ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သန့်ဇင် (NSS) - ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဇွန်လ ၈ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX ကားကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ အဆိုပါကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ TOYOTA HILUX ကားမှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့သဖြင့် ကားပေါ်တွင် လိုက်ပါသည့် မျိုးကို(ခ)မျိုးကြီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ရဲကြီးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ် ၅ ဒသမ ၇ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ကီလို၊ ကက်တမင်း ၂၀၀ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ TOYOTA HILUX ကားပိုင်ရှင် ထက်ကြည်စိုးကို ဇွန်လ ၉ ရက်၊ နံနက် ၁ နာရီအချိန်က ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းအားဆက်လက် စစ်ဆေးချက်အရ ယင်းနေ့တွင် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံမြို့သို့သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော်ယာဉ်အား ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ ကားကြီးကွင်းရှေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် စိတ်ပြောင်းဆေးဝါးများအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ဆယ်ကျော်သက်တစ်ဦး တစ်ပတ်ကို စီးကရက် ၄၀၀ ခန့်နဲ့ညီမျှတဲ့ E Vape သောက်သုံးမိခြင်းကြောင့် ပြင်းထန်အဆုတ်ရောဂါနဲ့ ဆေးရုံတက်ရ
RELATED POSTS
14 Mar 2025 | မှုခင်း,နိုင်ငံတကာ
26 Nov 2024 | မှုခင်း,ပြည်တွင်း
26 Nov 2024 | မှုခင်း,ပြည်တွင်း