စားအုန်းဆီ စာအုပ်ဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ် (၄၄)ခုတွင် စတင်ရောင်းချ
ပြည့်ဖြိုး (NSS) - စက်တင်ဘာ ၁၂
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၄၄)မြို့နယ်မှ ရပ်ကွက်/ကျေးရွာများတွင် စားသုံးဆီဝယ်ယူခွင့်ကို စာအုပ်ပြုလုပ်ပေး၍ ထုတ်ယူရက်သတ်မှတ်ကာ ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
စာအုပ်ဖြင့် စားသုံးဆီဝယ်ယူခွင့်ကို အချို့သော ရပ်ကွက်၊ ကျေးရွာများတွင် စတင်ဆောင်ရွက်နေပြီး အချို့ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ (၁ဝ)ရက်လျှင် တစ်ကြိမ်၊ တစ်ခါဝယ်ယူလျှင် တစ်ပိဿာနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်လ (၃)ပိဿာဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
“စားသုံးဆီ တင်သွင်းလာတဲ့ ကုမ္ပဏီတွေကနေပြီးတော့ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးကို လူဦးရေလိုအပ်ချက်အတိုင်း စားသုံးဆီတွေကို ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင်လည်း door to door စနစ်နဲ့ အိမ်အရောက်ဖြန့်ဖြူးရောင်းချတဲ့စနစ်ကိုလည်း စတင်လုပ်နေတယ်။ အခုက ထပ်ပြီးတော့ စားသုံးသူတွေလက်ဝယ်ကို အမှန်တကယ် ရောက်ရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်စုတွေအားလုံးရသွားအောင် ကျွန်တော်တို့ ဆီဝယ်ယူခွင့်စာအုပ်လေးတွေကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကတဆင့် ပြုလုပ်ပေးပြီးတော့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်မှုနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုစက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ယခင်ကဲ့သို့ အိမ်ထောင်စုစာရင်းပြ၍ ဝယ်ယူမှုကို ရပ်နားလိုက်ပြီး ဝယ်ယူခွင့်စာအုပ်ဖြင့်သာ ထုတ်ယူရမည်ဖြစ်သည်။
ဆီစာအုပ်များကို တဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်းများ လုံးဝမပြုလုပ်ရမည့်အပြင် အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ်တစ်အုပ်သာ ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပြီး စားသုံးဆီဝယ်ယူခြင်းကိုလည်း သတ်မှတ်ထားသည့် ရက်အလိုက်ဝယ်ယူရန်နှင့် စာအုပ်ပျက်စီးပျောက်ဆုံးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများထံသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။ စာအုပ်ပြုလုပ်ရာ၌ ဧည့်စာရင်းဖြင့်နေထိုင်သူဖြစ်ပါက ဧည့်စာရင်းစာရွက်မိတ္တူ၊ သန်းခေါင်းစာရင်းဖြင့် နေထိုင်သူဖြစ်ပါက သန်းခေါင်စာရင်းစာရွက်မိတ္တူ တို့ကို စာအုပ်၏ ပထမစာမျက်နှာတွင် တွဲချုပ်ပေးထားမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးမည်ဖြစ်သည်။
ဆီလာရောက် ထုတ်ယူချိန်၌ ထုတ်ယူသူအမည်၊ လာရောက်ထုတ်ယူချိန်နှင့် ဆီထုတ်ယူကြောင်းကို သက်ဆိုင်ရာမှ တံဆိပ်နှိပ်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြန်လည်ဝယ်ယူရမည့် ရက်စွဲ နှင့် လက်မှတ် စသည်တို့ကို ထုနှိပ်ပေးမှာ ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတစ်ဝန်း ရေဘေးသင့်ပြည်သူတွေ များပြားလာနေ၊ FEC သတင်းတုတွေ ထွက်လာပြန်၊ ဖိုးချစ် ရောင်းတဲ့ သဘင်ခြံ၊ သက်ငယ်မုဒိမ်းနဲ့အမှုပေါင်း(၁၅ဝဝ)ကျော် မဖြေရှင်းနိုင်တဲ့ NUG (၁၁-၉-၂ဝ၂၄)
RELATED POSTS
02 Oct 2024 | အထွေထွေ,ပြည်တွင်း
01 Oct 2024 | အထွေထွေ,နိုင်ငံတကာ