Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသူများကို ပစ်မှတ်ထားကာ လိမ်လည်မှုများရှိနေသည့်အတွက် အချို့မှာ တစ်ပူပေါ်နှစ်ပူဆင့်နေရ

သန့်ဇင် (NSS) - ဩဂုတ် ၁၄

လတ်တလောဖြစ်ပွားသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများကို ပစ်မှတ်ထားကာ လိမ်လည်မှုများ ရှိနေသည့်အတွက် အချို့မှာ တစ်ပူပေါ် နှစ်ပူဆင့်သော အခြေအနေဖြစ်နေကြောင်း ဒေသခံများထံ NSS က မေးမြန်းထားချက်များအရ သိရသည်။


MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များသည် (၁၀၂၇) စစ်ဆင်ရေးအဆက်ဟုဆိုကာ တိုက်ပွဲများ ဖော်ဆောင်လာသောကြောင့် လားရှိုးမြို့၊ ကျောက်မဲစသဖြင့် မြို့နယ်များမှ ဒေသခံအများအပြားသည် မိမိတို့ အိုးအိမ်များကိုစွန့်ခွာကာ နေရပ်မှတိမ်းရှောင်ခဲ့ကြရသည်။ ထိုသို့ တိမ်းရှောင်ရာတွင် တိုက်ပွဲ ဖြစ် ရာဒေသ၌ မိသားစုဝင်များကျန်ခဲ့ကာ အဆက်အသွယ် ပြတ်တောက်နေသောကြောင့် အကူအညီပေးကြရန် သို့မဟုတ် အဆက်အသွယ်ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် ၎င်းတို့၏ လူမှုကွန်ရက်စာမျက် နှာများကတဆင့် ဖုန်းနံပါတ်များ ထည့်သွင်းအကူအညီတောင်းသည့်အပေါ် အမြတ်ထုတ်ခြင်းများ အများဆုံး ရှိနေခြင်းဖြစ်သည်။ 

“(မိသားစုဝင်တစ်ယောက်ယောက်တိုက်ပွဲဖြစ်တဲ့မြို့မှာကျန်ခဲ့လို့) တချို့ကပူပန်နေပြီး လိုင်းပေါ် မှာ ကူညီပေးပါဆိုပြီး ဖုန်းနံပါတ်နဲ့တင်လိုက်တော့ စားဖားသမားတွေကလည်း ဒီခွင်ကိုဘယ်လိုလိမ်လိုက် မယ်ဆိုပြီး အကြိုက်တွေ ဖြစ်ကုန်တာပေါ့။ တချို့ကလည်း အဖေကျန်ခဲ့လို့၊ ခွေးလေးကျန်ခဲ့လို့၊ ပစ္စည်း ကျန်ခဲ့လို့ ယူပေးလို့ရမလား၊ ခေါ်ပေးလို့ ရမလားနဲ့ လိုင်းပေါ်တင်ကြတာပေါ့။ အဲဒီတော့ လိမ်ချင်တဲ့လူက တော့ လိမ်လိုက်တာပေါ့” ဟု လားရှိုးမြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးက  NSS သို့ ပြောသည်။

ထိုသို့ လိမ်လည်ရာတွင် MNDA ၊ TNLA  စသည်ဖြင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ဟန်ဖြင့် ဖုန်းဆက်၍ အဆက်အသွယ်မရသူကို ဖမ်းဆီးထားကြောင်းနှင့် လွတ်မြောက်စေလိုပါက တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းခွဲပေးကာ ပြန်ရွေးရမည်ဖြစ်ကြောင်း နှင့် အွန်လိုင်းမှ ငွေလွှဲပေးရမည်ဟုဆိုကာ လိမ်လည်ခြင်းများ ရှိနေကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် ကားသမားအယောင်အဆောင်ကာ တိမ်းရှောင်မည့်မြို့အထိ ငွေပမာဏ မည်မျှပေးရမည် ဟုဆိုကာ လိမ်လည်ခြင်းမျိုးလည်းရှိကြောင်း သိရသည်။ “အခုနောက်ပိုင်းတော့ နည်းနည်းလေးပြန် လျော့သွားပြီ။ ပြီးခဲ့တဲ့ (၂)ပတ်လောက်ကတော့ တော်တော်များတယ်။ မန္တလေးကို အပြီးအစီး(၆)သိန်း တို့၊ တချို့ ဆို(၁၀)သိန်းတို့ အိမ်အရောက်လာခေါ်မယ်တို့ လိမ်တာပေါ့။ လိမ်ပုံ လိမ်နည်းကလည်း စိတ်ချ ရတဲ့ပုံစံမျိုး နဲ့ပေါ့။ ပထမတော့ အိမ်လိပ်စာတွေတောင်းတယ်ပေါ့။ စစချင်းတုန်းကတော့ အိမ်အရောက်မှ ပေးပေါ့။ ကား ပေါ်ရောက်မှပေးပေါ့။ လမ်းမှာလာနေရင်းနဲ့ ဘာလိုလို့ ညာလိုလို့ဆိုပြီး Kpay နဲ့လွှဲခိုင်း လိုက်ပြီး လိမ်သွားတာမျိုးတွေရှိတယ်” ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။

ထိုသို့ လိမ်လည်ခြင်းများအပြင် ထားခဲ့ရသည့် နေအိမ်များကို ဖောက်ထွင်းမှုများလည်းရှိနေပြီး ဒေသခံများအနေဖြင့် နောက်ကြောင်းမအေးဘဲ စိုးရိမ်ရခြင်းများရှိနေသကဲ့သို့ အချို့ကလည်း မြေကျန်လျှင် ရပြီဟုဆိုကာ စိတ်လျှော့နေကြသူများလည်း ရှိသည်။ 

“ဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီး လက်တွေ့ကျကျတော့ ရပ်ကွက်ထဲမှာ ကျန်ခဲ့တဲ့ ဆေးသမားတွေ ဘာတွေက ဖောက်တာများတယ်။ အဲဒါတော့ လက်တွေ့ ကျကျသိတာပေါ့။ ရပ်ကွက်ထဲမှာတော့ မရှောင်ဘဲ ဆေးသမားလိုလိုဘာလိုလိုနဲ့ သေမထူး၊ နေမထူး သမားတွေ အဲလိုလူငယ်လေးတွေ လုပ်တာ လို့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကျန်ခဲ့တဲ့လူတွေပြောပြလို့ သိရတာ။ အဲဒီမှာ မင်းတို့ကိုယ့်လူမျိုး အချင်း ချင်း အဲလိုမလုပ်နဲ့ ကူညီရမှာတောင်မကူညီဘဲနဲ့ ဘာလို့ အဲဒီလိုလုပ်တာလဲပြောတော့ သူ့ကိုတောင် ဖောက်တဲ့ကောင်တွေက မကြည်သလို ရန်ရှာသလိုဖြစ်နေတာကို ကျွန်တော့်ဆီဖုန်းဆက်ပြောလို့ သိရတယ်” ဟု အထက်ပါလားရှိုးမြို့မှ တိမ်းရှောင်လာသူက ဆိုသည်။ 

ကျောက်မဲမြို့တွင်းရှိ စစ်ဘေးရှောင်များ၏နေအိမ်များကို ဖောက်ထွင်းလုယက်မှုများရှိနေရာ နေအိမ်ဖောက်ထွင်း လုယက်မှုတွင် TNLA  အဖွဲ့ ဝင်များလည်း ပါဝင်ကြောင်း ကျောက်မဲမြို့မှ တိမ်း ရှောင်လာခဲ့သူ ဒေသခံက အတိအကျပြောသည်။ “ အိမ်ဖောက်ထွင်းခံရတာမှာ (၂)မျိုးရှိတယ်။ တစ်ခုက TNLA က ဖောက်တာရှိတယ်။ နမ့်တုပ်နားကအိမ်ဆို TNLA က စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေမှာ ဖောက်ထားတာတွေရှိတယ်။ နောက်တစ်မျိုးကတော့ ၁၀၉-၁၁၀ကောင်တွေက အိမ်တွေ၊ ဆိုင်ခန်းတွေ ဖောက်တာ ရှိတယ်။ လားရှိုးလောက်တော့ မဆိုးဘူးပေါ့။ ဖောက်တော့ဖောက်ကြတယ်။ တချို့က စားစရာ ပဲယူသွားတာမျိုး။ တချို့ကလည်း တန်ဖိုးကြီးပစ္စည်းတွေယူသွားတာမျိုးတွေ၊ ဆိုင်ကယ်တို့၊  TV တို့ အဲဒါ များတွေယူသွားတာများတယ်။ ဆိုင်ကယ်တွေ ခိုးကြတာများတာကိုး။ အဖွဲ့လိုက်ခိုးကြ တာပါ”ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နေရပ် စွန့်ခွာစစ်ဘေးရှောင်ပြည်သူအများစုသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေမြို့ နှင့် မန္တလေးမြို့တို့တွင် အများဆုံးပြောင်းရွှေ့နေထိုင်နေရကြောင်းလည်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၀န်ကြီးချုပ်နုတ်ထွက်ခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ်

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved