Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ရေးအရ နယ်မြေတချို့ကို လွှမ်းမိုးနိုင်သော်လည်း နိုင်ငံရေးအာဏာ အမှန်တကယ် ရ၊ မရ ဗိုလ်မှူးကြီးခွန်ဥက္ကာ မေးခွန်းထုတ်

မြူနစ် (NSS) - စက်တင်ဘာ ၁၂

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အနေဖြင့် စစ်ရေးအရ နယ်မြေတချို့ကို လွှမ်းမိုးထိန်းချုပ်နိုင်သော်လည်း နိုင်ငံရေးအာဏာ အမှန်တကယ်ရရှိခြင်း ရှိ၊ မရှိကို ဗိုလ်မှူးကြီးခွန်ဥက္ကာက မေးခွန်းထုတ်ထားသည်။


လက်ရှိတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော MNDAA၊ TNLA၊ AA နှင့် KIA အဖွဲ့တို့သည် တိုက်ပွဲများ ဖော်ဆောင်ကာ နယ်မြေတချို့ကို ထိန်းချုပ်နိုင်နေသည့်သဘောတွင် ရှိနေသည်။

ယင်းကဲ့သို့အခြေအနေများနှင့်ပတ်သက်၍ NSS က PNLO အဖွဲ့၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းကြည့်ရာ တွင် ၎င်းက လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြေပြင်ကို ထိန်းချုပ်ထားသော်လည်း အချုပ်အခြာအာဏာပိုင်သွားပြီဟု ပြောဆို၍ မရကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

“ကျွန်တော်တို့က မြေပြင်မှာ လက်တွေ့လုပ်နေပါတယ်။ မြေပြင်ကို အဲဒီလိုထိန်းချုပ်ထားတဲ့အတွက် အချုပ်အခြာအာဏာပိုင်သွားပြီလို့ ပြောလို့မရဘူး။ အချုပ်အခြာအာဏာပိုင်တယ်ဆိုတာက နိုင်ငံရေးစကားဖြစ်တယ်။ နိုင်ငံတကာအသိအမှတ်ပြုမှု၊ နိုင်ငံတကာနဲ့ ဒေသတွင်းပေါ့ဗျာ။ ဥပမာ-အာဆီယံလိုပေါ့။ ဒီလိုဒေသတွင်းအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂတွေ ဒီအဖွဲ့အစည်းတွေက အသိအမှတ်ပြုမှ အချုပ်အခြာ အာဏာပိုင်တဲ့ ထိန်းချုပ်မှုလို့ ပြောရမယ်။ စစ်ရေးအရ အကြောင်းကြောင်းကြောင့် နယ်မြေတချို့ကို လွှမ်းမိုးထိန်းချုပ်နိုင်ပေမယ့် နိုင်ငံရေးအာဏာ တကယ်ရ၊ မရဆိုတာ ကျွန်တော်တို့က နောက်ထပ်မေးခွန်းတစ်ခုပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် နယ်မြေတချို့အား လက်လွှတ်လိုက်ရသည့်အခြေအနေမျိုး ရှိကောင်းရှိနေနိုင်သော်လည်း အချုပ်အခြာအာဏာကို ၎င်းတို့ကသာ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း PNLO ဦးဆောင်နာယကက ဆိုသည်။

“အဲဒီတော့ ကျွန်တော်တို့က နယ်မြေထိန်းချုပ်တာနဲ့ တရားဝင်မှုနဲ့က နည်းနည်းလေးကွာသေးတယ်ဆိုတာ ပြောပြချင်ပါတယ်။ နယ်မြေဆုံးရှုံးတာတော့ ဖြစ်ကောင်းဖြစ်မယ်။ လက်ရှိကတော့ အချုပ်အခြာအာဏာကို သုံးနေတာကတော့ လက်ရှိ SAC ပဲ ဖြစ်နေသေးတယ်။ အဲဒါကတော့ စဉ်းစားစရာဖြစ်တာပေါ့”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများကို နစကအစိုးရ၏ မြို့တချို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ထို့ပြင် ၎င်း(၃)ဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ထပ်မံဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကာလတွင်လည်း လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ လားရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။၎င်းကဲ့သို့ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များကို နစက၏ တပ်မတော်ဘက်ကလည်း လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်မှုများရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အွန်လိုင်း လိမ်လည်သူများသည် ဆင်းရဲသူများ နှင့် လူလတ်တန်းစားများကို ပစ်မှတ်ထားနေပြီး လိမ်နည်း လေးမျိုးထက် မနည်းကို အဖန်တလဲလဲ အသုံးပြုနေ

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved