အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီရခြင်းကြောင့် အမျိုးသားတစ်ဦး ရုတ်တရက်မူးလဲကျသည့်ဖြစ်စဉ် ပြည်မြို့၌ ဖြစ်ပွား

သန့်ဇင် (NSS) - ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီရခြင်းကြောင့် အမျိုးသားတစ်ဦး ရုတ်တရက်မူးလဲကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီထံမှ သိရသည်။
အဆိုပါအမျိုးသားမှာ ယမန်နေ့(ဩဂုတ်လ ၁၄ ရက်)၊ နံနက် ၁၀နာရီအချိန်ခန့်က ပြည်မြို့၊ နဝဒေးလမ်း၊ PT Power ဆီဆိုင်အနီးတွင် စက်သုံးစီတန်းစီနေစဉ် ရုတ်တရက်မူးလဲကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က မနက်ပိုင်းမှာဖြစ်တာပါ။ PT Power ဆီဆိုင်မှာ ဆိုင်ကယ်နဲ့တစ်နာရီလောက် ဆီတန်းစီရင်းနဲ့ မူးလဲတာ။ အဲဒီကလေးက ကိုယ်ခံ အားမ ကောင်းလို့ အရင်နေ့ညတည်းက ဆေးသောက်ထားရတယ်။ အဲဒါနဲ့ မနက်ပိုင်းဆီတန်းစီတော့ ကိုယ်ခံအားနည်းပြီးမူးလဲသွားတာ။ ခဏလေးပါပဲ။ ကျွန်တော်တို့ ရောက်တော့ သက်သာသွားပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီမှ တာဝန် ရှိသူတစ်ဦးက NSS ကို ပြောသည်။
ပြည်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ စက်သုံးဆီဝယ်ယူရာ၌ အကန့်အသက်ရှိသည့်အတွက် ဒေသခံများမှာ နီးစပ်ရာစက်သုံးဆီ ဆိုင်များတွင် တန်းစီတိုးဝှေ့ဝယ်ယူနေရကြောင်း သိရသည်။ “အရင်နေ့ကလည်း တန်းစီဝယ်နေရတယ်။ ဒီနေ့တော့ ဝယ်လို့မရသေးဘူးကြားတယ်။ မနက်ဖြန်တော့ ရမယ်လို့ပြောတာပဲ။ အပြင်ဆိုင်တွေမှာတော့ 92 တစ်လီတာကို ကျပ်၂၈၀၀ ကနေ ၃၃၀၀ ထိပေးဝယ်ရတယ်”ဟု ပြည်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိအခြားမြို့များ၌ စက်သုံးဆီဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချနေရသည့်အတွက် ဒေသခံများမှာ အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသည့်အတွက် အခက်အခဲများစွာဖြစ်ပေါ် နေကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ ပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် ကျင်းပခဲ့
RELATED POSTS
14 Jul 2025 | မှုခင်း,ပြည်တွင်း
14 Jul 2025 | မှုခင်း,ပြည်တွင်း
14 Jul 2025 | မှုခင်း