Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း၌ အမျိုးသမီးနှင့် ကလေးငယ်များကို AA က နည်းမျိုးစုံ ပစ်မှတ်ထား အသုံးပြုလာ

သုတကျော် (NSS) - နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း လူခန်းလာသော AA က အမျိုးသမီးနှင့် ကလေးငယ်များကို နည်းမျိုးစုံပစ်မှတ်ထား အသုံးပြုလာကြောင်း အဆို ပါ ဖြစ်စဉ်ကိုသိရှိသူ သတင်းရင်းမြစ်များထံ NSS က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ်တွင် တပ်မတော် ၏စခန်းများကို AA က စတင်တိုက်ခိုက်ကာ တစ်ကျော့ပြန် တိုက်ပွဲများပြန် လည်ဖြစ်ပွားပြီးနောက် လက်ရှိတွင် မောင်တောမြို့နယ်၊ တောင်ကုတ်မြို့ နယ် နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့တွင် AA က တိုက်ပွဲများ ဖော်ဆောင်နေသည်။ 


ပြီးခဲ့သည့်ကာလများက ဖော်ဆောင်ခဲ့သည့်တိုက်ပွဲများအတွင်း AA ဘက်တွင် သေဆုံးသူများပြားခဲ့သည့်အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုရရှိရေးအတွက် ဖော်ဆောင်နေသော အမ်းမြို့နယ်က တိုက်ပွဲများအပါ အဝင် ရခိုင်ပြည် နယ်တွင် ဖော်ဆောင်သော တိုက်ပွဲများအတွင်း သေဆုံးသူ ဆက်လက်များပြားနေခြင်းဖြစ်သည်။ ‘‘အမ်းမှာဆိုရင် ရပ်ကွက်ကြီး (၃)တို့ (၅) တို့က မရှောင်တဲ့သူတွေကို ဆန်လာပေးပါ၊ ဆီလာပေးပါ၊ ပိုက်ဆံလာပေးပါ တောင်းတယ်။ သွားတဲ့ လူတွေကိုလာပေးတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ စသည်ဖြင့် လာပို့တဲ့သူတွေကို ရိက္ခာလည်းယူတယ်။ နောက်ပြီးတော့ လူတွေကိုလည်း ပြန်မလွှတ်တော့ဘဲနဲ့ လက်ပူတိုက်ပြီးတော့ သေနတ်ပစ်တာသင်ပေးတယ်။ ထောက်ပို့ကို သွားတိုက်မယ်ဆိုပါစို့။ အဲဒီလူတွေကိုပါ ခေါ်သွားတယ်။ လူပါနေရမယ်။ သေနတ်သံထွက်နေရမယ်။ ဒါပဲ”ဟု အမ်းတိုက် ပွဲများအကြောင်းသိရှိသော တပ်မတော်နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

AA က ထိုသို့အသုံးပြုသည့်အတွက် အမျိုးသမီးအလောင်းများကိုလည်း တပ်မတော်ဘက်ကရရှိခဲ့ပြီး အဆိုပါအမျိုးသမီးများမှာ သေနတ်ပစ်ခြင်းကို လက်ပူတိုက်သင်၍ ရှေ့တန်းကို အတင်းအကျပ် စေလွှတ်ခံရသူ အမျိုးသမီးများဖြစ်ကြောင်း ၎င်းကဆိုသည်။ ရရှိသော အလောင်းများအတွင်း ကိုယ် ဝန်ဆောင် အမျိုးသမီးအလောင်းပင်ပါသည်ဟု ကြားသိရကြောင်း ၎င်းကသိရချက်ကို ကိုးကား၍ ပြန်လည်ပြောကြားသည်။ “ပဋိညာဉ်မှာလည်း ပိုလီယိုတို့ မသန်စွမ်းတို့ ဗိုက်ကြီးသည်တို့ဆိုတာ အသုံးမချ ရဘူးလို့ရှိပြီးသားလေ။ အဲဒါတွေကိုလည်း ဖောက်ဖျက်ပြီး သူတို့လူမျိုးကိုတောင်လုပ်နေတာ။ အဓိ ကတော့ ဂျနီဗာကွန် ဗန်းရှင်းကိုတောင် ဖောက်ဖျက်နေတာ။ ကျွန်တော်တို့စစ်သုံ့ပန်းကိုမိလို့ သတ်တယ်ဆိုတာကထားဦး။ သူ့လူမျိုး အချင်းချင်းကို ဖောက်ဖျက်နေတာ” ဟု ၎င်းကဆိုသည်။ 

ထို့ပြင် NSS ၏ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း အမ်းတိုက်ပွဲအတွင်း AA ဘက်က အမျိုးသမီးများကို အသုံးပြု တိုက်ခိုက်နေကြောင်း အတည်ပြုသည်။ “အမျိုးသမီး တွေကို သူတို့သုံးတယ်။ အလောင်းလည်းရတယ်” ဟု ၎င်းကဆိုသည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ပင် စစ်ရေးအတွေ့အကြုံရှိစေရန် AA ဘက်က အသက်မပြည့်သေး သူများကို ခေါ်လာခြင်းမျိုးရှိနေကြောင်းလည်း အထက်ပါစစ်ရေး သတင်းအရင်းမြစ်က အတည်ပြုပြောကြားသည်။ စစ်ပွဲကြောင့် သေဆုံးသွား သည့် အမျိုးသားများနေရာတွင် အစားထိုးရန်အတွက် AA တပ်ဖွဲ့ဝင်တစ်ဦးလျှင် အမျိုးသမီး (၄)ဦးအထိယူရန် စေခိုင်းခြင်းမျိုးလည်းရှိနေသည်သာမက အမျိုးသမီးငယ်များကိုဖမ်းဆီးကာ ၎င်းတို့တပ်ဖွဲ့ဝင်များကို လိင်ဆက်ဆံစေပြီး ကလေးယူစေသော ပုံစံကိုလည်း ပြုလုပ်လာကြောင်းနှင့် ပြန်ပင်မပြောရဲသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။ 

‘‘အရင်တုန်းကတော့ ဘင်္ဂါလီတွေက မိန်းမအများကြီးယူတယ်။ သားဖောက်နှုန်းမြင့်တာကို ရှုတ်ချပြီးတော့ ပြောခဲ့ဆိုခဲ့ပြီးတော့ အခုသူတို့က ဘင်္ဂါလီတွေလို လိုက်လုပ်တယ်။ ပြီးတော့ လည်လှီး တာတွေလည်းဘင်္ဂါလီနဲ့ တစ်ပုံစံတည်းလိုက်လုပ် တယ်”ဟု ၎င်းကဆိုသည်။ တိုက်ပွဲကာလများအတွင်းလည်း AA တပ် ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးသုံး တိုက်ခိုက်မှုများရှိကြောင်း ၎င်းကဆိုသည်။ ‘‘ဟိုတစ်ခါက ကံ့ကော်တစ်ထောင်တိုက်ပွဲမှာ တုန်းကဆိုရင် ပုဆိုးစလွယ်သိုင်းပြီးတော့ ပေါက် ပေါက်ဆုပ်တွေ ပစ်သလို လက်ပစ်ဗုံးကိုပစ်နေတာ။ လက်ပစ်ဗုံးနဲ့ပြန် ကောက်ထုမှ ဒီကောင်သေသွားတာ။ (ဆေးသုံးပြီး) ဇွန်ဘီကြီးကျနေတာပဲတဲ့” ဟု ၎င်းက ရှင်းပြသည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့လည်း AA အနေဖြင့် ကပ်နိုင်ခြင်းမရှိသေးဘဲ တပ်မတော်က အင်အားဖြည့် တင်းကာ အပြင်းအထန်ခုခံနေကြောင်း လည်းသိရသည်။ ‘‘အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဟိုတစ်လောက တစ်မိုင် ကုန်းပါသွားတယ်။ ပါတယ်ဆိုပေမယ့်လည်း သူ့ဘက်ကပေးဆပ်မှုများတယ်။ တစ်မိုင်ကုန်းဆိုရင် တိုင်းစစ်ဌာ နချုပ်ကိုစိုးမိုးထားတဲ့ ကုန်းကြီးပဲ။ တစ်မိုင်ကုန်းကြီးရပြီး ဒီကောင်တွေလည်း ကြီးကြီးကျယ်ကျယ် ဘာမှလုပ်လို့မရဘူး။ သို့သော် တစ်မိုင်ကုန်းကနေ တိုင်းရုံးထဲ စနိုက်ပါ ထောက်လို့ရတဲ့ အနေအထားတော့ရှိတယ်။ ခေါင်းမဖော် နိုင်အောင်လုပ်နိုင်တဲ့ အနေအထားမရှိဘူး။ တစ်မိုင်ကုန်းကိုလည်း ကျွန်တော်တို့ဘက်က လေယာဉ်နဲ့ချတော့ နေရင် သေပြီပဲ။ သေချင်တဲ့ကောင် တစ်မိုင်ကုန်း တက်ခဲ့ပေါ့ဗျာ။ ဒါကို တစ်မိုင်ကုန်းပါလို့ သိက္ခာဆယ်ပြောတာ မဟုတ်ဘူး အဖြစ်မှန်ကိုပြောတာ။ ဘာလို့ဆို တစ်ရက်တည်း လေယာဉ်နဲ့ တစ်မိုင် ကုန်းကို အကြိမ်ငါးဆယ်ကြဲတာလေ” ဟု ၎င်းက ဆိုသည်။ အမ်းမြို့နယ် အခြေစိုက် (၃၇၁) တပ်ရင်း ကျသွားပြီဟု ပြင်ပရောက်မီဒီယာများတွင် ရေးသား နေခြင်းမှာလည်း ရာနှုန်းပြည့်မှန်သောသတင်းမဟုတ် ကြောင်း ၎င်းကဆိုသည်။ 

“(၃၇၁)ရဲ့ တချို့နေရာတွေ ပါသွားတာပါ။ ပါသွားတဲ့အထဲမှာ ဗဟိုကင်းပါတယ်။ အဲဒီမှာ ရန်သူ လည်းရှိသလို မိမိလည်းရှိပါတယ်”ဟု ၎င်းကဆိုသည်။ အမ်းသို့ ထပ်မံစစ်ကူပေးမည့် ကားများမှာလည်း အမ်းသို့ရောက် လုနီးပါးဖြစ် နေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ လက်ရှိ တောင်ကုတ်မြို့ကို AA က ထိန်းချုပ်နိုင်သည့် အနေအထား ဖြစ်နေသော်လည်း တပ်မတော်၏တပ်ရင်း၊ တပ်ဖွဲ့ဝင်များက ဆက်လက်ခုခံတိုက်ခိုက်နေပြီး တပ်မတော်တပ်ရင်းများ လည်း စုစုစည်းစည်းရှိနေကြောင်း သိရသည်။ မောင်တောမြို့ရှိ နခခ(၅) ကိုလည်း ရန်သူကမ ကပ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။ “နခခ(၅)ကတော့ သေချာတာကတော့ ကြိုက်သလောက် ကပ်လာခဲ့။ ကပ်လာတဲ့ကောင် မှန်သမျှက တော့ သေမှာပဲ။ ကပ်တော့ကပ်လာတယ်။ တိုးလာတဲ့ ကောင်ကတော့သေမှာပဲ” ဟု ၎င်းက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုင်းကိုင်ရှိ SSPP တပ်စခန်း (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့ဟု ဆို

RELATED POSTS
RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved