ဦးအောင်ကြည်ညွန့်၏ သမီးနှင့် သားမက်က ယင်းမာပင် PDF ၏ အလှူငွေများကို လိမ်လည်
သုတကျော် (NSS) - စက်တင်ဘာ ၁ဝ
လက်နက်ဝယ်ပေးမည်ဆိုပြီး စင်ကာပူ ဒေါ်လာငါးသောင်းကျော်ကို CRPH ဦးအောင်ကြည် ညွန့်၏သမီးနှင့် သားမက်က လိမ်လည်ယူဆောင် သွားခဲ့သောကြောင့် အဆိုပါငွေနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ဂျပန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်သူကို လွှဲအပ်ထားကြောင်း ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိက ထုတ်ပြန်ထားသည်။ ဗိုလ်သံမဏိ၏ လက်ထောက်အဖြစ် ယခင်က ပြောခဲ့ကြသော ဦးအောင်မြတ်သူနှင့် ဒေါ်ရည်မွန်သန့်တို့က စင်ကာ ပူဒေါ်လာ (၅၀၇၆၆.၂၈)ကို လိမ်လည် သွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်သံမဏိသည်ပင် ၎င်း၏အဖွဲ့က ကျူးလွန်ခဲ့သော လူသတ်မှုများအတွက် စွပ်စွဲခံရဖူးသူ ဖြစ်ပြီး စစ်ကိုင်း ဒေသကြီး၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် ၎င်း၏အဖွဲ့ဝင်များက လူ(၂၀)ကျော်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။
ထုတ်ပြန်ချက်၌ (၂၀၂၁) ခုနှစ် ဩဂုတ်လတွင် ယင်းမာပင် PDF အတွက် လက်နက်ဝယ်ယူရန် ဦးအောင် ကြည်ညွန့်၏ သမီးနှင့် သားမက်တို့ကို တာဝန်ပေးဆောင်ရွက်စေခဲ့ ကြောင်း၊ သို့သော် (၂၀၂၄)ခုနှစ် ဩဂုတ်လကုန် အထိ (၃)နှစ်တာကာလအတွင်း မည်သည့် လက်နက်မျှ ရောက်လာခြင်းမရှိဟု ဖော်ပြထားသည်။
လိမ်လည်သွားသူများနှင့် ဆက်စပ်သူများကို ဖော်ထုတ်အရေးယူရန်အတွက် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ တွင် နေထိုင်သော မြန်မာ့အရေးကူညီသူ ဦးအောင်မြတ်ဝင်းအား အမှုမှန်ပေါ်ပေါက်ရေးအတွက် စိစစ်အရေးယူဆောင် ရွက်နိုင်ရန် တာဝန်ပေး လွှဲအပ်သည်ဟုလည်း စာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ကာလများက တော်လှန်ရေးအတွက် ဆောင်ရွက်သည်ဟုဆိုသော ပြည်ပရောက် NUG ထိပ်ပိုင်း ပုဂ္ဂိုလ်အများအပြားသည် အမေရိကန်တွင် အိမ်ဝယ်ယူ နေထိုင်ကြကြောင်း သတင်းများ ဆက်တိုက်ထွက်ခဲ့ရာ ထိုသို့ နာမည်ထွက်သူများထဲတွင် ဦးအောင်ကြည်ညွန့်၊ ဦးကျော်ထွေး၊ ဦးရည်မွန်၏သမီးတို့လည်းရှေ့ဆုံးက ပါဝင်ခဲ့သော်လည်း ကာယကံရှင်များက ငြင်းဆိုခြင်း မပြုခဲ့ကြပေ။
ဦးအောင်ကြည်ညွန့်က အမေရိကန်၌ အိမ်ဝယ်ရာတွင် ၎င်း၏နာမည်ကို မသုံးကြောင်း သိရကာ မြန်မာနိုင်ငံတွင် နေစဉ်က ငွေကြေးစုမိဆောင်း မိရှိသည်ဆိုရုံဖြင့်ပင် အမေရိကန်တွင် အိမ်မဝယ်နိုင်ကြောင်း ထောက်ပြဝေဖန်မှုများ လည်း ရှိနေသည်။
‘ပြည်သူတွေကို ညာနေကြတာ။ အတွေ့အကြုံမရှိတဲ့ ပြည်သူကို ထွက်ပြေးသွားတဲ့ ကိုယ်စားလှယ်တွေ အကုန်လုံးက ညာနေကြတာ။ ညာလည်းညာတယ်။ ဟိုဘက်ရောက်ရင် ကိုယ့်ရဲ့နေထိုင်မှုအတွက် ရရင်ရသလိုရတဲ့ ဟာကို ယူကြတာပဲ။ ကိုယ့်ရဲ့နေထိုင်မှုအတွက်က ကိုယ့်ကိုဘယ်သူမှ ကျွေးထားတာမဟုတ်တဲ့အတွက် အဲဒါကို အရင်လုပ်တာ။ ပြည်သူအတွက်တို့ တော်လှန်ရေးအတွက် တို့ဆိုတာ လိမ်တာပါ’ဟု NUG ခေါင်းဆောင်များ၏ အကြောင်းကို အတွင်းကျကျသိသူတစ်ဦးက NP News ကို ပြောသည်။
PDF များထံ ထောက်ခံသူတို့က လှူဒါန်းခဲ့သော ငွေကြေးများကို ခိုးယူလိမ်လည်ခဲ့မှုနှင့်ပတ်သက်၍ သုံးနှစ်ကျော်လာခဲ့ သည့်တိုင် ဦးအောင်ကြည်ညွန့်ဘက်က မည်သည့် တာဝန်ခံမှုမှမရှိဘဲ မျက်နှာပြောင်တိုက်နေဆဲ ဖြစ်သည်။ အလားတူပင် CRPH မှ ဒေါ်ဖြူဖြူသင်းကလည်း ဒေါ်လာ(၉) သိန်းကို လိမ်လည်သွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သွားမည်ဟု နယ်သာလန်အစိုးရ ပြော
RELATED POSTS
03 Oct 2024 | မှုခင်း,ပြည်တွင်း