Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ပွဲကိုရပ်တန့်ဖို့ မစွမ်းသာသော်လည်း အစ္စရေးအပေါ် ဖိအားတွေပေးဖို့ ကြိုးပမ်းလာတဲ့ ICC အပါအဝင် နိုင်ငံတကာတရားရုံးများ (ဆောင်းပါး)

Alynn (NSS) - ဇွန် ၁၃

ပြီးခဲ့တဲ့အပတ်က အစ္စရေးအတွက် နိုင်ငံတကာဥပဒေမျက်နှာစာမှာ ခက်ခဲခဲ့တာတွေ့ရပါတယ်။ အစ္စ ရေးပဋိ ပက္ခနဲ့ပတ်သက်လို့ လတ်တလော ကိုင်တွယ်ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတကာ တရားရုံးနှစ်ခုရှိပါတယ်။ အပြည်ပြည် ဆိုင်ရာ တရားရုံး ( ICJ ) နဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကိုတရားစွဲဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICJ တို့ပဲဖြစ်ပါတယ်။  ICJ က အရပ်သားတွေကိုထိခိုက်စေတဲ့ ရာဖာမှ အစ္စရေးရဲ့ထိုး စစ်တွေကို ရပ်တန့်ဖို့အမိန့်ပေးလိုက်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ  ICC ရဲ့ရှေ့နေ Karim Khan က အစ္စရေးနဲ့ ဟားမတ်စ် ခေါင်း ဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ တရားရုံးနှစ်ခုလုံးရဲ့ စီရင်ပိုင်ခွင့်အာဏာက နိုင်ငံတွေရဲ့ သဘောထားအပေါ် အခြေခံနေပါတယ်။ အစ္စရေးနဲ့ပတ်သက်တဲ့ လက်ရှိတရားစွဲဆိုမှုတွေမှာ  ICJ ရဲ့ တရားစီရင်ပိုင်ခွင့် က ၁၉၅၀ ပြည့်နှစ်မှာ အစ္စရေးအတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအပေါ် အခြေခံထားပါတယ်။ ICC ရဲ့ တရားစီ ရင်ပိုင်ခွင့်ကတော့ ၂၀၁၅ ခုနှစ်မှာ ICC က ပါလက်စတိုင်းကို ရောမဥပဒေ စာချုပ် ဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ် အခြေခံနေပါတယ်။ 

ခုလို တရားရုံးနှစ်ခုစလုံးက အစ္စရေးအပေါ် ဖိအားတွေပေးလာနေပေမယ့် အရာအားလုံးက မျှော်လင့်ထားသလို တစ်သမတ်တည်းတော့ဖြစ်မလာနိုင်ပါဘူး။ အမှန်တရားအနေနဲ့ကတော့ ခုချိန်ထိ ဂါဇာစစ်ပွဲရပ်တန့်ဖို့အတွက် ဘယ်လို မှ အခြေအနေမပေးသေးပါဘူး။ ICJ ရဲ့ဆုံးဖြတ်ချက်က တရားနည်းလမ်း ကျကျစီရင်ခြင်းထက် စစ်ပွဲကို ဘယ်လိုဆင်နွှဲ သင့်ကြောင်းကိုပဲ ထပ်တလဲလဲရည်ညွှန်းသလိုဖြစ်နေပါတယ်။ ဒီအမှုမှာ တောင်အာဖရိကက အစ္စရေးတို့ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ပေးဖို့  ICJ မှာ ဦးတိုက်လျှောက်ထားခဲ့ပေမယ့် တရားသူကြီးတွေကတော့ ယာယီရပ်တန့် ပေးဖို့သာ တွန်းအားပေးနေပါတယ်။ လက်ရှိမှာ တရားရုံးက အစ္စရေးအနေနဲ့ ဟားမတ်စ်တွေကို ဆက်လက်တိုက်ခိုက် ခွင့်နဲ့ အရပ်သားတွေ မထိခိုက်စေအောင် လုပ်ရမယ့်တာဝန်တို့အကြား ကွဲကွဲပြားပြားဖြစ်အောင် ရှင်းလင်းစေလိုပါတယ်။

ICJ  ရဲ့စီရင်ချက်က “လူမျိုးတုံးသတ်ဖြတ်ခြင်း” ဆိုတဲ့စကားလုံးကိုအသုံးမပြုဘဲ ဖြစ်နိုင်ခြေရှိ တယ်လို့ပဲ သုံးနှုန်း နေတာကို‌တွေ့ရပါတယ်။ ဒါပေမဲ့ ICJ က လူမျိုးတုံးသတ်ဖြတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း ပါအချက်ကို ကိုးကားပြီး “ဂါဇာရှိ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးသွားစေနိုင်သည့် အစ္စရေး၏ထိုးစစ်ကို ချက်ချင်းရပ် တန့်ရန်နှင့် ဂါဇာရှိအရပ်သားများကိုထိခိုက် စေနိုင်သည့် တခြားလုပ်ဆောင်မှုမှန်သမျှကို ချက်ချင်းရပ် တန့်ရမည်”လို့ ဖော်ပြထားပါတယ်။ အဆိုပါဆုံးဖြတ် ချက်ကို တရားသူကြီး ၁၅ ဦးအနက် နှစ်ဦးသာကန့်ကွက်ပြီး ၁၃ ဦးက ထောက်ခံခဲ့ပါတယ်။  ICJ ရဲ့ စီရင် ချက်မှာဖော်ပြ ထားတာက ရာဖာစစ်ဆင်ရေးမှာ အရပ် သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အခြေခံ လိုအပ်ချက်တွေကို အစ္စရေးက အကာအကွယ်ပေး ထားကြောင်း အာမခံချက်ပေးထားတယ်လို့ ပါရှိပါ တယ်။ ဂါဇာမှာရှိတဲ့ အရပ်သား (၈၀ဝဝဝ၀) ကျော် လောက်က ယခင်ကတည်းက ၎င်းတို့ရဲ့ အသက် အန္တရာယ်ကိုစိုးရိမ်တဲ့အတွက်ကြောင့် ရာဖာကနေ အိုးအိမ် စွန့်ခွာထွက် ပြေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း တရားရုံးရဲ့စီရင်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် အများစုက စားနပ်ရိက္ခာ၊ ရေ၊ သန့်ရှင်းရေး၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေနဲ့ လူသားမဆန်တဲ့ အခြေအနေတွေမှာ နေထိုင်နေရကြောင်း သိရပါ တယ်။

ICC ကတော့ မေလ ၂၀ ရက်က လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်ဖြင့် ရှေ့နေ Karim Khan က ပါလက်စတိုင်းသုံးဦးနဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ပါတယ်။ အစ္စရေး ခေါင်းဆောင်နှစ်ဦးကတော့ ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး Gallant တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က  ICC တရားသူကြီးတွေရဲ့ အတည်ပြုချက်ရဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့ ခုလိုဝရမ်းထုတ် ပေမယ့် အမှန်တကယ်ဖမ်းဆီးဖို့ကတော့ ဖြစ်မလာနိုင် တဲ့အနေအထားပါပဲ။ ဒါ့ပြင်  ICJ ရဲ့ဆုံးဖြတ်ချက်နဲ့ ICC တရား သူကြီးတွေအပေါ် အစ္စရေးရဲ့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်မှုတွေကသာ ပိုပြီး ထိတ်လန့်စရာကောင်းနေတာကို တွေ့ရပါတယ်။ ခုလို ဖမ်းဝရမ်းထုတ်ခြင်းမတိုင်မီ ဧပြီလနှောင်းပိုင်းမှာ ဝန်ကြီးချုပ်နေတန်ယာဟုက “အစ္စရေးက ၎င်း ရဲ့ရှိရင်းစွဲ ခုခံကာကွယ်ပိုင်ခွင့်ကို ထိပါးလာမယ့် ICC ရဲ့ မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို လက်ခံမှာမဟုတ်ဘူး” လို့ ပြော ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်လို့သာ တရားခွင်အကြိုစစ်ဆေးခြင်းမှာ အဆိုပါလျှောက်ထားချက်ကို လိုက်လျောမယ် ဆိုရင် ICC ရဲ့ ရောမဥပဒေပါအတိုင်း အဖွဲ့ဝင်ဖြစ်တဲ့ ဘယ်နိုင်ငံမဆို အဆိုပါပုဂ္ဂိုလ်တွေကို ICC တရားခွင်မှာ စစ်မေးခံဖို့ အတွက် ဖမ်းဆီးဖို့ တာဝန်ရှိမှာဖြစ်ပါတယ်။

ICC မှာ    တရားစီရင်ပိုင်ခွင့်ရှိပါသလား

ICC က ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးပါက အထက်တွင်ဆိုခဲ့သည့်အတိုင်း ပါလက် စတိုင်းအာဏာပိုင်တွေက တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံတယ်ဆိုတဲ့အချက်အပေါ် အခြေခံသွားမှာဖြစ်ပါတယ်။ ပါလက်စတိုင်းက ၂၀၁၅ ခုနှစ်ကတည်းက ICC ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ICC ရဲ့စီရင်ချက်က အဖွဲ့ဝင်အဖြစ် လက် မှတ်မထိုးရသေးတဲ့ အစ္စရေးအပေါ်မှာလည်း အကျိုးဆက် တွေရှိလာနိုင်မှာဖြစ်ပါတယ်။  ICC ရဲ့ ဥပဒေစည်းမျဉ်းတွေ၊ အခြေခံမူတွေနဲ့အညီ ပါလက်စတိုင်းအာဏာပိုင်တွေက ၎င်းတို့ရဲ့နယ်မြေနဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ပါတယ်။ ထို့အတူ ပါလက်စတိုင်း အာဏာပိုင်တွေက ဂါဇာမှာ အစ္စရေး တပ်ဖွဲ့တွေကျူး လွန်တဲ့ ရာဇဝတ်မှုတွေ ဒါမှမဟုတ် ဟားမတ်စ်ကဲ့သို့ ပါလက်စတိုင်းအုပ်စုတွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပေါ် တရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးဖို့ ICC ထံ တူညီတဲ့အခွင့်အာဏာ ပေးအပ်နိုင်ပါတယ်။ ဒါဟာ ယူကရိန်းမှာ ရုရှားကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICC က စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ ခွင့်ပြုပေးခဲ့တဲ့စည်းမျဉ်းနဲ့ အတူ တူပဲဖြစ်ပါတယ်။

ဂါဇာအမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ရပ်တည်ချက်က ‘ပါလက်စတိုင်းသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခုအဖြစ် အရည်အချင်းမပြည့်မီ သောကြောင့် ICC အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း အမည် တပ်ဖို့အရည်အချင်းမပြည့်မီ ပါဘူး။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံကဲ့သို့ ICC ထံ စီရင်ပိုင်ခွင့် အာဏာလွှဲအပ် ခြင်းပြုဖို့လည်း အရည်အချင်းပြည့်မီခြင်း မရှိပါ’ဆိုပြီး ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ဒီအမှုနဲ့ ပတ်သက်လို့ ငြင်းဆိုချက်ကို အလေးအနက်ထား ကြည့်မယ်ဆို အောက်ပါအချက်တွေနဲ့အညီ သုံးသပ်နိုင်ပါတယ်။

ပထမအချက်က ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် အပြည့်အဝဖြစ်ဖို့အတွက် နိုင်ငံတစ်ခုအဖြစ် အရည် အချင်းပြည့်မီဖို့ မလိုအပ်ပါဘူး။ ကုလသမဂ္ဂအထွေ ထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၆၇/၁၉ အရ “ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်သော လေ့လာသူ နိုင်ငံအဖြစ်” ၂၀၁၂ ခုနှစ် နိုဝင်ဘာလက သဘောတူ ခဲ့ပြီးဖြစ်ပါတယ်။  ဒုတိယအချက်အနေနဲ့က ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၁၄၃ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားပါတယ်။ တတိယအချက်အနေနဲ့ ၂၀၂၁ ခုနှစ် ICC တရားခွင်အကြိုစစ်ဆေးခြင်းမှာ ‘အပြည် ပြည်ဆိုင်ရာဥပဒေအရ ပါလက်စတိုင်း၏အခြေအနေ မည်သို့ပင်ရှိစေကာမူ ၎င်းရဲ့  ICC သို့ ဝင်ရောက်ခြင်းသည် မှန်ကန် ပြီး သာမန်လုပ်ထုံးလုပ်နည်းများကို လိုက်နာပါသည်”ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအချက်ပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ ပါလက်စတိုင်းကို ICC အဖွဲ့ဝင်အဖြစ် ကနေဒါကလွဲလို့ တခြားအဖွဲ့ ဝင်တွေက ကန့်ကွက်ခြင်းမရှိ လက်ခံခဲ့ပါ တယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ပါလက်စတိုင်းက နိုင်ငံအဖြစ်အရည်အချင်းမပြည့်မီဘူးဆိုတဲ့ အမေရိကန်ရဲ့ အကြောင်းပြချက်က ခရိုအေးရှား (၁၉၉၂)၊ ဘော့စနီးယားနဲ့ဟာဇီဂိုဗီးနား (၁၉၉၂)နဲ့ ကိုဆိုဗို (၂၀ဝ၆) တို့ကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်နဲ့ ရှေ့နောက်မညီညွတ်တဲ့ အပြု အမူလိုဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပါလက်စ တိုင်းအနေနဲ့ ICC ကို တရားစီပိုင်ခွင့်အာဏာ အပ်နှင်းဖို့ဆို နိုင်ငံအဖြစ် အသိအမှတ်ပြုခံစရာမလိုတာကို ဖော်ပြပါအချက်တွေက ညွှန်းဆိုနေပါတယ်။

ဂါဇာအမှုက ICC   ရဲ့ တရားဝင်မှုအပေါ် ဘယ်လိုခြိမ်းခြောက်မှုတွေရှိလာနိုင်သလဲ

ICC က ယခုအချိန်ထိတိုင်အောင် အဖွဲ့အစည်းသစ်တစ်ခုသာသာပဲရှိနေပြီး အာဖရိကနိုင်ငံ အများစုကြားမှာ ၎င်းတို့ရဲ့ တရားဝင်မှုက လျော့နည်း လာပါတယ်။ ဘာကြောင့်လဲဆို ICC ရဲ့ စုံစမ်းစစ်ဆေး ရေးဆောင်ရွက်မှုတွေက အာဖရိကနိုင်ငံတွေအပေါ် မမျှမတ ပစ်မှတ်ထားဆောင်ရွက်နေခြင်းကြောင့်လို့ သိရပါတယ်။ တခြားနိုင်ငံတွေ ဥပမာ အားဖြင့်  ICC က ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးစစ်ပွဲနဲ့ပတ်သက်လို့ စုံစမ်းမှုတွေဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခါ ၂၀၁၉ ခုနှစ်မှာ ဖိလစ်ပိုင်က အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားတာမျိုးပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ICC အနေနဲ့ အားနည်းတဲ့နိုင်ငံတွေအပေါ်သာဖိအား ပေးနိုင်သလိုဖြစ်နေပြီး အင်အားကြီးနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အမှုတွေမှာတော့ ၎င်းရဲ့ တရားဝင်မှုက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

နေတန်ယာဟုနဲ့ တခြားခေါင်းဆောင်တွေ ကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းက အခြားသူတွေအတွက် တော့ ဝမ်းမြောက်စရာဖြစ်နိုင်ပေမယ့် ဥရောပနိုင်ငံ တွေရဲ့ အထောက်အပံ့ပေါ်မှီခိုနေရတဲ့ ICC တရားရုံး အတွက်တော့ စိန်ခေါ်မှုတွေအများကြီး ရှိလာနိုင်ပါတယ်။ စစ်ပွဲစတင်ချိန်ကတည်းက ဥရောပနိုင်ငံအများစုက အစ္စရေးဘေးကင်းလုံခြုံ ဖို့အတွက် ကတိပြုပြီးသားဖြစ်နေပါတယ်။ ဥရောပနိုင်ငံတွေအတွက် ခုလိုအကျပ်ရိုက်စရာအခြေအနေမှာ ဂျာမနီလို ဒုတိယကမ္ဘာစစ်အပြီး အလေ့အထကောင်း တွေကျင့်သုံးဖို့ သန္နိဋ္ဌာန်ချမှတ်ထားတဲ့နိုင်ငံအတွက်တော့ အသိသာဆုံးအနေ အထားဖြစ်ပါတယ်။ ဂျာမနီအနေနဲ့ နုရင်ဘတ်ခုံရုံးရဲ့သဘောထားနဲ့အညီ နိုင်ငံတကာမှာ ရာဇဝတ်တရားမျှတမှုကို မြှင့် တင်ရန်နဲ့ အစ္စရေးနိုင်ငံရဲ့ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေး ရန် တာဝန်နှစ်ခုအကြား ဗျာများနေပါတယ်။

ဂါဇာအမှုနဲ့ပတ်သက်လို့ နိုင်ငံတွေအနေနဲ့ ဘယ်လိုပဲရပ်တည် ရပ်တည် တရားရုံးတစ်ခုအနေနဲ့ ယုတ္တိဗေဒဆန် ဆန် စီရင်ဆောင်ရွက်သင့်ပါတယ်။ ICC ရဲ့တရားဝင်မှုက အရေးအကြီးဆုံးဖြစ်တဲ့အလျောက် တရားလို ရှေ့နေတွေနဲ့ တရားသူကြီးတွေက ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပထဝီနိုင်ငံရေးအရသော် လည်းကောင်း၊ အကျိုးစီးပွားအရ သော်လည်း ကောင်း ထည့်သွင်းစဉ်းစားခြင်းမျိုးမပြုသင့်ဘဲ ဥပဒေစည်းမျဉ်းတွေအပေါ်သာ အခြေခံသင့်ပါတယ်။ အဲဒီ နည်းလမ်းက သာ တရားရုံးရဲ့ ရေရှည်တရားဝင်မှုကို တည်မြဲအောင်ထိန်းသိမ်းထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ ပထဝီဝင်နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရမယ့်အနေအထားတွေကိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တာဝန် အဖြစ်သာ ထားစေချင်ပါတယ်။

အခုဆိုရင် ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့  ICC ရော ICJ ရောက် အစ္စရေးအပေါ် အရေးစိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ တရားရုံးနှစ်ခုစ လုံးအနေနဲ့ ဂါဇာစစ်ပွဲကြီးကို ရပ်တန့်ဖို့ စွမ်းနိုင်ချင်မှ စွမ်းနိုင်ပါလိမ့်မယ်။ သို့သော်လည်း သူတို့ရဲ့ဆုံးဖြတ်ချက်တွေက အစ္စရေးကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလက်ခံဖို့ တွန်းအားတွေဖြစ် လာနိုင်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချောင်းနှစ်ခွအနီးတစ်ဝိုက်ရှိ ရွာခံများကို သတင်းပေးဒလန်ဟုစွပ်စွဲ၍ အယ်စေးဝါးတို့ အဖွဲ့က ကြုံသလို ခေါ်ယူသတ်ဖြတ်မှုများ လုပ်ဆောင်နေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved