မန္တလေးမြို့လယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား

သန့်ဇင် (NSS) - ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပေါက်ကွဲမှုသည် ဇွန်လ ၁၂ ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ၈၃လမ်းနှင့် ၃၄လမ်းထောင်ရှိ ဇွဲထက်စိန်ရွှေ ရတနာဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်တဲ့အသံကိုတော့ကြားမိတယ်။ နောက်တော့ ဇွဲထက်နားမှာဖြစ်တယ်လို့ပဲသိရတာပါ။ လူထိခိုက်မှုမရှိဘူးလို့လည်း ကြားမိတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ NSS အနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတိအကျပြန်လည်ဖြေဆိုခြင်းမျိုး မရှိသေးပေ။အလားတူပြီးခဲ့သည့် ၂၀၂၂ခုနှစ် မတ်လ ၃၀ရက်ကလည်း ၈၄လမ်းနှင့် လမ်း ၃၀ထောက်ရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်တွင် ဆောင် ရွက်နေသည်ဟုဆိုကာ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် အပါအဝင် ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင်နှင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်တို့ကို ဖမ်းဆီးအရေးယူရန် ဆောင်ရွက်နေကြောင်း နစကဘက်က ထုတ်ပြန်ခဲ့ဖူးသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်များတွင်လည်း ယခုနှစ်အောင်ချက်အတိုင်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု မဟော်သဓာအထက်တန်းကျောင်း တာဝန်ရှိသူဆို
RELATED POSTS
23 Apr 2025 | မှုခင်း,နိုင်ငံတကာ
02 Apr 2025 | မှုခင်း,နိုင်ငံတကာ
02 Apr 2025 | မှုခင်း,နိုင်ငံတကာ
28 Mar 2025 | မှုခင်း,ပြည်တွင်း