Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)အဖွဲ့၏ လုပ်ငန်းများလုပ်ကိုင်ခြင်းကို အစ္စရေးလွှတ်တော် ပိတ်ပင်

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉

အစ္စရေးလွှတ်တော်သည် ပြီးခဲ့သောရက်ပိုင်းအတွင်း ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ရာ ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)ကို အစ္စရေးနှင့် အစ္စရေးထိန်းချုပ်ထားသည့် အရှေ့ဂျေရုဆလင်ဒေသအတွင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းကို သုံးလအတွင်း ရပ်နားရန်တားဆီးပိတ်ပင်လိုက်ကြောင်း သိရသည်။


အစ္စရေးလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အမေရိကန်အပါအဝင်အနောက်အုပ် စုနိုင်ငံများက ဝေဖန်ပြစ်တင်နေကြောင်းသိရသည်။ အစ္စရေးလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သော ဥပဒေထဲတွင် အစ္စရေးအစိုးရတာဝန်ရှိသူများနှင့် (Unrwa)အဖွဲ့တာဝန်ရှိသူများကြား ဆက်သွယ်ဆောင်ရွက်မှုများကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်းသိရသည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီသည် ဂါဇာဒေသနှင့် အစ္စရေးထိန်းချုပ်ထားသော အနောက်ဘက်ကမ်းခြေဒေသတွင် လုပ်ငန်းများလုပ်ကိုင်ခြင်းကို အကန့်သတ်ဖြင့်သာလုပ်ကိုင်ခွင့်ရမည်ဖြစ်ရာ ဂါဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်သူများအတွက် အခက်ခဲများစွာဖြစ်လာစေခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အစ္စရေးလွှတ်တော်က ဆုံးဖြတ်လိုက်သော ဥပဒေသည် ဒေသအတွင်း  လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် အစ္စရေး -ပါလက်စတိုင်း ဆုံးဖြတ်ချက်များကို ထိခိုက်နိုင်ဖွယ်ရှိနေကြောင်း ပြောသည်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သော မက်သရူးမီလ်လာက "ကုလသမဂ္ဂအေဂျင်စီအဖွဲ့ကို တားဆီးပိတ်ပင်မယ့် အစ္စရေးလွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကို ရပ်တန်ဖို့ အစ္စရေးအစိုးရကိုတိုက်တွန်းတောင်းဆိုသွားမယ်။ အဲဒီ ဥပဒေကိုအလုံးစုံခွင့်ပြုတာမျိုးမလုပ်ဖို့ အစ္စရေးကိုတိုက်တွန်းတောင်းဆိုထားပါတယ်"ဟု ပြောသည်။ အစ္စရေးအစိုးရက အဆိုပါကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)သည် အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်းပါဝင်ဆက်နွှယ်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လမ်းကြောင်းမှားယွင်းမောင်းနှင်တဲ့အတွက် မလေးရှားရေတပ်သင်္ဘောတစ်စီး နစ်မြုပ်
29 Oct 2024
အင်ဒိုနီးရှားက (၂၀၃၀)တွင် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ သန်းနှင့်ချီ ထုတ် လုပ်ရန်စီစဉ်နေ
29 Oct 2024
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ရဲ့ မဲဆွယ်ပေးမှုကြောင့် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် တစ်ကျော့ပြန် မြင်တွေ့ရဖွယ်ရှိနေသလား..??
29 Oct 2024
ရန်ကုန်မှဟဲဟိုးသို့ ကထိန်လာခင်းသော ဘုရားဖူးကား ချောက်ထဲပြုတ်ကျရာ (၇)ဦးသေ ဆုံးပြီး (၇)ဦးပြင်းထန်ဒဏ်ရာရ
29 Oct 2024
အိန္ဒိယဘုရားပွဲတော်တစ်ခုအတွင်း မီးရှူးမီးပန်းဖောက်မှုနဲ့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူရာချီထိခိုက်ဒဏ်ရာရရှိ
29 Oct 2024
အနန်းကွင်းဗျူဟာမှ စစ်သားများ လက်နက်ချခြင်းမရှိသည့်အပြင် Drop Bomb (၂၃ဝဝ) ကျော်သုံး၍ ရက်(၇ဝ)ကျော်တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ဟု ဆို
29 Oct 2024
မြောက်ကိုရီးယားက ရုရှားရဲ့အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ဆို
29 Oct 2024
ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်မှာ ၂၀၂၄ အတွက် ပထမဆုံးနှင်းကျခြင်း မရှိသေး
29 Oct 2024
ဖားကန့်ဆိုင်းတောင်တိုက်ပွဲ (သို့မဟုတ်) အကျိုးစီးပွားပွတ်တိုက်မှု မျက်လှည့်ရုပ်ရှင်တစ်ခု၏ အတွင်းရေးများ
29 Oct 2024
ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုကို အစွဲပြုပြီး ဟိမဝန္တာမြွေမျိုးစိတ်သစ်ကို အန်ဂိုင်ကူးလက်စ် ဒီကာပရီယိုလို့ နာမည်ပေး
29 Oct 2024
(၈)မိုင်လမ်းဆုံတွင် လမ်းဖြတ်ကူးသည့်အမျိုသမီး YBS တိုက်မိ၍ ထိခိုက်ဒဏ်ရာရ
29 Oct 2024
ရွှေတောင်မြို့နယ်တွင် ထွေ/အုပ်စာရေးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား
28 Oct 2024
အမေရိကန်နိုင်ငံသားများ၏ (၂၇)ရာခိုင်နှုန်းခန့်က ရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဟု ယုံကြည်နေ
28 Oct 2024
ကလေးမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်းမှ ငွေကျပ် သိန်း (၄၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
28 Oct 2024
အမ်းမြို့ နယ်အတွင်းရှိ ကိုရင်နှင့် ကျောင်းသား /သူများ အပါအဝင် (၁၀ဝ)ကျော် AA အဖွဲ့က ဖမ်းဆီးထား
28 Oct 2024
ထိုင်းနိုင်ငံက (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁)သန်းအထိ ထုတ်လုပ်ရန် စီစဉ်နေ
28 Oct 2024
မန္တလေးတွင် အမျိုးသားတစ်ဦး မယ်ဇလီဖူးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး
28 Oct 2024
လာမည့်နှစ် ဧပြီလအတွင်း (၅၀၀)ကေဗွီ လှိုင်သာယာဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်းပြည့် ပြီးစီးမည်ဟုဆို
28 Oct 2024
တရုတ်ကမ်းခြေစောင့်ရေယာဉ်ကို အင်ဒိုနီးရှားစစ်သင်္ဘော မောင်းထုတ်ခြင်း နှင့် ရေပြင်တင်းမာမှုများ
28 Oct 2024
"(၁၀၂၇)ကျူးကျော်စစ် တစ်နှစ်ပြည့်ခဲ့သော်လည်း တစ်မြို့မှပြန်မယူနိုင်ခြင်းသည် အဘယ် ကြောင့်နည်း..??"
28 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved