ခြံအမှတ် (၅၄)နေအိမ်ကို စျေးနှုန်းသစ် ပြင်ဆင်သတ်မှတ်ကာ ဒုတိယအကြိမ် လေလံတင်ရောင်းသော်လည်း ဝယ်သူမရှိပဲ ပြီးဆုံး
NSS - သြဂုတ် ၁၅
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ ခြံအမှတ် (၅၄)နေအိမ်ကို စျေးနှုန်းသစ်ပြင်ဆင်သတ်မှတ်ကာ ယနေ့ (သြဂုတ်လ ၁၅ ရက်) တွင် ဒုတိယအကြိမ် လေလံတင် ရောင်းသော်လည်း ဝယ်သူမရှိပဲပြီးဆုံးသွားခဲ့သည်။
ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက် နှင့် မြေပေါ်ရှိ အဆောက်အအုံများအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်အား လေလံတင် ရောင်းချခြင်းကို ခြံရှေ့တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး "ဝယ်ယူမယ့်သူ ရှိပါသလား"ဟု လေလံစည်းကမ်းအရ သုံးကြိမ်တိုင်တိုင် မေးခဲ့သော်လည်း ဝယ်သူမရှိခဲ့ပေ။
ပထမ အကြိမ်အဖြစ် မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလျံဖြင့် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမည့်သူ မရှိပဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဦးအောင်ဆန်းဦးဘက်က ငွေကျပ် ၂၈၅ ဘီလျံ အဖြစ် ပြင်ဆင်သတ်မှတ်ပေးရန်တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဘက်က ကန့်ကွက်ခဲ့ကာ ကမာရွတ်ခရိုင် တရားရုံးက ကျပ် ၃၀၀ ဘီလျံ ဖြင့်လေလံတင် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဝေးပြေးအတွက် EV ဘတ်စကားအသစ်များ ထပ်မံတင်သွင်းခွင့်ပြု
RELATED POSTS
12 Sep 2024 | အထွေထွေ,ပြည်တွင်း
12 Sep 2024 | အထွေထွေ,ပြည်တွင်း
12 Sep 2024 | အထွေထွေ,ပြည်တွင်း
12 Sep 2024 | အထွေထွေ,ပြည်တွင်း