Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
"ဂျိုးသာ ပြည့်စုံတဲ့ သမ္မတဖြစ်ခဲ့ရင် ကျွန်တော် ဒီစင်ပေါ်မှာ သူနဲ့အတူရှိနေမှာ မဟုတ်ဘူး" (ဒေါ်နယ်ထရမ့်) (ဘာသာပြန်ဆောင်းပါး)

လင်းမြတ် (NSS) - ဇူလိုင် ၈ 

ပြည်သူ့ထောက်ခံမှု အများအပြားရရှိနေတဲ့ ရီပတ်ပလစ်ကန် သမ္မတလောင်းနှင့် အမေရိကန်ရဲ့ (၄၅)ယောက်မြောက် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က ဒီဘိတ်စင်မြင့်ထက်မှာ ဂျိုးဘိုင်ဒန်ကို ဘေးမှာ ထားပြီး ငါသူ့ကိုပြည့်စုံတဲ့သမ္မတ ဖြစ်ပါစေလို့ မျှော်လင့်ခဲ့တာ သူသာပြီးပြည့်စုံတဲ့ အမေရိကန် သမ္မတ ဖြစ်ခဲ့မယ်ဆိုရင် ငါဒီနေရာမှာရှိနေစရာ အကြောင်းမရှိ ဘူးလို့ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ " I’m only here because he is so bad "ငါဒီ ဒီဘိတ်စင်မြင့် မှာရှိနေရတဲ့အကြောင်းအရင်းက ဂျိုးဟာ သိပ်စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားတဲ့ သမ္မတတစ်ယောက်ဖြစ်နေလို့ပဲ။ " I will make America great again." ငါအမေရိကန်ကို ကြီးမြတ်ပြည့်စုံ ကောင်းမွန်အောင် ပြန်လုပ်မယ်။ ငါသူ့ရဲ့နိုင်ငံရေး ဆိုင်ရာ ရန်သူမဖြစ်ခဲ့ရင် အခု စွပ်စွဲခံ တရားရင်ဆိုင်စရာတွေ ရှိလာမှာမဟုတ်ဘူး။ အခုစွပ်စွဲချက်တွေ အားလုံးဟာ သူရဲ့နိုင်ငံရေးရန်သူဖြစ်နေလို့ပဲ။ ငါ့မှာ လုပ်စရာအလုပ်တွေ လုပ်ချင်တာတွေ နေချင်တဲ့ နေရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မင်းအသုံးမကျ လို့ ရွေးကောက်ပွဲ ပြန်ဝင်ရတာလို့ ဆိုပြန်ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ သမ္မတဩဇာနဲ့  စွမ်းရည်အပေါ် ခြုံငုံဝေဖန်ခြင်း

ထရမ့်က တစ်နိုင်ငံလုံးက မင်းကြောင့် ပေါက်ကွဲနေတယ်။ မင်းကိုလေးစားမှုမရှိဘူး။ အမေရိကန် တပ်မတော်ကပင် မင်းကိုမလေးစားဘူး။ သမ္မတကို လေးစားမှုဆိုတာရှိရတယ်။ ကမ္ဘာတစ်ဝန်းကလည်း မင်းကို လေးစားတာမရှိဘူး။ အာဖဂန်မှာ ငါတို့ အမေရိကန်တွေက အရူးကောင်တွေလိုဖြစ်နေတယ်။ နေတိုး/ဥရောပနိုင်ငံတွေကိုလည်း သူတို့နိုင်ငံတွေ အလိုက် ထည့်ဝင်သင့်တဲ့ ရန်ပုံငွေတွေကို ထည့်ဝင်ဖို့ တိုက်တွန်းရမယ့်အစား အမေရိကန်ကပဲ အကုန် စိုက်ထုတ်ပေးပြီး မြှောက်ပင့်ပြောခံရတာကို ပျော်ပြီး နေတယ်။ တကယ်တမ်း နေတိုး/ဥရောပနိုင်ငံ ခေါင်း ဆောင်တွေက မင်းကိုမလေးမစားနဲ့ အမေရိကန် သမ္မတကို နောက်ကွယ်မှာ ဟားတိုက်စရာလိုမြင် လာတယ်။ ဂျူးတွေကိုလည်း အကာကွယ်မပေးနိုင်ဘူး။ ယူကရိန်းပြဿနာဟာလည်း မဖြစ်သင့်ဘူးလို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းပြည်သူများ စွာ မရေမတွက်နိုင်အောင် သေခဲ့၊ သေနေရတာ၊ ယူ ကရိန်းရဲ့ပြန်မရနိုင်တော့တဲ့ ရှေးဟောင်း ရွှေရောင် မြို့ပြအဆောက်အအုံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေပျက်စီးခဲ့ရတာ မင်းအသုံးမကျလို့ဆိုပြီးတော့လည်း ပြောခဲ့ပါသေးတယ်။

အမေရိကန်ရုရှားဆက်ဆံရေးနဲ့ပတ်သက်လို့ Wall Street Journal က Evan သတင်းထောက် Gershkovich က ပူတင်နဲ့ အင်တာဗျူးမှာ ပူတင်က ဘိုင်ဒန်ကို ရယ်စရာအရွှန်းဖောက်ခဲ့လို့ ဘိုင်ဒန်အစိုး ရက သတင်းထောက်ကို ထောင်ချခဲ့တယ်။ ကျွန်တော်သာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရရင်Wall Street Journal သတင်းထောက် Evan Gershkovich ကို ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပါ သေးတယ်။

"မင်းရဲ့(၃)နှစ်ခွဲတာ သမ္မတ သက်တမ်းဟာ ငါတို့အမေရိကန်ပြည်သူတွေအတွက်တော့ ငရဲပြည် ရောက်နေသလိုပဲ။ ပါလက်စတိုင်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေက အမေရိကန်ရဲ့နေရာတိုင်းမှာ အဓိကရုဏ်းတွေ ဖြစ်နေတယ်။ ဂျိုး မင်းဟာ အမေရိ ကန် သမ္မတ သမိုင်းမှာ အညံ့ဆုံးသမ္မတပဲ"လို့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့  နယ်စပ်ဖြတ်ကျော်ခိုးဝင်သူများဆိုင်ရာ ထောက်ပြခြင်း

    ထရမ့်က မိမိလက်ထက်မှာ အမေရိကန် နယ်စပ်စည်းရိုး တံတိုင်းများတည်ဆောက်ခဲ့သော်လည်း လစ်ဘရယ် ဒီမိုကရက် ဂျိုးဘိုင်ဒန်လက်ထက် အမေရိကန်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ (၁၈)သန်းခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ နယ်စပ်ခိုးဝင်သူတွေထဲမှာ နိုင်ငံစုံက စစ်တပ် အထူးသင်တန်းပြီးထားသကဲ့သို့ ကြံ့ခိုင်သူ သူလျှိုကဲ့ သို့လူတွေ၊ မှုခင်းစုံကျူးလွန်ခဲ့ဖူးသူတွေ၊ စိတ်ရောဂါ ဆိုင်ရာ မကျန်းမာသူတွေ၊ ဆေးစွဲဘိန်းစားတွေ အမေ ရိကန်မှာ နေထိုင်ခွင့်နဲ့ မထိုက်တန်သူတွေ များစွာပါရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန် သက်တမ်းအတွင်း လူယက်မှု၊ မုဒိမ်းမှု၊ ပစ်ခတ်မှုကြောင့် ပြည်သူနဲ့ ရဲတပ်ဖွဲ့ဝင် သေဆုံးမှုတွေမှာလည်း ခိုးဝင်ခို လှုံသူတွေ ပါဝင်ပတ်သက်နေခြင်းကိုလည်း ထောက်ပြခဲ့ပါသေး တယ်။ ဂျိုးဘိုင်ဒန်အစိုးရက လစ်ဘရယ်ဆန်ဆန် လူသားချင်းစာနာမှုကိုအကြောင်းပြ နိုင်ငံတကာမှာ မျက်နှာသာရရန်အလို့ငှာ ခိုးဝင်ခိုလှုံသူ တွေကိုတော့ အမိုးအကာနေရာကောင်းနဲ့ အစားအသောက်တွေ ပေးထားသလို တချို့ပြည်နယ်တွေမှာဆို ဖက်ဒရယ် အစိုးရက ခိုးဝင်တွေကို ဟိုတယ်ကြီးတွေမှာပါ စရိတ် ခံထားတည်းခိုစေခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ အမေရိကန်နိုင်ငံသား အိမ်ခြေမဲ့ဦးရေတိုးလာပြီး အစားအစာမဲ့၊ အလုပ်လက်မဲ့ လမ်းပေါ်အိပ်လမ်း ပေါ်စား အမေရိကန်နိုင်ငံသားများဘဝနဲ့နှိုင်းယှဉ်ကာ ဝမ်းနည်းစွာ ဝေဖန်ခဲ့ပါတယ်။

ကာကွယ်ရေးနဲ့ တပ်မတော်ဆိုင်ရာ အားနည်းချက်များကို ထောက်ပြခြင်း

   ဘိုင်ဒန်လက်ထက် ပြည်ပစစ်ပွဲတွေကို ထောက် ပံ့မှု အဆမတန် ကြီးမားလာခြင်းကြောင့် အမေရိကန် စစ်တပ်ရဲ့ ကာကွယ်ရေးစရိတ်ကို ချွေတာရာကနေ စစ်တပ်နဲ့ စစ်တပ်ပိုင်ဆိုင်မှု လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ တင့်ကား၊ စစ်လက်နက်၊ စစ်သည် စသည် တို့ရဲ့တီထွင်ပြင်ထိန်း ထုတ်လုပ်လေ့ကျင့်မှု စွမ်းပကား အားနည်းလာပါတယ်။ တပ်မတော်သားများနဲ့ တပ်မတော်သားဟောင်းတွေအပေါ် ထောက်ပံ့စောင့် ရှောက်မှုမှာလည်း လစ်ဟာမှုတွေ များစွာဖြစ်လာပါတယ်။ စစ်ပြန်၊ စစ်မှုထမ်းဟောင်း၊ တိုက်ပွဲတွင်း ကိုယ်လက်အင်္ဂါစွန့်မသန်စွမ်းစစ်သည်တွေ အိုးအိမ် မဲ့ အထောက်အပံ့မဲ့ လမ်းဘေးရောက်နေတာတွေကို ထောက်ပြဝေဖန်ခဲ့ပါတယ်။ အာဖဂန်ကစွန့်ခွာဖို့ နောက်ဆုံးရက်တွေကျမှ ဂျိုးဘိုင်ဒန်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ တပ်အကြီးအကဲတွေရဲ့ပေါ့လျော့မှုတွေ ကြောင့် ဗုံးခွဲတိုက်ခိုက်ခံသေခဲ့ရတဲ့ စစ်သည်အမျိုး သား အမျိုးသမီးပေါင်း (၁၃)ယောက်ရဲ့ သေဆုံးမှု ကိုလည်း နိုင်ငံတကာအလယ်မှာ အရှက်ရဖွယ်အဖြစ် ထောက်ပြခဲ့ပါတယ်။

စီးပွားရေး၊  ကုန်သွယ်မှုဆိုင်ရာနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ကုန်ကျစရိတ်ဆိုင်ရာ ဝေဖန်ထောက်ပြမှုများ

တရုတ်နဲ့ ကုန်သွယ်မှုအခွန်တွေကို တင်းကြပ်စွာ မစည်းကြပ်ဘဲ တရုတ်က ပိုက်ဆံအချို့ ဘိုင်ဒန်တို့ ဆီကို ရောက်သွားတယ် "ဘိုင်ဒန်နဲ့ သူ့သားဟန်တာ ဘိုင်ဒန်တို့ တရုတ်နဲ့ ရုရှားလုပ်ငန်းတွေကနေ အဂတိ လိုက်စားတယ်လို့ တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။ ဒီအတိုင်းသာလွှတ်ထားရင် တရုတ်တစ်နိုင်ငံတည်းအပေါ် တင်နေတဲ့ ကုန်သွယ်မှုလိုငွေကိုသာကြည့် တရုတ်က အမေရိကန်ကို အပိုင်သိမ်းသွားတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်လက်ထက် မထိန်းနိုင်မသိမ်းနိုင် နဲ့ တက်နေတဲ့ငွေကြေးဖောင်းပွမှုကနေတစ်ဆင့် ပြည်သူ/စားသုံးသူတွေရဲ့ နေ့စဉ် လူနေမှုကုန်ကျစရိတ် မြင့်မားလာတာဟာ ကိုဗစ်မတိုင်ခင် သူ့လက်ထက် နဲ့ယှဉ်ပါတယ်။ တချို့စားသုံးကုန်တွေမှာ (၄)ဆအထိ မြင့်တက်ခဲ့ကြောင်း လက်ရှိဈေးတွေက သက်သေရှိပါ တယ်လို့လည်းဝေဖန်ရာ ဂျိုးဘိုင်ဒန်မှာ ပြန်လည်တုံ့ ပြန်စရာစကားမရှိတော့တဲ့အဆုံး ငွေကြေးဖောင်းပွတာ ထရမ့်ချန်ခဲ့တဲ့အမွေဆိုးပါလို့ ပြန်လည်စွပ်စွဲပါ တော့တယ်။ ထရမ့်က မဟုတ်ဘူး မင်း စီးပွားရေးကို နားမလည်လို့ ခုလို(၄)ဆအထိ မတက်သင့်ဘဲတက် တာလို့ ပြန်လည်ချေပပါတယ်။

ကိုယ်ဝန်ဆောင်ချိန်လွန် ကိုယ်ဝန်ဖျက်ချမှု ဥပဒေဆိုင်ရာ ထောက်ပြချက်

  ဘိုင်ဒန်အစိုးရနဲ့ ဖက်ဒရယ်အစိုးရတချို့ရဲ့ ပြဋ္ဌာန်းမှုနဲ့ အတည်ပြုခဲ့တဲ့ ကိုယ်ဝန်ဆောင်ချိန်လွန် တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ခြင်း ဥပဒေအရ ကိုယ် ဝန်ဆောင်ချိန် (၈)လ၊ (၉)လမှ ကိုယ်ဝန်ဖျက်ချခွင့် ပြုခြင်းဟာ သိပ်ကိုလူမဆန်ရာရောက်တဲ့ ကလေးသူငယ်သတ်ဖြတ်ခြင်းနဲ့ မိခင်ပါသေစေနိုင်လောက်တဲ့ ဥပဒေမို့ လူသတ်သမားတွေလို့ ပြင်းထန်စွာဝေဖန်ခဲ့ပြီ။ ဒါတွေဟာ ဖြစ်မလာခင်ကတည်းက လူမှုအသိုင်း အဝိုင်းပညာရေးကစလို့ ကြိုတင်ပညာပေး ပြင်ဆင်ရ မယ်။ မဟုတ်ရင် ဒီဥပဒေက လူသတ်မှုပဲလို့ ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် ထရမ့်က "I will make Amer­ica great again."ငါအမေရိကန်ကို ကြီးမြတ်ပြည့် စုံကောင်းမွန်အောင် ပြန်လုပ်မယ်လို့ ထပ်မံကတိပေးခဲ့ပါသေးတယ်။     


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကနေဒါရွေးကောက်ပွဲသမိုင်းတစ်လျှောက် ဆန္ဒမဲတစ်မဲမှမရရှိခဲ့တဲ့ပထမဆုံးကိုယ်စားလှယ်လောင်း အမျိုးသား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved