လှိုင်မြစ်လယ်တွင် ကျောက်ချရပ်ထားသည့် ငါးဖမ်းစက်လှေတစ်စီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရ

သန့်ဇင် (NSS) - ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်မြစ်လယ်တွင် ကျောက်ချရပ်ထားသည့် ငါးဖမ်းစက်လှေတစ်စီးတွင် ဂတ်အိုးခေါင်းဖွင့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
မီးလောင်မှုသည် ယမန်နေ့(ဇွန်လ ၁၂ရက်)၊ မွန်းလွဲ ၂နာရီ ၂၀မိနစ်အချိန်ခန့်က လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ ရွှေဇင်ယော်ဟိန်း ငါးကုမ္ပဏီရှေ့၊ လှိုင်မြစ်လယ်တွင် ကျောက်ချရပ်နားထားသည့် ထူးထက်အောင်(၀၅၄)ငါးဖမ်းစက်လှေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစက်လှေတွင် ဂတ်အိုးခေါင်းဖွင့်ရာမှ မီးလောင်ခဲ့သည့်အတွက် အသက်(၅၁)နှစ်အရွယ် စက်ဆရာဦးကြည်စိုးတွင်(မစိုးရိမ်ရ) မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး စက်လှေပေါ်ရှိ ပစ္စည်းအချို့သည်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ အဆိုပါငါးဖမ်းစက်လှေမီးလောင်မှုကို လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရေကြောင်းရဲမှတပ်ဖွဲ့ဝင်များ၊ ပိတောက်ချောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အခြားအသင်းအဖွဲ့က ထွက်မီးငြှိမ်းသတ်ခဲ့ရာ ညနေပိုင်း ၃နာရီ ၂၀မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မီးလောင်ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါငါးဖမ်းစက်လှေ၏ ပဲ့နင်းကို ဗိုလ်တထောင်ရဲစခန်းမှ အမှုဖွင့်အရေးယူရန်စီ စဥ်ဆောင်ရွက်ထားကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲကိုရပ်တန့်ဖို့ မစွမ်းသာသော်လည်း အစ္စရေးအပေါ် ဖိအားတွေပေးဖို့ ကြိုးပမ်းလာတဲ့ ICC အပါအဝင် နိုင်ငံတကာတရားရုံးများ (ဆောင်းပါး)
RELATED POSTS
23 Apr 2025 | မှုခင်း,နိုင်ငံတကာ
02 Apr 2025 | မှုခင်း,နိုင်ငံတကာ
02 Apr 2025 | မှုခင်း,နိုင်ငံတကာ
28 Mar 2025 | မှုခင်း,ပြည်တွင်း