သီပေါမြို့နယ်တွင် MNDAA တပ်များက အခိုင်အမာ နေရာယူစပြုလာသော ကြောင့် TNLA နှင့် တင်းမာစပြုလာသည့်အပြင် UWSA နှင့်ပါ MNDAA ၏ ဆက်ဆံရေး အခြေအနေမကောင်း ဖြစ်လာ
သုတကျော် (NSS) - စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် MNDAA တပ်များက အခိုင်အမာနေရာယူစပြုလာသောကြောင့် TNLA နှင့် MNDAA အကြား တင်းမာစပြုလာသည့် အ ပြင် UWSA နှင့်ပါ MNDAA ၏ ဆက်ဆံရေး အခြေအနေမကောင်း ဖြစ်နေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူအချို့ထံ NSS က မေးမြန်းထားချက်အရ သိရသည်။
“သီပေါမြို့နယ်မှာဆိုရင် သီပေါကနေ နမ့်လန်အထိက MNDAA အပိုင်။ စ ခန်းချလိုက်တဲ့သဘောပါ။ သေချာကို ချက်ပြုတ်စားသောက်ပြီးတော့ ရှိတာ။ စခန်းကိုချလိုက်တဲ့ အနေအထားတွေ့လာရတယ်။ တင်းမာမှုကတော့ ရှိနေတယ်။ အသံမထွက်ဘူး။ အခုက 'ဝ' နဲ့ ကိုးကန့်နဲ့က ညှိနေကြတယ်။ 'ဝ' စစ်သားကို ပစ်သတ်လိုက်လို့လား မသိဘူး ပြဿနာတက်နေတယ်။ တနေ့ကလည်း အဲဒီလိုပဲ ထပ်ဖြစ်တယ်။ 'ဝ' နဲ့ သူတို့ငြိနေတယ်။ MNDAA အတွက်ကတော့ ဘေးကျပ်နံကျပ် ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
MNDAA နှင့် UWSA အကြား တင်းမာမှု အခြေအနေနှင့် ပတ်သက်၍ NSS က သီးသန့်အတည်ပြုချက် ထပ်မံရယူရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေးပြတ်တောက်မှု အခြေအနေကြောင့် စက်တင်ဘာ ၁၂ ရက်အထိ ထပ်မံအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိ သီပေါမြို့နယ်တွင် ယခုကဲ့သို့ MNDAA နှင့် TNLA နှစ်ဖွဲ့အတူ ရှိနေခြင်းက နောင်တစ်ချိန်တွင် နယ်မြေလုစစ်ပွဲအထိ ဖြစ်လာနိုင်ကြောင်း အ ခြားဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ “အခုကတော့ နယ်မြေလုတာက ပေါ်ပေါ်ထင်ထင် မဖြစ်သေးဘူး။ ဒါပေမဲ့ သီပေါမှာတော့ စပြီးတော့ တင်းမာ လာတယ်ပြောရမယ်။ MNDAA နဲ့ TNLA ကတော့ ချတော့ ချမှာပဲ။ ဘယ်နေ့ချမလဲဆိုတာကို ရင်တခုန်ခုန် စောင့်ကြည့်နေရတာပေါ့။ MNDAA အတွက်ကလည်း မလှုပ်မရှားသာ အခြေအနေဖြစ်နေတာပေါ့”ဟု ၎င်းက မြင်တွေ့ရသော အခြေအနေကို သုံးသပ်ပြောကြားသည်။
လက်ရှိ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်ပါအဖွဲ့သုံးဖွဲ့တွင် သေဆုံးသူများရှိနေကြောင်းလည်း ၎င်းကဆိုသည်။ “အခုကတော့ ဗုံကြဲရင် ဒီကောင်တွေ သေတာပဲ။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို သူတို့က မထုတ်ပြန်ဘူး။ ပြည်သူသေတယ်လို့ပဲ ပြောကြတာ။ တကယ်တော့ မဟုတ်ဘူးဗျ။ ဒီကောင်တွေ ထိတယ်။ ကျွန်တော်တို့ သတင်းတွေ ကြားရတာပဲလေ။ ပြီးတော့ သိနေတာပဲ။ တိတ်တဆိတ် သဂြိုဟ်တာမျိုးအထိ ရှိတယ်။ ဒါပေမဲ့ ဘယ်သူဆိုတာကို ကျွန်တော်က ပြောလိုက်ရင် ကျွန်တော့်လုံခြုံရေးအရလည်း လိုက်လာနိုင်တာမို့ မပြောသေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူခေတ် မင်းသားတစ်ပါး၏ ဝတ်စုံ နှင့် အဆင်တန်ဆာ များကို မူလပုံစံနှင့် အနီးစပ်ဆုံးတူစေရန် ချုပ်လုပ်ဖန်တီး
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ