မြန်မာနိုင်ငံတွင်သာတွေ့ရနိုင်သော ပုပ္ပားတောက်တဲ့ပျံမျိုးကွဲကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန် တိုက်တွန်း
စော (NSS) - ဇွန် ၁၁
မြန်မာနိုင်ငံတွင်သာတွေ့ရနိုင်သော ပုပ္ပားတောက်တဲ့ပျံမျိုးကွဲကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန် တိရစ္ဆာန်အရေးကျွမ်းကျင်သူတစ်ဦးက NSS မှတစ်ဆင့် တိုက်တွန်းပြောကြားထားသည်။
ပုပ္ပားတောက်တဲ့ပျံမျိုးစိတ်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ ပုပ္ပားတောင်အနီး တစ်ဝိုက်၌တွေ့ရနိုင်သော ရှားပါးမျိုးစိတ်ဖြစ်ပြီး အကောင်အရေအတွက်မှာ ခန့်မှန်းအားဖြင့် ရာဂဏန်း ခန့်ရှိမည် ဖြစ်ကြောင်း သိရသည်။ “အဓိကတော့ ပုပ္ပားမျောက်မြီးရှည်တွေလို မျိုးမျိုးဖောက်ပြီး အဲဒီလိုမျိုး ထိန်းသိမ်းဖို့မလိုသေး ဘူး။ အဓိကမဖမ်းဖို့၊ မသတ်ဖို့ပေါ့။ လူတွေက ဘယ်လို အယူမှားလဲဆိုတော့ သူတို့က အဆိပ်ရှိတယ်။ အဆိပ်ပြင်း ရှိတယ်။ ဒီတောက်တဲ့ပျံက လူကိုလာကပ်ပြီဆို ခွာလို့မရဘူး။ အကောင်ကိုသတ်လိုက်မှ ခွာလို့ ရတယ်လို့ အဲဒီလိုအယူအဆမှားရှိတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူး တောက်တဲ့ကပ်တာကခွာလို့ရ တယ်” ဟု တိရစ္ဆာန်အရေးကျွမ်းကျင်သူက ပြောသည်။
ပုပ္ပားတောက်တဲ့ပျံမျိုးစိတ်သည် အခြား တောက်တဲ့များနှင့် အရွယ်အစားတူညီပြီး ထူးခြား ချက်မှာသစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးခြင်း၊ သစ်ပင်ပေါ်မှ အောက်သို့ဆင်းရာတွင် လေဟုန်စီးနိုင် သော အမြီးပြားရှိကြောင်း သိရသည်။ “အခုကထိန်းသိမ်းဖို့ဆိုတာထက် ဒီကောင်အကြောင်းကို ကျွန်တော်ကသေချာ ဂဃနဏမသိဘူး။ ထိန်းသိမ်းဖို့အတွက် လှုံ့ဆော်ရုံ သက်သက်ပဲ အဲလောက်ပဲ ကျွန်တော်တို့ တတ်နိုင်တယ်။ နောက်ပိုင်း နားလည်တဲ့အဖွဲ့တွေနဲ့ပေါင်းပြီးမှ ဘာတွေလိုအပ်လဲ လိုအပ်တဲ့ဟာကို ကျွန်တော်တို့လိုက်လုပ်ပေါ့။ အခုက အကောင်ပဲတွေ့ လိုက်သေးတာ။ ဒီအကောင်က ကျွန်တော်တို့ဆီမှာ ပေါပေါများများ ရှိလား/ မရှိလား မသိသေးဘူး။ အဲဒီတော့ နားလည်တဲ့လူနဲ့တိုင်ပင် ဒီကောင်အရေအတွက်ဘယ်လောက်ရှိလဲ။ ဘာလုပ်ပေးရမလဲ။ သူတို့နဲ့တိုင်ပင်ပြီးမှ ဆက်လုပ်ရမှာ အခုကထိန်းသိမ်းဖို့အတွက် လှုံ့ဆော်ရုံသပ်သပ် ပဲရှိသေးတယ် ” ဟု မဟာဂီရိ Community Base Geotourism Services မှ ကိုတင်ကိုမင်းက ပြောသည်။
အဆိုပါ တိရစ္ဆာန်သည် နေ့ခင်းပိုင်းတွင် သစ်ပင်အခေါင်း၊ ကျောက်ကြိုကျောက်ကြား၊ ချုံပုတ် နှင့် သစ်ခေါင်းများတွင် နေထိုင်ကြပြီး ညအချိန်မှသာ အစာရှာထွက်လေ့ရှိကာ အင်းဆက်အသေးစားများကို စားသုံးလေ့ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီ၌ ဆီအုန်းစိုက်ဧက (၄) သိန်း နီးပါးရှိသော်လည်း လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ခြင်းမရှိ
RELATED POSTS
26 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
20 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ