ပင်လယ်ကွေ့နိုင်ငံ(၆)နိုင်ငံကို ဆက်သွယ်ပေးမယ့်ကီလိုမီတာ(၂၁၀ဝ)ကျော်ရှည်တဲ့ ပင်လယ်ကွေ့ မီးရထားလမ်းအကြောင်း (ဗဟုသုတဆောင်းပါး)

Pika (NSS) - ဇွန် ၁၂
ပင်လယ်ကွေ့မီးရထား လမ်း သို့မဟုတ် GCC Railway ဟု လူသိများသော ရထားလမ်း သည် အရှေ့အာရေးဗျ တွင်ရှိသော ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံစလုံးကို ချိတ်ဆက် ပေးမည့်တည်ဆောက်နေဆဲ ရထားလမ်းတစ်ခုဖြစ်သည်။ အဆိုပါ ရထားလမ်းကွန်ရက်သည် စုစုပေါင်းအရှည် (၂၁၇၇) ကီလိုမီတာရှိမည်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၂၅၀) ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြ ကြောင်းလည်းသိရသည်။
GCC အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံဖြစ်သော ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီးတို့ သည် ၎င်းတို့၏ပိုင်နက်အတွင်းတည်ရှိသော စီမံကိန်း၏အပိုင်းကို အကောင်အထည်ဖော်ရန် တာဝန်ရှိပြီး ကိုယ်ပိုင် ရထားလမ်းများ၊ ဌာနခွဲများ၊ ဘူတာရုံများနှင့်ကုန်စည် ပို့ဆောင်ရေးဂိတ်များကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စုစုပေါင်း ကုန်ကျစရိတ်ကို နိုင်ငံခြောက်နိုင်ငံစလုံးတွင်ရထားလမ်းကွန်ရက် အရှည်နှင့်အညီ အချိုးကျခွဲ ဝေပေးသွားမည်ဖြစ်သည်။ ရလဒ်အနေဖြင့် ယူအေအီးနှင့် ဆော်ဒီအာရေးဗျတို့က အဆိုပါစီမံကိန်းအတွက် ငွေကြေး အများဆုံးသုံးစွဲရမည်ဖြစ်ပြီး ၎င်းတို့၏နောက်တွင် အိုမန်၊ ကာတာ၊ ကူဝိတ်နှင့်ဘာရိန်းတို့ရှိမည်ဖြစ်သည်။ ဆော်ဒီအာ ရေးဗျမီးရထားကုမ္ပဏီသည် ဆော်ဒီအာရေးဗျနိုင်ငံရှိ ရထားလမ်း၊ ယူအေအီးနိုင်ငံရှိ Etihad ရထားလမ်း၊ အိုမန်နိုင်ငံရှိ အိုမန်ရထားလမ်းနှင့် ကာတာနိုင်ငံရှိ ကာတာရထားလမ်းတို့ကို တည်ဆောက်သွားမည် လည်းဖြစ်သည်။ သို့သော်လည်း စီမံကိန်း၏ ဘဏ္ဍာ ငွေ ထောက်ပံ့မှုအတွက် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး မတည်ငြိမ်သောရေနံဈေးနှုန်းများ၊ ပါဝင်သော နိုင်ငံများ၏ အကျိုးစီးပွားများတူညီမှုမရှိခြင်းတို့ကြောင့် စီမံကိန်းမှာ အတားအဆီးများနှင့်ရင်ဆိုင် ခဲ့ရကြောင်းသိရသည်။
အဆိုပါအချက်များကြောင့် ရထားလမ်း စီမံကိန်းမှာ မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည့် အချက်ကို အတိအကျထုတ်ပြန်ထားခြင်းမျိုးမရှိသေး ကြောင်းသိရသည်။ ပင်လယ်ကွေ့ရထားလမ်းစီမံကိန်းကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ကူဝိတ်စီးတီးမြို့၌ ကျင်းပသော အကြမ်(၃၀)မြောက် GCC ထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို အတည်ပြုချိန်တွင် ဆော်ဒီအာရေးဗျနိုင်ငံသည် ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အအုံများရှိသည့် တစ်နိုင်ငံတည်းသော GCC အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါစီမံ ကိန်းကို အပြီးသတ်ရန်အတွက် ယခင်ကသတ်မှတ်ထားသော အချိန်မှာ ၂၀၁၈ ခုနှစ် ဖြစ်သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလတွင် ရီယာ့ဒ်မြို့၌ကျင်းပသော GCC အဖွဲ့ဝင်နိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အပြီးသတ်မည့်အချိန်ကို ၂၀၂၁ခုနှစ်သို့ ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ဆော်ဒီမီးရထား အဖွဲ့ (SRO) ဥက္ကဋ္ဌ Mohamed A1 Suwaiketu ပင်လယ်ကွေ့မီးရထားလမ်းကို အိုမန်နှင့် ယူအေအီးတို့တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီဖြစ် ကြောင်းနှင့် လာမည့်(၂)လအတွင်း ဆော်ဒီ အာရေး ဗျတွင် စတင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာတာနိုင်ငံသည် ပင်လယ်ကွေ့ မီးရထား လမ်းစီမံကိန်းတွင် ပါဝင်သော ၎င်း၏အပိုင်း အတွက် တင်ဒါကို ၂၀၁၅ ခုနှစ် နွေရာသီတွင်အောင် မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါစီမံကိန်းကို ရပ်ဆိုင်ထားခဲ့ကြောင်းသိရသည်။ ၂၀၁၆ ခုနှစ် မတ် လတွင် ကာတာမီးရထားလမ်း၏ မန်နေးဂျင်းဒါရိုက်တာ Abdulla A1 Subaieu ကာတာနိုင်ငံသည် ပင်လယ် ကွေ့မီးရထားလမ်းစီမံကိန်းကို စတင်ရန်အဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း အခြား GCC အဖွဲ့ဝင်နိုင်ငံ များက ဆောက်လုပ်ရေးလုပ်ငန်းများ စတင်သည်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် Etihad မီးရထားလမ်းသည် ပင်လယ်ကွေ့မီးရထားလမ်းတွင်ပါဝင်သော ယူအေအီး၏ အပိုင်းအပါအဝင် ယူအေအီး ရထားလမ်း စီမံကိန်း၏ အဆင့်(၂)အတွက် တင်ဒါခေါ်ခြင်းကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။ ယူအေအီး၏မီးရထားလမ်း စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်မှာ ကျိုးကြောင်းဆီလျော်ကြောင်း ယူအေအီးအခြေခံ အဆောက်အဦးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Abdullah Belhaif A1 Nuaimi က ပြောကြားခဲ့သည်။ Abdullah Belhaif A1 Nuaimi” ကျွန်တော် တို့အပိုင်းကို ကိုယ်တိုင်မတည်ဆောက်ခင် အခြားနိုင်ငံတွေက အရင်တည်ဆောက်တာကို စောင့်ဆိုင်းနေတာမလို့ ဒီလို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ချက်က ကျိုးကြောင်းဆီလျော်ပါတယ်။”ဟုပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ် မေလတွင် အိုမန်နိုင်ငံက ၎င်းတို့သည် ပင်လယ်ကွေ့ရထားလမ်းစီမံကိန်းကို ခေတ္တရပ်ဆိုင်းထား ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အိုမန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Ahmed al- Futaisiu” ဒီစီမံကိန်းကို အကောင် အထည်ဖော်နေတဲ့နိုင်ငံတွေကြားမှာ စိန်ခေါ်မှုတစ်ခုရှိနေပါတယ်။ အချို့နိုင်ငံတွေက စီမံကိန်းကိုစတင်ခဲ့ပေမယ့် အချို့ ကတော့ ဒီဇိုင်းအတိုင်းလိုက်ပါလုပ်ဆောင်တာမျိုးမရှိခဲ့ပါဘူး။ ဒါကလည်း အိုမန်အတွက် စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အိုမန်က ပင်လယ်ကွေ့မီးရထားလမ်း စီမံကိန်းမှာ ၎င်းရဲ့အပိုင်းကို ပြီးခဲ့မယ်ဆိုရင်တောင် အခြားနိုင်ငံတွေက ၎င်းတို့ရဲ့ အပိုင်းကို စတင်တာမျိုး မရှိတာကြောင့် ချိတ်ဆက်မှုတွေ လုပ်ဆောင်လို့ ရမှာမဟုတ်ပါဘူး။ အိုမန်က ဒီစီမံကိန်းကို ဖျက်သိမ်းမှာမဟုတ်ပါဘူး။ အိုမန်ရဲ့အပိုင်းမှာ နှောင့်နှေးနေရတာက အခြားပါရှန်းပင်လယ်ကွေ့နိုင်ငံတွေဟာ ဒီစီမံကိန်း ရပ်တန့်ဖို့ ဆုံးဖြတ်ထားလို့ပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် အိုမန်အစိုးရသည် Salalah, Sohar နှင့် Duqm ဆိပ်ကမ်းများကို ချိတ်ဆက်သည့် ပြည်တွင်းရထားလမ်းကွန် ရက်ကို တည်ဆောက်ရန် အာရုံစိုက်ခဲ့ကြောင်းသိရ သည်။
ဘာရိန်းအစိုးရက ၎င်းတို့သည် ဆော်ဒီအာရေးဗျနိုင်ငံနှင့်ချိတ်ဆက်မည့် ပင်လယ်ကွေ့ ၂၀၂၃ ခုနှစ် မတိုင်ခင် အချိန်အထိ တည်ဆောက်မည်မဟုတ် ကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း ဘာရိန်းနိုင်ငံသည် ဆော်ဒီအာရေးဗျ နှင့်ချိတ်ဆက်မည့် အပိုင်းကိုတည်ဆောက်ပြီးပြီဆိုပါက ကူဝိတ်နိုင်ငံနှင့် ချိတ်ဆက်တည်ဆောက်ရန် ရည်ရွယ်ထား ကြောင်း လည်းသိရသည်။ GCC အဖွဲ့ဝင်နိုင်ငံများအကြား ဘတ်ဂျက်လိုငွေပြမှုကို ဖြစ်စေသည့် ရေနံနှင့် သတ္တုများ၏ ဈေးနှုန်းကျဆင်းမှုသည် ပင်လယ်ကွေ့ မီးရထားလမ်းစီမံကိန်းကို အဟန့်အတားဖြစ်စေသည့် အဓိကအကြောင်းအရင်း ဖြစ်ကြောင်း နိုင်ငံတကာမီးရထားဂျာနယ်၏ အယ်ဒီတာချုပ် Futaisi နှင့် David Briginshaw တို့ကပြောကြားခဲ့သည်။ David Briginshawu” ရေနံဈေးနှုန်းကျဆင်းမှုက ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ပြောရ မယ်ဆိုရင် ဒီစီမံကိန်းမှာပါဝင်တဲ့ အိုမန်ရဲ့ အပိုင်းက တွင်းထွက်ပစ္စည်းတွေကို ကမ်းရိုး တန်းတွေကို ယူဆောင်သွား နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒါပေမယ့် ဝယ်လိုအားမရှိဘူးဆိုရင် ဒီစီမံကိန်း တစ်ခုလုံးက မေးခွန်းထုတ်စရာဖြစ်လာပါ လိမ့်မယ်”ဟုပြောဆိုခဲ့သည်။ အဆိုပါ ပင်လယ်ကွေ့မီးရထားလမ်းစီမံကိန်းကို ရေနံဈေးနှုန်းမြင့်တက်နေသည့်ခေတ်တွင် ပထမဆုံးအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကို အဟန့်အတားဖြစ်စေသောအခြားစိုးရိမ်မှုများမှာ GCC အဖွဲ့ဝင်နိုင်ငံ၏ နိုင်ငံသား မဟုတ်သူ များအတွက် ဗီဇာပြဿနာများ၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများ၊ မှောင်ခိုကူးမှု၊ စီးပွားရေးပြိုင်ဆိုင်မှုများနှင့် ရထား လိုင်းများတွေ့ဆုံသင့်သည့်နေရာနှင့်ပတ်သက်ပြီး သဘောထားကွဲ လွဲမှုများဖြစ်ကြောင်းသိရသည်။ အဆိုပါ အဟန့် အတားများကြောင့် နှောင့်နှေးမှုများရှိနေသော်လည်း ပင်လယ်ကွေ့မီးရထားစီမံကိန်းမှာ ပြီးမြောက်သွားမည်ဟု အချို့ သူများကယုံကြည်နေကြသည်။ အမည်မသိသတင်းရင်းမြစ်တစ်ခုက” ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အစောဆုံးပြီးစီးမယ့် ရက်စွဲမှာ ၂၀၂၅ ခုနှစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီစီမံကိန်းပြီးစီးနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ၂၀၃၀ ပြည့် နှစ်ပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ တွင်းတွင် ဖွံ့ဖြိုးတိုးတက်မှုများရှိလာစေရန်အတွက် ပင်လယ်ကွေ့မီးရထားလမ်းကို လိုအပ်ကြောင်း ၂၀၁၇ ခုနှစ် မတ်လ(၇)ရက်နေ့တွင် ဒူဘိုင်းမြို့တွင် ကျင်းပသော အရှေ့ အလယ်ပိုင်း မီးရထားလမ်းဆိုင် ရာဆွေးနွေးပွဲနှင့်ပြပွဲတွင် GCC အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် Abdullatif A1-Zayani က ပြောကြားခဲ့သည်။ ဆော်ဒီအာရေးဗျ၊ ယူအေအီးနှင့် အိုမန်နိုင်ငံတို့သည် ပင်လယ်ကွေ့မီးရထားလမ်း စီမံကိန်း ကို အကောင်အထည်ဖော်ရာတွင် သိသိသာသာ တိုးတက်မှုများရှိလာကြောင်း GCC Chambers များအဖွဲ့ချုပ်၏ အထွေ ထွေ အတွင်းရေးမှူးချုပ် Abdul Rahim A1 Naqi က ၂၀၁၇ ခုနှစ် ဧပြီလ တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဘာရိန်းသည် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတကာကုမ္ပဏီတစ်ခုကို ခန့်အပ်ထားကြောင်း ၎င်း ကထပ်မံ ပြောကြားခဲ့သည်။ သို့သော်လည်း ကူဝိတ်နိုင်ငံရှိ စီမံကိန်းအပိုင်းမှာ အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် နှောင့်နှေးမှုများရှိခဲ့ကြောင်းသိရသည်။ အဆိုပါမီးရ ထားလမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုကို ကြီး ကြပ်ရန်အတွက် GCC မီးရထားအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရန် အဖွဲ့ဝင်နိုင်ငံများက အဆိုပြုထားကြောင်းလည်း သိရ သည်။ အဆိုပါစီမံကိန်းကို ကြီးကြပ်ရန်အတွက် အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခြင်းမျိုးမရှိသေးသော်လည်း လက်ရှိအချိန် အထိ GCC အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏နယ်မြေအတွင်းတွင် ပင်လယ်ကွေ့ မီးရထားလမ်းစီမံကိန်းကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ အဆိုပါစီမံကိန်းပြီးစီး သွားပါက GCC နိုင်ငံသားများသည် အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်နှင့်အတူ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမီးရထားလမ်းသည် ကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုများပေးခြင်းဖြင့် GCC အဖွဲ့ဝင်နိုင်ငံများ အကြား ကုန်သွယ်မှုကို မြှင့်တင်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြကြောင်းလည်းသိရသည်။ ပင်လယ်ကွေ့မီးရထားလမ်း စတင်လည်ပတ်သည်နှင့်တစ်ပြိုင်နက် အလုပ်အကိုင်ပေါင်း(၈)သောင်းကျော်ကို ပံ့ပိုးပေးနိုင်လိမ့်မည်ဟု GCC အဖွဲ့ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် Abdul Rahim Hassan Naqi ကပြောကြား ခဲ့သည်။ ပင်လယ်ကွေ့ မီးရထားလမ်းတွင် ဒီဇယ်စက်ခေါင်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ခရီးသည်တင်ရထားများ သည် တစ်နာရီလျှင် အမြန်နှုန်း (၂၂၀)ကီလိုမီတာဖြင့် ပြေးဆွဲ မည်ဖြစ်ကာ ကုန်တင်ရထားများက တစ်နာရီလျှင် အမြန်နှုန်း (၈၀)ကီလိုမီတာမှ (၁၂၀)ကီလိုမီတာကြား ပြေးဆွဲမည်လည်းဖြစ်သည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီးယူရွေးကောက်ပွဲတွင် ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့်ပါတီများ အနိုင်ရရှိမှုမြင့်မား
RELATED POSTS
01 Apr 2025 | ဆောင်းပါး,ပြည်တွင်း
01 Apr 2025 | ဆောင်းပါး,နိုင်ငံတကာ