Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ပံ့ပိုးပေးမည်

ယွန်း (NSS) - သြဂုတ် ၁၅

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သြဂုတ်လ (၁၄) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီ   စဥ်ထားကြောင်း သိရသည်။

ထို့ပြင် ဗဟိုဘဏ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း နှင့် တရုတ်ယွမ် ၅ သန်း တိုကို ရောင်းချပေးခဲ့သည်။ 

ထို့ပြင် စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဝင်ရောက်ရန် ဆောင်ရွက်ထားခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း ဩဂုတ်လ ၁ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။

“လောလောဆယ်မှာတော့ ပြည်သူတွေကို စက်သုံးဆီအလုံအလောက်ရှိပါတယ်၊ စက်သုံးဆီမပြတ်ပါဘူးဆိုတာမျိုးကို အသိပေးလိုက်တဲ့သဘောပေါ့။ စက်သုံးဆီဝယ်ဖို့ လုံလုံလောက်လောက် ပိုက်ဆံရှိတယ်၊ ပေးမယ်၊ ပူစရာမလိုဘူးဆိုတာမျိုးကို ပြောလိုက်တာပေါ့။ အခုက လူတွေက စိုးရိမ်စိတ်တွေနဲ့ တစ်နေ့ထက်တစ်နေ့ တန်းစီဝယ်တဲ့သူက များများလာတယ်။ ဒီနေ့ဆိုပိုများမယ်။ ရှေ့ကဝယ်တဲ့သူကလည်း နှစ်ရက်သုံးရက်သုံးလိုက်ရင် ကုန်သွားတော့ ပြန်တန်းစီကြတယ်။ ဒီလိုမျိုးနဲ့ တန်းစီတဲ့ပမာဏက များလာတာပေါ့” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကိုသုံးသပ်ပြောဆို ထားသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိအခြားမြို့များ၌ စက်သုံးဆီဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချနေရသည့်အတွက် ဒေသခံများမှာ အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသည့်အတွက် အခက်အခဲများစွာဖြစ်ပေါ်နေသည့်အပြင် ဈေးနှုန်းမြင့်တက်မှုများကိုလည်း ကြုံတွေ့နေရလျက်ရှိသည်။

ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် စက်သုံးဆီလုံ‌လောက်စွာမရှိသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနေရပြီး ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူမှုများလည်း ရှိနေသည်။

“ဓာတ်ဆီတွေဝယ်လို့မရလို့ တန်းစီစောင့်နေရတာ။ အဘဆို မနက်(၄)နာရီထဲက စောင့်နေတာ အခုဆို ၁၂ နာရီတောင်ထိုးတော့မယ် မရသေးဘူး။ အဘရှေ့က ကားတွေဆိုရင် မနက် (၂)နာရီ (၃)နာရီလောက်ထဲက စောင့်နေကြမယ်ထင်တယ်။ ရာသီဥတုကလည်း အရမ်းပူတယ်။ ဆီကလည်းမရသေးဘူး” ဟု သက်ကြီးပိုင်းအရွယ် တက္ကစီမောင်းနှင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

ယနေ့ သြဂုတ်လ (၁၅)ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက 92 တစ်လီတာလျှင် ၂၇၅၀ ကျပ်နှင့် 95 တစ်လီတာလျှင် ၂၈၉၀ ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက် ၌ ဓာတ်ဆီတစ်လီတာလျှင် ၇ဝဝဝ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ပြတ်လပ်မှုဖြစ်ပေါ်နေသည်ဆိုသည့်သတင်းများ မကြာခဏဆိုသကဲ့သို့ ထွက်ပေါ်ခဲ့ ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

RECENT POSTS
ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၇)ဦးအထိရှိလာပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ
12 Sep 2024
တောင်ဒဂုံတွင် ရပ်ထားသော(၁၂)ဘီးယာဉ်ကို တက္ကစီက မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်မှုဖြစ်ပွား
12 Sep 2024
ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များပေးပို့ကူညီတာမျိုးမရှိဟု အီရန်အစိုးရပြော
12 Sep 2024
ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၀)ဦးထိရှိပြီး (၅၀၀၀၀)ကျော် ရေဘေးသင့်
12 Sep 2024
အိန္ဒိယ မဏိပူရပြည်နယ်တွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွား လူမျိုးစုသူ ပုန်တို့က ဒရုန်းနှင့် ခေတ်မီမောင်းပြန်သေနတ်များအသုံးပြု
12 Sep 2024
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူခေတ် မင်းသားတစ်ပါး၏ ဝတ်စုံ နှင့် အဆင်တန်ဆာ များကို မူလပုံစံနှင့် အနီးစပ်ဆုံးတူစေရန် ချုပ်လုပ်ဖန်တီး
12 Sep 2024
သီပေါမြို့နယ်တွင် MNDAA တပ်များက အခိုင်အမာ နေရာယူစပြုလာသော ကြောင့် TNLA နှင့် တင်းမာစပြုလာသည့်အပြင် UWSA နှင့်ပါ MNDAA ၏ ဆက်ဆံရေး အခြေအနေမကောင်း ဖြစ်လာ
12 Sep 2024
တပ်ကုန်းမြို့နယ်တစ်ခုတည်းပင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၄)ဦးအထိရှိနေပြီး ပျောက်ဆုံးနေသူများလည်းရှိနေ
12 Sep 2024
နိုင်ငံတစ်ဝန်း ရေဘေးသင့်ပြည်သူတွေ များပြားလာနေ၊ FEC သတင်းတုတွေ ထွက်လာပြန်၊ ဖိုးချစ် ရောင်းတဲ့ သဘင်ခြံ၊ သက်ငယ်မုဒိမ်းနဲ့အမှုပေါင်း(၁၅ဝဝ)ကျော် မဖြေရှင်းနိုင်တဲ့ NUG (၁၁-၉-၂ဝ၂၄)
12 Sep 2024
စားအုန်းဆီ စာအုပ်ဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ် (၄၄)ခုတွင် စတင်ရောင်းချ
12 Sep 2024
TNLA အကျအဆုံးများနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေ
12 Sep 2024
အွန်လိုင်း လိမ်လည်သူများသည် ဆင်းရဲသူများ နှင့် လူလတ်တန်းစားများကို ပစ်မှတ်ထားနေပြီး လိမ်နည်း လေးမျိုးထက် မနည်းကို အဖန်တလဲလဲ အသုံးပြုနေ
12 Sep 2024
စစ်ရေးအရ နယ်မြေတချို့ကို လွှမ်းမိုးနိုင်သော်လည်း နိုင်ငံရေးအာဏာ အမှန်တကယ် ရ၊ မရ ဗိုလ်မှူးကြီးခွန်ဥက္ကာ မေးခွန်းထုတ်
12 Sep 2024
နေပြည်တော်၌ အကောင်အထည်ဖော်မည့် ဝါးအထူးစံပြဇုန် ဖြစ်ပေါ်လာပါက ဝါးလက်မှုပစ္စည်းများကို နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်သည် အထိ ကြိုးပမ်းမည်
12 Sep 2024
နေပြည်တော်၌ အကောင်အထည်ဖော်မည့် ဝါးအထူးစံပြဇုန် ဖြစ်ပေါ်လာပါက ဝါးလက်မှုပစ္စည်းများကို နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်သည် အထိ ကြိုးပမ်းမည်
12 Sep 2024
နျူကလီးယားလက်နက်အရေအတွက်ကို တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းပြော
10 Sep 2024
အမေရိကန်နဲ့တရုတ်တို့ရဲ့ ထိပ်တန်းစစ်ဘက်အရာရှိတွေကြား ပထမဆုံးအကြိမ် video call ခေါ်ဆိုမှုပြုလုပ်
10 Sep 2024
ရွှေကုက္ကိုလ် ဒေသတွင် နာမည်ကြီး ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ အပြီးတိုင် ဖျက်သိမ်းမည်ဟု ကြေညာ
10 Sep 2024
ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သွားမည်ဟု နယ်သာလန်အစိုးရ ပြော
10 Sep 2024
ဦးအောင်ကြည်ညွန့်၏ သမီးနှင့် သားမက်က ယင်းမာပင် PDF ၏ အလှူငွေများကို လိမ်လည်
10 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved