Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ်၌ တရုတ်တို့ တစ်ဖက်သတ်ကြေညာသည့် ရေပြင်ဧရိယာ နှစ်ဆ တိုးလာ

Htay Oung  (NSS) - ဇူလိုင် ၈ 

အခြားနိုင်ငံတွေက သူတို့ရဲ့သီးသန့် စီးပွားရေး ဇုန် (EEZ) ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ရေပြင်အတွင်းကို ပေကျင်းရဲ့သင်္ဘောတွေ ကင်းလှည့်ခြင်းဟာ ပုံမှန်လိုလိုဖြစ်လာပါတယ်။ ဒါတင်မက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်သင်္ဘောကြီးကိုပါ ထည့်သွင်းအသုံး ပြုလာခြင်းက လေ့လာသူများအတွက် စိတ်ဝင်စား စရာပဲဖြစ်တယ်လို့ မနီလာအခြေစိုက် " အင်ကွိုင် ရာနက် " ဒီဂျစ်တယ် မီဒီယာက ဇူလိုင်လ ၃ ရက်က ရေးသားပါတယ်။

" ကြောက်စရာ ဧရာမသတ္တဝါကြီး "လို့ အများ ခေါ်ဝေါ်နေကြတဲ့ တရုတ်ကမ်းခြေ စောင့်တပ်ရဲ့အဲဒီသင်္ဘောကြီးဟာ သူတို့ပိုင်ရေပြင်ဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာထားတဲ့ " မျဉ်းတို ၁၀ ခု " ဧရိယာအတွင်း လှည့်လည်သွားလာနေခြင်းဖြစ်ပြီး ပေကျင်းက ထပ်မံပြင်ဆင်သတ်မှတ်လိုက်တဲ့ အဲဒီရေပြင်ဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၇ ထရီလျံ တန်ဖိုးရှိ နိုငံတကာ ကုန်သွယ်ရေကြောင်း သင်္ဘောများဖြတ်သန်းရာ တောင်တရုတ်ပင်လယ် တစ်ခွင်လုံးနီးပါး ကျယ်ပြန့်ပါတယ်။ ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံခန့်ရှိနေပြီး ပင်လယ်ကြမ်းပြင်မှ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့အပြင် အဖိုးတန်သတ္တုတွေလည်း တူးဖော်နိုင်မယ့် အလားအလာကောင်းတွေ ပြည့်နှက်နေပါတယ်။

ယခင် သူတို့ရဲ့ " မျဉ်းတို ၉ လိုင်း "အစား ၂ဝ၂၃ ခုနှစ် တရုတ်နိုင်ငံရဲ့  "မျဉ်းတို ၁၀ လိုင်း "  ပြင်ဆင်ချက်မှာ ထိုင်ဝမ်ကျွန်းရဲ့အရှေ့ဘက် ပင်လယ်ရေပြင်ကိုပါ သူတို့ပိုင်ဆိုင်ကြောင်း ထည့်သွင်းထားပါတယ်။ မျဉ်းတို ၉ လိုင်းတုန်းက ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အထူး သီးသန့်စီးပွားရေးဇုန်ရေပြင်များပါဝင်နေတဲ့အတွက် နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ကြောင်း ၂ဝ၁၆ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ  က အမိန့်ချမှတ် ခဲ့ပြီးပါပြီ။ ခုတော့ ထိုင်ဝမ်ကျွန်းတစ်ခုလုံးနဲ့ အရှေ့ ဘက်ဝန်းကျင်ရေပြင်ပါ ပါလာတဲ့အတွက်  တရုတ်ရဲ့ သူတို့ပိုင်ဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာချက်ပါ ဧရိယာဟာ နှစ်ဆတိုးလာပြီး ICJ  ဆုံးဖြတ်ချက်ကို ပယ်ချရာ ရောက်ရှိပါတယ်။

တရုတ်ဟာ အမေရိကန်နည်းတူ “ရောမ သဘောတူညီချက်”ကို လက်မှတ်ရေထိုးခြင်းမပြုတဲ့ နိုင်ငံဖြစ်ပြီး ICJ ရဲ့ စီရင်ဆုံးဖြတ်မှုကိုလည်း အသိအမှတ်မပြုပါဘူး။ အလားတူ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီရန်၊ တူရကီအပါအဝင် နိုင်ငံအတော်များများကလည်း အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ ဝင်နိုင်ငံကြီးအနေနဲ့ ICJ မှာ တရုတ်တရားသူကြီး တစ်ဦး ပါဝင်နေပါတယ်။

မျဉ်းကြောင်းတို ၉ လိုင်းဆိုတာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းမှအစပြုပြီး ဟိုင်နန်ကျွန်းတောင်ပိုင်းအထိ “ ပစောက်” ပုံသဏ္ဌာန် တောင်တရုတ်ပင်လယ်အတွင်း ရေပြင်ဖြစ်ပါတယ်။ ပါရာဆဲလ်ကျွန်းများ၊ စပရက် လီကျွန်းများ၊ ပါရာတပ်စ်ကျွန်းအပြင် ဗီရီကာ၊ မက်ဆီ လက်စ်၊ စကားဘရောက် စည်းတိမ်ရေပြင်များလည်း ပါဝင်ပါတယ်။ အဲဒီ ရေပြင်ဟာ သူတို့အပိုင်ဖြစ်ကြောင်း ပေကျင်းရဲ့ သိမ်းကျုံးကြေညာချက်ဟာ သူတို့ရဲ့အ ထူးသီးသန့်စီးပွားဇုန် နယ်မြေတွေလည်း ပါဝင်နေတဲ့ အတွက် သမ္မတ ဘန်နစ်နိုအကွီနိုလက်ထက် ဖိလစ် ပိုင်နိုင်ငံကို စိန်ခေါ်သလို ရှိခဲ့ပါတယ်။ တစ်နှစ် အကြာ ၂၀၁၃ ခုနှစ် ပါနမ်တပ်ခေါ် စကားဘရော့ စည်းတိမ် ရေပြင်အရေးမှာ နှစ်နိုင်ငံ ပြင်းထန်စွာ ထိပ်တိုက်တွေ့ ခဲ့ကြပါတယ်။ ခုတော့ အဲဒီရေပြင်ကို တရုတ်က ရာ ခိုင်နှုန်းပြည့် ထိန်းချုပ်လိုက်ပါပြီ။

ရလဒ်အနေနဲ့ကတော့ တရုတ်ရဲ့စကားချိုချို လေးနဲ့ “နယ်မြေချဲ့ထွင်ရေး လောဘ”လို့ လေ့လာ သူများ ပြောဆိုနေကြတာဟာ တကယ်ကြီးပါလားလို့ မနီလာကိုယ်တိုင် နားလည်သွားပြီး ဖိလစ်ပိုင် နိုင်ငံ အထူးသီးသန့်စီးပွားရေးဇုန်အနောက်ပိုင်း ရေပြင်များကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားရင်း နှစ်နိုင်ငံထိပ်တိုက်တွေ့များ ပြင်းထန်စွာ ဖြစ်ပေါ်နေပါ တယ်။

အရွယ်အစား အလွန်ကြီးမားတဲ့အတွက် “သင်္ဘောဘီလူး” လို့ ခေါ်ဆိုနေကြတဲ့ အဲဒီ တရုတ် ကမ်းခြေစောင့်ရေယာဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အ နောက်ဖိလစ်ပိုင်ပင်လယ်ရှိ ဖိလစ်ပိုင်ရေပိုင်နက် နယ်မြေအများအပြားအတွင်း ဖြတ်သွားခဲ့ကြောင်း တချို့နေရာတွေမှာ ကမ်းရိုးတန်းမှ(၁၂)မိုင်အကွာ “ပိုင်နက်ရေပြင်” အတွင်းထိ ကျူးကျော်ဝင်ရောက် ခဲ့တယ်လို့ မနီလာရေတပ်က ပြောပါတယ်။ 

တရုတ်သင်္ဘောဟာ နိုင်ငံတကာ ကမ်းခြေစောင့် တပ်တွေမှာ အရွယ်အစားအကြီးဆုံးဖြစ်ပြီး ဧရိယာနံပါတ် “၃၉၀၁”ဖြစ်ကြောင်း၊ တန်ချိန် ၁၂၀ဝ၀ ခန့်ရှိပြီး  အ ရှည် (၁၆၅) မီတာ၊ ဗြက် (၂၂) မီတာရှိတဲ့အတွက် သာမန်ဘောလုံးကွင်းတစ်ခုထက် (၆၅) မီတာ ပို ရှည်နေပါတယ်။  ဖိလစ်ပိုင်ကျွန်းစုတွေရဲ့ရေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မလေးရှားနဲ့ ဘရူ နိုင်းတို့ရဲ့ အထူးသီးသန့်စီးပွားရေးဇုန်တွေအတွင်း ကို လည်း ကျူးကျော်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို မပြန်မီ တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းတွေနဲ့ ကျွန်းတွေအသီးသီးအနီးမှာ ကျောက်ချရပ်နားခဲ့ပါ တယ်။ သင်္ဘောခုတ်မောင်းရာ လမ်းကြောင်းဟာ ဖိ လစ်ပိုင်နိုင်ငံကို အထူးပစ်မှတ်ထားပုံရပြီး ဒေသ တွင်းတင်းမာမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ကျွမ်း ကျင်သူတွေက မှတ်ချက်ပြုခဲ့ပါတယ်။ 

စက္ကင်းသောမတ်စ်ရှို စည်းတိမ်ရေပြင်ဟာ ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ကျွန်း အနောက်ဘက် မိုင် ၁၂၀ ခန့်အကွာမှာတည်ရှိပြီး တရုတ်နိုင်ငံရဲ့ အနီးဆုံး မြေသားထုကြီးဖြစ်တဲ့ ဟိုင်နမ်ကျွန်းမှ မိုင် ၆၂၀ ကျော် ဝေးပါတယ်။  စကားဘရောက် စည်းတိမ်ရေပြင်မှာ တမင်သောင်ထိုးတင်ထားတဲ့ ဒုတိယကမ္ဘာစစ်ကျန် “ဘီအာပီ ဆီယာရာ မာဒရီ” စစ်သင်္ဘောဟောင်းကြီး ပေါ်မှာ ဖိလစ်ပိုင်ရေတပ်ရဲ့ ရှေ့တန်းကင်းစခန်းတစ်ခု တပ်စွဲထားပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက တရုတ် ကမ်းခြေစောင့်သင်္ဘောဟာ ဖိလစ်ပိုင် ငါးဖမ်းဘုတ် တွေကို ရေအမြောက်နဲ့ထိုးပက်မောင်းထုတ်ခဲ့ပြီး ဖိလစ်ပိုင်ကလည်း တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အဲဒီရေပြင်မှာ တရုတ်ငါးဖမ်း သင်္ဘော ၂၈၇ စင်း ဝင်ရောက်ခဲ့ပြီး ငါးတန်ချိန် ၂၆၀ ကျော် ခိုးယူဖမ်းဆီးခဲ့တယ်လို့ ဖိလစ်ပိုင်က သံသယရှိပါတယ်။ ဒီအတွက် ပေကျင်းရှိ ဖိလစ်ပိုင်သံရုံးနဲ့ မနီလာရှိ တရုတ်သံရုံးတို့ ရှေ့မှာနှစ် ဖက်နိုင်ငံသား အသီးသီးတို့က ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ခုနောက်ပိုင်း တရုတ်ကမ်းခြေစောင့် သင်္ဘောဟာ ဘီအာပီဆီယာရာ မာဒရီသင်္ဘော ဟောင်းကြီးအတွက် ရိက္ခာပစ္စည်း ထောက်ပံ့ခြင်းတွေ ကို ဟန့်တားလာပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေ သန္တာကျွန်းတန်းတွေ၊ စည်းတမ်ရေပြင်တွေ ပိုင်ဆိုင် မှုနဲ့ပတ်သက်ပြီး ပေကျင်းနဲ့ အငြင်းပွားလျက်ရှိရာ ထိုင်ဝမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့ပါဝင်ပါတယ်။  တရုတ်ကမ်းခြေစောင့် သင်္ဘောတွေရဲ့ခုတ်မောင်းသွားရာ လမ်းကြောင်းဟာ သူတို့ကြေညာထားတဲ့ မျဉ်းတိုလိုင်းတွေတစ်လျှောက် ဖြစ်ကြောင်း၊ တောင်ဘက်မှာ မလေးရှားနဲ့ အရှေ့ ဘက်မှာ ဖိလစ်ပိုင်တို့ပိုင် ရေပြင်တွေရှိပေမယ့် ဖိလစ် ပိုင်ကို ပိုမိုအာရုံစိုက်ပုံရတယ်လို့ အမေရိကန် စတင်း ဖို့ဒ်တက္ကသိုလ် ဂေါ်ဒီယန်စင်တာ အမျိုးသားလုံခြုံ ရေးဆန်းသစ်ပြောင်းလဲမှု ဗော်လံတီယာအဖွဲ့ ဒါရိုက် တာဖြစ်သူ ပိုဝဲလ်က သုံးသပ်ပါတယ်။

မကြာသေးမီရက်တွေအတွင်း တရုတ်ကမ်း ခြေစောင့်တပ်သင်္ဘောကြီးတစ်စင်းဟာ အနောက် ဖိလစ်ပိုင်ပင်လယ်အတွင်း ကင်းလှည့်နေပြီး ကျွန်း တွေနဲ့ စည်းတိမ်ရေပြင်တွေတစ်လျှောက် ခုတ် မောင်းသွားလာနေကြောင်း သူတို့ရဲ့ ရေကြောင်းပိုင်နက်ပိုင်ဆိုင်မှုကို တခြားနိုင်ငံတွေလည်း သိရှိလိုက် နာလာစေဖို့ အင်အားပြသခြင်းဖြစ်ကြောင်း၊ ဒေသ တွင်း သူတို့ရဲ့ချဲ့ထွင်ထားတဲ့ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မာစေရန် နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် ပြင်ဆင်နေတယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါ တယ်။ တရုတ်ဟာ စစ်ရေးအရ ပါဝါရှိပေမယ့် တောင် တရုတ်ပင်လယ်ရဲ့မြင့်မားတဲ့လေတိုက်နှုန်း၊ လှိုင်း ထန်တဲ့ရေပြင်သဘာဝတွေနဲ့ အန္တရာယ်ရှိတဲ့ မုန် တိုင်းတွေရဲ့ စိန်ခေါ်မှုအခြေအနေတွေအတွက် ပြင် ဆင်နေချိန်မှာ သမားရိုးကျစစ်အခြေခံမူတွေကို လိုက် နာ နေရဆဲဖြစ်ပါတယ်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူနိုင်ငံ Jurong Point ကုန်တိုက်မှာ အသက်(၉)နှစ်အရွယ် ကလေးတစ်ဦး စက်လှေကားညပ်ပြီး ဆေးရုံတင်ခဲ့ရ

RELATED POSTS
RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved