လွိုင်ကော်မြို့မှ KNDF အဖွဲ့များ စတင်ဆုတ်ခွာနေပြီဖြစ်သော်လည်း မြို့တွင်ပြန်လည်အခြေချမည့်ဒေသခံများကို ခြိမ်းခြောက်မှုများလုပ်နေ

သန့်ဇင် (NSS) - ဇူလိုင် ၈
ကယားပြည်နယ် လွိုင်ကော်မြို့မှ KNDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ စတင်ဆုတ် ခွာနေရပြီဖြစ်သော်လည်း မြို့တွင်ပြန်လည်အခြေချမည့် ဒေသခံများကို ခြိမ်းခြောက်မှုများ လုပ်နေကြောင်း လွိုင်ကော်မြို့ခံများထံ NSS က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ထိုသို့ဆုတ်ခွာရသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်ပြေးမီဒီယာတစ်ခုဖြစ်သော Myanmar Now က ဇူလိုင်လ ၅ ရက် မနက်ပိုင်းတွင် “လွိုင်ကော်မြို့မှ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ” ဟု ဝန်ခံရေးသားထားသည်ကိုလည်း တွေ့မြင်ရသည်။KNDF နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၁ ရက်နေ့မှစတင်ကာ ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သော် လည်း ယခုအခါ တပ်မတော်၏ နယ်မြေရှင်းလင်းစစ် ဆင်မှုများကြောင့် ဆုတ်ခွာနေရခြင်းဖြစ်သည်။
“ ပြန်ဆုတ်သွားတယ်ဆိုတာက အရမ်းကြီး ပြန်ဆုတ်သွားတာမဟုတ်ဘူး။ မြို့ထဲမှာ ပြောက်ကျား နဲ့ ကြိုကြားကြိုကြားတော့ရှိနေတယ်။ ဒါပေမဲ့ အရင် ရှိနေတဲ့ နောင်ယားတို့၊ ဒေါဥခူတို့ဘက်မှာတော့ ဒီ ကောင်တွေ ဆုတ်သွားပြီ။ ဆုတ်သွားပြီးတော့ နမ့်ဘော်ဝမ်တို့ ကြည် သာယာတို့ဘက်မှာ ၆လ၊ ၇လလုံး လုံးမပြေးကြဘူး။ အဲဒီဘက်ကို ဝင်လှည့်လာတာပေါ့” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိ လွိုင်ကော်မြို့တွင် သက်ဆိုင်ရာပြည်နယ်အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်လည်လုပ် ဆောင်ပေးနေသဖြင့် မြို့ခံပြည်သူများ ဝင်ရောက်နေ ထိုင်ရန် ဆန္ဒရှိသော်လည်း KNDFလက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ခြိမ်းခြောက်ခြင်းများကြောင့် စိုး ရိမ်နေကြရကြောင်း အထက်ပါဒေသခံက ဆိုသည်။
“ ပြည်သူတွေတော်တော်များများကတော့ ပြန်ဝင်လာချင်ကြတယ်။ ဒါပေမဲ့ ဟိုကောင်တွေ ကာ ဆီးထားတာလေ။ အသက်အပိုပါရင်ဝင်ပေါ့။ အဲဒီလို ကြေညာထားတာ။ အစိုးရဘက်ကတော့ပြန်ဝင်တာ ကို ပိုပြီးလက်ခံကြိုဆိုတယ်။ တောင်ကြီး မီးသတ်က နေ လွိုင်ကော်-ဆီဆိုင်လမ်းအတိုင်း ကားတန်းကြီး နဲ့ အားလုံးပေါင်းခေါ်လာတာ။ အစစ်အဆေးတောင် သိပ်မရှိဘူး။ ချယ်ရီကုန်းဘက်က ဝင်တဲ့လမ်းတွေက တော့ အခက်အခဲရှိနိုင်တယ်။ ဘာလို့ဆို တပ်က အဲဒီ ဘက်ကိုထိုးနေပြီဆိုတော့ တိုက်ပွဲဖြစ်နိုင်တယ်။ အရင်တုန်းကတော့။ သူတို့က အဲဒီလမ်းကနေ ခရီး သည်တစ်ယောက်ဆိုရင် ဆက်ကြေးပုံစံမျိုး ကျပ် (၇၀ဝဝဝ)၊ ကျပ်(၈၀ဝဝဝ)တောင်းတာ”ဟု အထက်ပါမြို့ခံက ဆိုသည်။
လွိုင်ကော်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်လိုသည့် ဒေသခံများအနေဖြင့်လည်း တိုက်ပွဲ များ ထပ်မံဖြစ်ပေါ်လာနိုင်သည့်ပြဿနာအပြင် ပျက် စီးသွားသည့်နေအိမ်များကို ပြန်လည်တည်ဆောက် ရာ၌ ငွေကြေးကုန်ကျစရိတ်များပြားသည့် ပြဿနာ များနှင့် အဓိကရင်ဆိုင်နေကြရကြောင်း ၎င်းက ရှင်းပြသည်။
“ ပြန်လည် ထူထောင်ရေးလုပ်မယ်ဆိုရင် အင်မတန်မှခက်ခဲမယ့်အရာပေါ့။ ပြည်သူတွေဘက် ကပြန်ဝင်ချင်သော်လည်း တိုက်ပွဲပြန်ဖြစ်လာနိုင်တာ ကိုလည်း စိုးရိမ်နေကြရတာပေါ့။ တချို့ကလည်း ဘယ်လိုပဲဖြစ်ဖြစ်၊ တိုက်ပွဲပဲဖြစ်ဖြစ် နေကြမယ်ဆိုတဲ့ လူတွေလည်း ရှိတာပေါ့။ နောက်တစ်ခုက မြို့ခံတွေက ဒီဘက်ကိုပြန်လာပြီး စီးပွားပြန်လုပ်ဖို့က ကြာဦးမယ်။ အခုဖြစ်သွားတာဆို စီးပွားပျက်သွားကြတာလေ။ အဲဒီ က (၃)ထပ်အိမ်(၄)အိမ်ကြီးတွေမှာက ကျန်ခဲ့သမျှ ပစ္စည်းတွေ ပျောက်သွားတာ။ ဘာမှမကျန်တော့ဘူး။ အိမ်ကျန်တဲ့လူက ကံကောင်းတာပဲ။ တချို့အိမ်တွေ ဆို လက်နက်ကြီးဒဏ်မိသွားတယ်။ အဲဒါမျိုးတွေဆို ဖြိုပစ်ရမှာလေ။ အသစ်ပြန်ဆောက်တာကမှ တော် သေးတယ်။ ဖြိုလိုက်ရင် ဖြိုခရှိသေးတယ်။ အဲဒါမျိုး တွေကြောင့်လည်း တော်တော်များများက စိတ်အကြီး အကျယ် နာသွားကြပြီ”ဟု အထက်ပါသတင်းအရင်းအမြစ်က ထပ်မံပြောသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
20 May 2025 | နိုင်ငံရေး,ပြည်တွင်း
20 May 2025 | နိုင်ငံရေး,နိုင်ငံတကာ