Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမျိုးသမီးများအိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး(crushed family)

ဒေါက်တာလွင်သန့် (NSS) - ဩဂုတ် ၁၅

      အိမ်ထောင်ရေးမှာရက်စက်မှုဆိုတာ အိမ်ထောင်ရေးပြစ်မှုဖြစ်ပါတယ်။ရက်စက်မှုဆိုတာ ကိုယ်ဆင်းရဲခြင်းသာမက၊ စိတ်ဆင်းရဲခြင်းလည်းပါပါတယ်။ စိတ်ဒုက္ခရမှုတွေဟာ ကိုယ်ထိလက်ရောက်ရိုက်နှက်တာထက်ပိုပြီးဆိုးဝါးလှပါတယ်၊ ကိုယ်ခန္ဓာ၊ ကျန်းမာရေး၊ အသက်အန္တရာယ်ကို ထိခိုက်စေတာဟာ ရက်စက်မှုများဖြစ်တယ်။ လင်နဲ့မယား၊ လျှာနဲ့သွားဆိုသလိုတစ်ခါတစ်ရံဇနီးဖြစ်သူကို ရိုက်နှက်ဆုံးမခြင်းမျိုးကို ရက်စက်မှုလို့မခေါ်ပါဘူး။ လက်ဖွဲ့ငွေက ဆယ်သိန်းကျော်ကျော်၊ လင်ယောကျာ်းက မယားကိုအသိမပေးဘဲ သုံးပစ်လိုက်တာမျိုး၊ မယားဖြစ်သူက စိတ်ဒုက္ခရောက်စေတဲ့ကြီးမားတဲ့ရက်စက်မှုဖြစ်တယ်။ မယားဖြစ်သူကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန်ခြင်းမျိုးက ရက်စက်မှုပဲဖြစ်တယ်။ လင်ဖြစ်သူက ရက်စက်မှုတစ်ကြိမ်ကျူးလွန်ရင်ပင် ကွာရှင်းခွင့်တောင်းနိုင်ပါတယ်။အမျိုးသမီးအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ စုပေါင်းဆောင်ရွက်သင့်ပါတယ်။

       အမျိုးသမီးအပေါ်အကြမ်းဖက်မှုအမျိုးအစားနှစ်မျိုးမှာ အိမ်တွင်းမိသားစုအကြမ်းဖက်မှုနဲ့ လိင်ပိုင်း‌ဆိုင်ရာစော်ကာမှုပဲဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် လိင်ပိုင်းဆိုင်ရာနဲ့ငွေကြေးဆိုင်ရာအလွဲသုံးစားမှုများပါဝင်ပါတယ်။ အမျိုးသမီးအပေါ်အကြမ်းဖက်မှုဝေါဟာရကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်းမှာ "အမျိုးသမီးများကိုခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း (သို့မဟုတ်) လွတ်လပ်ခွင့်များ မတရာ‌ဆုံးရှုံးခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ(သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာထိခိုက်ဖွယ်ရှိတဲ့(သို့မဟုတ်)ဖြစ်ပေါ်လာနိုင်တဲ့ ကျားမကွဲပြားမှုကို အရင်းခံတဲ့အကြမ်းဖက်မှုကို ဆိုသည်"လို့ဖော်ပြပါရှိပါတယ်။

         အိမ်တွင်းအကြမ်းဖက်မှုအဓိကအချက်များရှိပါတယ်။အိမ်တွင်းအကြမ်းဖက်မှုရဲ့အဓိကအချက်များမှာရင်းနှီးတဲ့ဆက်ဆံရေးရှိသူများ(သို့)ရှိဖူးသူများကြားမှာဖြစ်ပွါးတဲ့အကြမ်းဖက်မှုများအကြောက်တရားများနဲ့လက်တွဲဖော်ကိုထိန်းချုပ်ဖို့ရည်ရွယ်တဲ့အပြုအမှုများပါဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုရာမှာ ပါးရိုက်ခြင်း၊ တွန်းထိုးခြင်း၊ တစ်စုံတစ်ခုနဲ့ထိခိုက်စေခြင်း၊ ဖိထားခြင်း၊ တစ်စုံတစ်ခုနဲ့ထိခိုက်စေခြင်း၊ လက်သီးနဲ့ထိုးခြင်း၊ လှေကားပေါ်မှတွန်းချခြင်း၊ ကန်ကျောက်ခြင်း၊ လက်ကိုလိမ်ခြင်း၊လည်ပင်းညှစ်ခြင်း၊ မီးလောင်ဒဏ်ရာရစေခြင်း၊ အရိုးကွဲအောင်ရိုက်ခြင်းနဲ့အခြားထိခိုက်ဒဏ်ရာပါဝင်တယ်။

      စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာ ငွေကြေးထိန်းချုပ်မှု၊ မိသားစု၊အပေါင်းအသင်း၊ မိတ်ဆွေများနဲ့ကင်းကွာခြင်း၊ အထီးကျန်စေခြင်း၊ စဉ်ဆက်မပြတ်အရှက်ရစေခြင်း၊ ကလေးများကို ခြိမ်းခြောက်ခြင်း (သို့မဟုတ်) ဒဏ်ရာရရှိစေဖို့ (သို့မဟုတ်) သေဆုံးဖို့အထိခြိမ်းခြောက်ခြင်းစတဲ့ အပြုအမှုများစွာပါဝင်ပါတယ်။ ငွေကြေး (သို့မဟုတ်) စီးပွါးရေးအလွဲသုံး‌စားမှုများအခြားသူတစ်ဦးရဲ့ငွေကြေး (သို့မဟုတ်) အခြားပိုင်ဆိုင်မှုများကို အတင်း အကျပ်ထိန်းချုပ်ခြင်း ပါဝင်တယ်။ ငွေသားခိုးယူခြင်းပါဝင်ပြီး ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များမှာပါဝင်ခွင့်မပြုခြင်း၊ အလုပ်မလုပ်ဖို့ပိတ်ပင်တားဆီးခြင်းပါဝင်ပါတယ်။

      လင်မယားကြားမှာ မုဒိန်းမှုဆိုတာရှိတယ်။ တရားဝင်ဇနီးဖြစ်ပေမယ့်ဇနီးမယားကလင်ယောကျာ်းနဲ့အတူပေါင်းသင်းဖို့အတူနေဖို့ငြင်းဆန်တာကိုလင်ယောကျာ်းကအတင်းအဓမ္မပေါင်းသင်းရင်မုဒိန်းမှုကျူးလွန်ရာရောက်ပါတယ်။ ဇနီးမယားကို မုဒိန်းမှုကျူးလွန်ရင် ထောင်ဒဏ်(၂)နှစ်ထိချမှတ်နိုင်ပါတယ်။ အရွယ်မရောက်သေးသူကို သားမယားအဖြစ်ပြုကျင့်ရင် မုဒိန်းမှုကျူးလွန်ရာဖြစ်လို့ ထောင်ဒဏ်အနှစ်(၂၀) (သို့မဟုတ်) ထောင်ဒဏ်တစ် သက်(သို့မဟုတ်) ထောင်ဒဏ်အနှစ်(၂၀)ချမှတ်နိုင်ပါတယ်။ အသက်(၁၆) နှစ်မိန်းကလေးအလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ပေါင်းသင်းရင်မုဒိန်းမှုကျူးလွန်ရာရောက်ပါတယ်။ အမျိုးသမီးတစ်ယောက်အပေါ်လက်ထပ် ထိမ်းမြားပါမယ်ပြောပြီး ကာမလိမ်လည်ပေါင်းသင်းရင် ရာဇဝတ်မှုမြောက်ပြီး ဥပဒေပုဒ်‌မ(၄၁၇)အရ၊ (၃)နှစ်အထိထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်ပါတယ်။

        လင်မယားရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်ရင် သာမန်ဒဏ်ရာကို ထောင်ဒဏ်(၁)နှစ်ချမှတ်နိုင်ပါတယ်။ ချွန်ထက်တဲ့လက်နက်နဲ့ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ်(၃)နှစ်ချမှတ်တယ်။ အပြင်းအထန်နာကျင်စေမှုများ ထောင်ဒဏ်(၇)နှစ်အထိချမှတ်နိုင်ပါတယ်။ အသုံးပြုတဲ့လက်နက်ကချွန်ထက်ရင် ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်ပါတယ်။ မိသား စုအကြမ်းဖက်မှုဆိုတာ မိသားစုများကြားမှာအကြမ်းဖက်မှုနဲ့ရင်းနှီးတဲ့လက်တွဲဖော်ကြားမှ အကြမ်းဖက်မှုကို ရည်ညွှန်းတဲ့ပိုမိုကျယ်ပြန်တဲ့အသုံးအနူန်းဖြစ်တယ်။ မိသားစုအကြမ်းဖက်မှုနဲ့အသွင်ပြင်က အိမ်တွင်းအကြမ်းဖက်မှုလိုပဲ ပြစ်မှုကျူးလွန်တယ်။ မိသားစုအကြမ်းဖက်ခြင်းဟာ အကြမ်းဖက်မှု ဖြစ်ပွါးနိုင်တဲ့အိမ်ထောင်ရေးအပြင် ဆွေမျိုးသားချင်းဆက်ဆံရေးထိကျယ် ပြန့်စွာပါဝင်ပါတယ်။

        အကြမ်းဖက်မှုဖြစ်ပွါးရတဲ့အကြောင်းရင်းမှာ အရက်မူးယစ်ဆေးဝါးကအခြေခံပါတယ်။ လူသားတို့ရဲ့ဆင့်ကဲဖြစ်စဉ်အရ ယောကျာ်းက ခွန်အားကြီးပြီး ဝင်ငွေရှာသူ(အိမ်ထောင်ဦးစီး)ဖြစ်ပြီး ဇနီးလုပ်သူများ(မှီခို)ဖြစ်တယ်။အရက်ဟာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုများရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းရဲ့အကြမ်းဖက်ဆက်နွှယ်မှုဟာ ဇီဝကမ္မ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုယဉ်ကျေးမှုဆိုင်ရာအချက်တွေပါဝင်တဲ့ရှုပ်ထွေးမှုတစ်ခုဖြစ်တယ်။ အရက်မသောက်ထားပေးမယ့် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပွားတတ်တယ်။ အရက်အလွန်အကျွံသောက်သုံးပါကပြင်းထန်တဲ့အပြုအမူများဖြစ်ပွားခြင်း၊ ရင်နှီးတဲ့အဖော်တို့နဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပွားလေ့ရှိပါတယ်။

       တစ်လင်တစ်မယားဥပဒေပေါ်လာပြီး အပြစ်မရှိတဲ့ယောကျာ်းအချို့ထောင်နန်းစံကြရပါတယ်။ ယခင်က ယောကျာ်းကောင်း၊ မောင်မတစ်ထောင်စကားဟာ တစ်လင်တစ်မယားဥပဒေကြားမှာကွယ်ပျောက်သွားရတယ်။ မယားတွေကမတိုင်ပဲ ဆွေမျိုးတွေကတိုင်တယ်ဆိုရင်လည်း တစ်လင်တစ်မယားဥပဒေအရ အရေးယူခံရပါတယ်။ အမျိုးသားနဲ့အမျိုးသမီးဆရာဝန်စုံတွဲရှိရာအမျိုးသမီးက(US)ထွက် ပညာရှာတယ်။ အမျိုးသားကိုဆေးကုမ္ပဏီအရောက်စာရေးမက အတည်ကြံစည်တယ်။ စာချုပ်နဲ့ပေါင်း သင်းခြင်းမျိုးမရှိပဲ အမျိုးသမီးကိုယ်တိုင်ခွင့်လွှတ်ထားပေမယ့် အမျိုးသမီးဆွေမျိုးတို့မှ တစ်လင်တစ်မယားဥပဒေနဲ့ရင်ဆိုင်ကြရပါတယ်။ နှစ်ယောက် လုံးထောင်ကျပါတယ်။

        အမျိုးသားနဲ့အမျိုးသမီးက နှစ်ဦးသဘောတူလမ်းခွဲသွားတယ်။ စာချုပ်မရှိဘူး။ အမျိုးသားဖြစ်သူကနောက်အိမ်တောင်ပြုမယ်ဆိုတဲ့အခါ ယခင်မယားကြီးက လက်မှတ်မထိုးပေးပါဘူး။ ဒါဆိုလည်း ရှေ့ဆက်တိုးရင် တစ်လင်တစ်မယားဥပဒေနဲ့အရေးယူခံရနိုင်လို့ လက်မထပ်ပဲအတူနေ(Living together)တွေ၊ သီခြားနေ(Seperated)ပေါ်လာပါတယ်။ မြန်မာထုံးထမ်းစဉ်လာဥပဒေထဲအကျုံးဝင်နေပါတယ်။ လက်ထပ်စာချုပ်မရှိပေမယ့်၊ပုဆိုးတန်းတင်အကြင်လင်မယား(သို့မဟုတ်) အရပ်ကလင်မယားလို့သတ်မှတ်ခံရရင် အိမ်ထောင်ကျတယ်လို့ဆိုရမှာဖြစ်တယ်။

       မြန်မာနိုင်ငံမှာအမျိုးသမီးများခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကျားမတန်း တူညီမျှခြင်းမှာအထောက်ကူပြုစေဖို့၊ အမျိုးသမီးကိုစွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ကျားမဆိုင်ရာအခြေပြုအကြမ်းဖက်မှုများကာကွယ်တဲ့ ဥပဒေများကို မူဝါဒများချမှတ်အကောင်ထည်ဖော်ရေး၊ ကိုယ်ဝန်ဆောင်အပါဝင်အမျိုးသမီးဆိုင်ရာအခွင့်အရေများအတွက်ဥပဒေများပြဋ္ဌာန်းပေးရေးစတာတို့နဲ့ပတ်သက်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ မူဝါဒများ၊ လုပ်ငန်းစီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိတယ်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ဖို့အတွက် ပြည်သူလူထုဗဟိုပြုကာ အမှန်တကယ်အကျိုးဖြစ်ထွန်းစေမယ့်လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိပါတယ်။

        အိမ်ထောင်ပြုတယ်ဆိုတာ ဆွေမျိုးမတော်၊ သွေးမတော်၊ သားမစပ်တဲ့လူနှစ်ယောက်တစ်သက်လုံးလက်တွဲဖြေရှင်းဖို့ မိသားစုတစ်ခုတည်ထောင်တာဖြစ်လို့ အကြောင်းဆက်လို့ ပေါင်းဖက်ကြတာဖြစ်တယ်။ မောင်တစ်ထမ်းမယ်တစ်ရွက်စီးပွားရှာကြတယ်။ ဆိုးတူကောင်းဖက်လက်တွဲလုပ်မယ်ရည်ရွယ်ပြီး မျိုးရိုးကိုအခြေခံအမွေစားအမွေခံသားသမီးများ မွေးဖွားလာစေဖို့ ဖြစ်တယ်။ မေတ္တာတရားနဲ့ပေါင်စည်းထားတဲ့ အိမ်ထောင်တွေသာ ရေရှည်တည်မြဲကြပါတယ်။ အဲဒီလိုမိသားစုမှထူးချွန်တဲ့သားသမီးတွေခေါင်းဆောင်ကောင်းတွေပေါ်ထွန်းလာတတ်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခြံအမှတ် (၅၄)နေအိမ်ကို စျေးနှုန်းသစ် ပြင်ဆင်သတ်မှတ်ကာ ဒုတိယအကြိမ် လေလံတင်ရောင်းသော်လည်း ဝယ်သူမရှိပဲ ပြီးဆုံး

RECENT POSTS
ယနေ့ ဇူလိုင်လ(၁၅)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
15 Jul 2025
အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ဗြိတိန်အမျိုးသမီး
15 Jul 2025
ထိုင်းထက်စာလျှင် တောင်ကိုရီးယားက အိမ်လိုမျိုးခံစားရကြောင်း BLACKPINK အဖွဲ့ဝင် လီဆာ ထုတ်ဖော်ပြောဆို
15 Jul 2025
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပါက ယူနက်စကိုစာရင်းမှ ပယ်ဖျက်ခံရနိုင်ဟုဆို
15 Jul 2025
တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးမိတ်ဖက် ဖြစ်လာနိုင်လား
15 Jul 2025
" ဆောက်လုပ်ရေးလောကကနေ ထွက်ပြီး သူများဆီမှာ ဝန်ထမ်းသွားလုပ်ရသူတောင်ရှိလာတယ်" အစိုးရတင်ဒါ . . . ဘယ်သူသာ
15 Jul 2025
" ကျွန်တော်နှင့် ငြိမ်းချမ်းရေးဖိုရမ်"
15 Jul 2025
KIA ၏ ရွှေလုပ်ကွက်များတွင် အသုံးပြုသောသံပိုက်များကို သိန်းထောင်ချီအကုန်အကျခံကာ မန္တလေးမှ လစဉ်တင်ပို့နေ
15 Jul 2025
ယခုသီတင်းပတ်အတွင်း ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်ပြော
15 Jul 2025
MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို
15 Jul 2025
ယူကရိန်းစစ်ပွဲ၊ အမေရိကန်နဲ့ဆက်ဆံရေးတို့ကို ရုရှားနဲ့တရုတ်တို့ဆွေးနွေး
15 Jul 2025
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးအတွက် မြန်မာ - ရုရှားဆွေးနွေး
15 Jul 2025
PLAVE ရဲ့ အာရှဖျော်ဖြေရေး ဖိုင်နယ် ရှိုးပွဲ Lotte Cinema မှာ တိုက်ရိုက် ထုတ်လွှင့် ပြသမည်
15 Jul 2025
AA ထိန်းချုပ်ရာ ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြည်သူများအခက်တွေ့
15 Jul 2025
ဗြိတိန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းပျက်ကျ
15 Jul 2025
ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေ ထပ်မံပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု
15 Jul 2025
တောင်ကိုရီးယား မင်းသမီး ဂန်ဆိုဟာ ကင်ဆာရောဂါနဲ့ အသက်(၃၁)နှစ်မှာ ကွယ်လွန်
15 Jul 2025
တောင်ပိုင်းရခိုင်တွေ AA ကိုဆန္ဒပြမယ့်ကိစ္စ ဘယ်သူခွင့်မပြုသလဲ၊ နောင်ချို ဂုတ်တွင်းတံတားကို ပလောင်ပူးပေါင်းအဖွဲ့ ချိုးခဲ့ပြီ၊ ကန့်ဘလူ - ဇီးကုန်းမြို့ပေါ်က ပစ်ခတ်မှု၊ သပိတ်ကျင်းနဲ့ (၄)မိုင်အလို၊ ဒီမော့ဆိုကို ထိုးစစ်စတော့မလား (၁၄-၇-၂ဝ၂၅)
14 Jul 2025
ယနေ့ ဇူလိုင်လ(၁၄)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
14 Jul 2025
ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံးနဲ့ ဒုတိယကမ္ဘာစစ်ပြန် အမျိုးသား ကွယ်လွန်
14 Jul 2025
FOLLOW US

Copyright © News Services Station | All Right Reserved