Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်းရှိ နေရာအချို့သို့ Adventure Trip ပါဝင်သော ညအိပ် Camp ခရီးစဉ် စီစဉ်ပေးရန် ပြည်ပခရီးသွားများက တောင်းဆိုမှုရှိနေ

ယွန်း(NSS) - ဇွန် ၁၁

ပြည်တွင်းရှိ နေရာအချို့သို့ Adventure Trip ပါဝင်သော ညအိပ် Camp ခရီးစဉ်များ စီစဉ်ပေးရန် ပြည်ပခရီးသွားများက တောင်းဆိုမှုများရှိနေကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 


မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် အပန်းဖြေစခန်း ဆောင်ရွက်သူများ တရားဝင်လည်ပတ်ရပ်တည်နိုင်ရေးအတွက်   Day Trip များ၊ Camp များ လုပ်ငန်းလိုင်စင် ရရှိရေးကို ပြောဆိုညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်းသိရသည်။ “ အပန်းဖြေ ရိပ်သာတွေ၊ အပန်းဖြေစခန်းတွေ လုပ်ထားတဲ့သူတွေကကျတော့ သက်ဆိုင်ရာကနေ ယာယီခွင့်ပြုချက်လက်မှတ်တွေ၊ လိုင်စင်တွေရယူဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း တင်ပြနေပါတယ်။ ဥပမာ- အပန်းဖြေစခန်းဆိုရင် ဟိုတယ် လိုင်စင်မျိုးလည်းမဟုတ်ဘူးဖြစ်နေတာပေါ့။ အဲဒီတော့ တခြားဝန်ဆောင်မှုလိုင်စင်ကိုရယူဖို့လည်း ပြောထားပါတယ်။ နိုင်ငံတော်ကိုလည်း တင်ပြထားပါတယ်။ ပေးသင့်ပေးထိုက်တဲ့ ကိစ္စလည်း ဖြစ်ပါ တယ်။ ကျွန်တော်တို့ဘက်ကလည်း တွန်းအားပေးထားပါတယ် ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NSS ကို ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာများကဲ့သို့ အပန်းဖြေရိပ်သာများနှင့် အပန်းဖြေစခန်းများ ကို အခြားဝန်ဆောင်မှု လိုင်စင်ရရှိရေးအတွက် တင်ပြထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လိုင်စင်ရရှိရေးအတွက် ဆောင်ရွက်မှုများရှိနေကြောင်းသိရသည်။ ထို့ပြင် ပြည်ပနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၌ adventure ပုံစံခရီးသွားရခြင်းကို စိတ်ဝင်စားလျက်ရှိပြီး  Day return trip နှင့် တစ်ညအိပ် ခရီးစဉ် သွားရောက်ရန် တောင်းဆိုမှုများလည်းရှိနေကြောင်း သိရသည်။

“ ပြည်ပခရီးသွားအနေနဲ့ ကြည့်မယ်ဆိုရင် တချို့တွေက အဲဒါမျိုးတွေကို စိတ်ဝင်စားတာရှိ ပါတယ်။ မြို့ပြကိုမကြိုက်ဘူး တောတောင်ထဲမှာသွားကြည့်တာမျိုး ၊ Adventure ပုံစံမျိုးနဲ့ လှေအပျော် စီးမယ် ဆိုတာမျိုးတွေကို တောင်းဆိုတာမျိုးတွေရှိတယ်။ ဒါပေမဲ့ လက်ရှိက လိုင်စင်မရသေးတဲ့အပေါ်မှာ စီစဉ်မယ်ဆိုရင် အဆင်မပြေဘူးလေ။  Day return trip ဆိုရင်တော့ အဆင်ပြေပါတယ်။ မနက်ခင်း သွားတယ်။ ညကျရင်ဟိုတယ်မှာပြန်အိပ်တာမျိုးက တော့ လုပ်လို့ရပါတယ်။ လိုင်စင်ရယူထားတဲ့ ဟိုတယ်မှာပဲ တည်းရတာဖြစ်တဲ့အတွက် ခုလောလောဆယ် နိုင်ငံခြားသားကိုတော့ တစ်ညအိပ်ခရီးစဉ် တော့ ကျွန်တော်တို့ လုပ်လို့မရသေးပါဘူး။ Day Return Trip ဆိုရင်တော့ အနည်းနဲ့အများ စီစဉ်နေတာ လေးတွေတော့ ရှိပါတယ်။ ပြည်ပစိတ်ဝင်စားမှုကတော့ ရှိပါတယ်'ဟု ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆိုသည်။

တရားဝင်လိုင်စင်ရယူဆောင်ရွက်ခြင်းကြောင့် ခရီးသွားများအနေဖြင့် ၎င်းတို့၏ရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်မည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ထိုက်သင့်သည့် အခွန်ငွေများကို ရရှိနိုင် ကြောင်း သိရသည်။ ပြည်တွင်း၌ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်၍ ပြည်ပ ခရီးသွားဝင်ရောက်မှု နည်းပါးလျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် နယ်စပ်ဒေသမှ (၈)သိန်းခန့် ဝင် ရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်မှ (၃)သိန်းကျော်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ခရီးသွားဦးရေ (၁)သန်း ကျော်ခန့်သာရှိခဲ့သည်။       

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံတွင်သာတွေ့ရနိုင်သော ပုပ္ပားတောက်တဲ့ပျံမျိုးကွဲကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန် တိုက်တွန်း

RECENT POSTS
အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
20 May 2025
NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များလုပ်ခဲ့ဟု နစကဥက္ကဋ္ဌဆို
20 May 2025
အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ အမေရိကန်နဲ့ယူအေအီးတို့ သဘောတူ
20 May 2025
ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော
20 May 2025
UEC ကို မင်းသားခန့်စည်သူ သိန်း ၂၀၀ ဖိုး လှူဒါန်းခြင်း၊ လားရှိုးမှာ လဝက လုပ်ငန်းတွေ ပြန်စပြီ၊ မပြေလည်သေးတဲ့ ချန်းရီဖိနပ်စက်ရုံအလုပ်သမားကိစ္စ၊ NUG-PDF တို့ရဲ့ကမ္ဘာ့ပထမဆုံး ထူးခြားတဲ့လက်နက်(၁၉၊၅၊၂၀၂၅)
19 May 2025
(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်မည် ကို တိုးမြှင့်မည်
19 May 2025
ပြင်သစ်တွင် Made in Myanmar ထုတ်ကုန်များ ပြသမည်
19 May 2025
ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦး အုပ်စုဖွဲ့အရိုက်ခံရ
19 May 2025
ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော
19 May 2025
အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား
19 May 2025
အီရန်နဲ့ အဇာဘိုင်ဂျန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်
19 May 2025
KNU စောထူးထူးလေး ကွယ်လွန်မှုနဲ့ EAO ခေါင်းဆောင်ဟောင်းတို့ ရွက်ဟောင်းကြွေချိန်၊ UEC နဲ့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီကြားက အလွဲ၊ ဇူလိုင်လ ကြားဖြတ်အစိုးရ အဖွသတင်း၊ ဟာသ သရုပ်ဆောင်စူပါလင်းရဲ့ယာဥ်မတော်တဆမှု (၁၈၊ ၅၊ ၂၀၂၅)
18 May 2025
အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော
18 May 2025
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
18 May 2025
အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်
18 May 2025
နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ
18 May 2025
“ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့အနုပညာရှင်တစ်ဦးရဲ့ယာဉ်တိုက်မှုသတင်း”
18 May 2025
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
18 May 2025
CDF Mindat က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလုပ်ဆောင်
18 May 2025
အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ
18 May 2025
FOLLOW US

Copyright © News Services Station | All Right Reserved