်းပဲ အချက်အလက်စုံမယ်၊ ဘေးအန္တရာယ် ကင်းတယ်ဆိုရင် ပုံမှန်အတိုင်းပဲသွားနေပါတယ်။ ကျွန်တော်တို့ဘက်ကနေ မသွင်းရတော့ဘူး၊ သွင်း ခွင့်မပေးတော့ဘူးဆိုတာ မရှိပါဘူး"ဟု အထက်ပါ တာဝန်ရှိသူက NSS ကို ပြောသည်။
သို့သော် ပြည်တွင်း၌ ဆေးဈေးကြီးမြင့်မှု များကြောင့် ပရဟိတအခမဲ့ဆေးခန်းများတွင် သွား ရောက်ကုသသူများလာခဲ့သည်။ ပြည်သူများအနေဖြင့် မိမိဝယ်ယူလိုသည့်ဆေးကိုမရသည့်အတွက် ဆေး ရှားလာသည်ဟု ပြောဆိုမှုများလာခဲ့ပြီး အမှန်တကယ်မှာ အဆိုပါဆေးနှင့် အမျိုးအစားတူ၊ အာနိသင် တူဆေးများ ဈေးကွက်အတွင်း၌ ပေါပေါများများရှိနေကြောင်း သိရသည်။
"ရှားတယ်ဆိုတာက ကိုယ်လိုချင်တဲ့ဆေး မရရင် ရှားတယ်လို့ပြောတာ။ အမှန်က အမျိုးအစားတူ၊ အာနိသင်တူဆေးတွေ အများကြီးပဲ ဒါတွေကို လက်ခံရမှာ။ နိုင်ငံတကာမှာလည်း Chemical Name ကိုပဲရေးတာ။ ကုမ္ပဏီနာမည်ကို ရေးတာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက ဝယ်တဲ့သူတွေက ရော၊ ရောင်းတဲ့သူတွေကရော၊ ဆရာဝန်တွေကရော ကုမ္ပဏီနာမည်ကို သုံးနေကြတယ်။ ဥပမာ- Amoxicillin 500 mg ဆိုရင် နာမည်တွေအများကြီး ရှိတယ်။ ဒါပေမဲ့ သူရဲ့ Chemical Name က Amoxicillin 500 mg ပဲ။ ဆေးရှားတယ်ဆိုတာ ကုမ္ပဏီနာမည်တွေရှားနေတာ။ မသွင်းခိုင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ မကိုက်လို့မသွင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ နာမည်ပြောင်းတာလည်းဖြစ်နိုင်တယ်။ အဲဒီနောက်ကိုလိုက်ရင်တော့ ဆေးရှားတယ်ဆိုတာ ဖြစ်နေမှာ"ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိကာလ၌ ကုန်ဈေးနှုန်းများ ဈေးကြီးမြင့်လာသည်နှင့်အတူ ဆေးဈေးကြီးမြင့်မှုများလည်းရှိနေရာ ဆေးရှားသည်ဟုဆိုကာ လိုက်လံဝယ်ယူမှုများကြောင့်လည်း မလိုလားအပ်သည့် ဈေးကြီးမြင့်မှုများလည်းရှိလာခဲ့ပြီး ပါရာစီတမောကဲ့သို့ အိမ်သုံးဆေးများပင်လည်း ငွေကျပ်(၂၀ဝဝ)နီးပါးဖြင့် ဝယ်ယူနေကြရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ