Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောက်ဖြူ SEZ ရှိ လယ်ပိုင်အိမ်ထောင်စု(၃၀ဝ)နီးပါးအတွက် အစားထိုးလယ်ယာများ ပြန်ပေးနိုင်ရေးတင်ပြထား

ယွန်း (NSS) - ဇွန် ၁၀

ကျောက်ဖြူ SEZ အတွက် လယ်ယာမြေများရောင်းချမည့် အိမ်ထောင်စု(၃၀ဝ)နီးပါးကို အစားထိုးလယ်ယာများ ပြန်ပေးနိုင်ရေး တင်ပြထားကြောင်း ကျောက်ဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ကျောက်ဖြူ SEZ စီမံကိန်းအတွက် စုစုပေါင်းမြေဧက(၄၈၀ဝ)ကို အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါမြေဧကများအနက်မှ ဧက(၁၀ဝဝ) နီးပါးကို ကျောက်ဖြူဒေသခံများထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


“ SEZ အတွက် စုစုပေါင်း သုံးမှာက ဧက(၄၈၀ဝ)ပေါ့။  လယ်သမားတွေဆီက ဝယ်တာက ဧက (၁၀ဝဝ) ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ အကြမ်းဖျင်းအားဖြင့်တော့ မိသားစု(၂၀ဝ) ကျော်၊ (၃၀ဝ) လောက်တော့ရှိမယ်။ ကျန်တာတွေက မြေလွတ်မြေလပ်မြေရိုင်းတွေများတယ်။ တောင်ကုန်းတောင်တန်းတွေများတယ်။ စစချင်းလုပ်ရင်တော့ ဧက(၂၅၀)လောက်ကနေစလုပ်မယ်။ အဲဒီမှာဆိုလယ်သမားတွေပိုင်တာ ဧက(၁၀ဝ)လောက်ပဲရှိတယ်”ဟု ကျောက် ဖြူဒေသခံတစ်ဦးက NSS ကိုပြောသည်။

နစကအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ အဓိကဆောင်ရွက်ရမည့် မြေလျော် ကြေးကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်မူဝါဒများကိုချထားပြီး အဆိုပါလုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌကပြီးခဲ့သည့် ရက်ပိုင်းက တိုက်တွန်းထားသည်။ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံများထံမှ မြေတစ်ဧကလျှင် ငွေကျပ်သိန်း(၃၀ဝ)နီးပါးဖြင့် လျော်ကြေးငွေပေးချေသွားမည်ဖြစ်ပြီး လျော်ကြေး ငွေပေးချေပြီးနောက် ၎င်းတို့အတွက် အစားထိုးလယ်ယာများပြန်ပေးနိုင်ရေးကိုလည်း ကျောက်ဖြူမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

“ကျောက်ဖြူဒေသက မိသားစုတစ်စုကိုလည်း လယ်ဧက(၃)ဧက၊ (၅)ဧကလောက်ပဲ ပိုင်တာ။ အဲဒီကရတဲ့ငွေကို ဝမ်းစာလုပ်ရတာ။ လျော်ကြေးငွေတစ်ခုတည်းနဲ့ သိမ်းသွားတယ်ဆိုရင်သူတို့တွေက အလုပ်လက်မဲ့တွေဖြစ်ကုန်မယ်။ ပြီးရင်မြေပိုင်ဆိုင်မှုမရှိတဲ့သူတွေ ဖြစ်သွားမယ်။ ထိုက်သင့်တဲ့လျော်ကြေးတော့ရတယ်။ ဒါပေမဲ့ လျော်ကြေးငွေနဲ့ကရင်းနှီးမတည် လုပ်စားဖို့က ဒီလိုခေတ်ကြီးမှာ လုပ်နေကျအလုပ်လည်းမဟုတ်တော့ သူတို့မလုပ်တတ်ဘူး။ လုံလောက်တဲ့ အတိုင်းအတာလည်း မဟုတ်တော့ ဒီငွေတွေက ခဏလေးနဲ့ကုန်သွားမှာ။ အဲဒီလိုဆိုရင် သူတို့တွေရဲ့ဘဝတွေက အလုပ်ကြမ်း သမားတွေ ဖြစ်ကုန်မယ်။ အဲဒါကြောင့်မို့လို့ အစားထိုး လယ်ယာပေးဖို့ တောင်းဆိုတာပေါ့။ ရခိုင်မှာက မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေများတယ်။ အဲဒီလိုသာ အစားထိုး လယ်ယာပေးမယ်ဆိုရင် သူတို့က မြေလည်း မပျောက်တော့ဘူး။ အလုပ်လည်း မပျောက်တော့ဘူး။ အစားထိုးလယ်ယာလေးတွေ ပေးဖို့ တောင်းဆိုထားတယ်။ ပြည်နယ်အစိုးရတို့ ဘာတို့ကလည်း ယေဘုယျအားဖြင့် သဘောတူထားတယ်။ နိုင်ငံတော်အကြီးအကဲ လာတုန်းကလည်း တင်ပြထားတယ်”ဟု အထက် ပါ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်ဖြူ SEZ တွင် ပါဝင်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ construction (ဆောက်လုပ်ရေးလုပ်ငန်း)များကို ယခုနှစ်(၂၀၂၄ ခုနှစ်) နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် လျာထားကြောင်း စီမံကိန်းနှင့်ပတ်သက်သည့် အသိုင်းအဝိုင်းထံမှသိရသည်။ ကျောက်ဖြူ အထူးစီးပွား ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စပ်လျဉ်းသည့် နောက် ဆက်တွဲစာချုပ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ- တရုတ်နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဂံဘုရားသို့လာရောက်သူ(၁၀ဝ)တွင် (၂၀)ဦး၏ မဆင်မခြင်လုပ်ရပ်ကြောင့် ရှေးဟောင်းနံရံပန်းချီ နှင့် အင်္ဂတေပန်းလက်ရာများ ပျက်စီးနေရ

RECENT POSTS
ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ ပါတီအား နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပိတ်ပင်
16 Jul 2024
တင်းမာမှုများရှိနေချိန်တွင် အမေရိကန်က ဂျာမနီတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ချထားတော့မည်
16 Jul 2024
ယူကရိန်းနှင့်စစ်ပွဲတွင် လူသစ် နှစ်သိန်းနီးပါး စုဆောင်းနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
16 Jul 2024
နေတိုးအဖွဲ့ နှင့် အစ္စရေးတို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို လက်မခံကြောင်း တူရကီသမ္မတပြော
16 Jul 2024
မန္တလေးမြို့သို့ ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို ရင်ဆိုင်နေကြရ
16 Jul 2024
နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် ကား(၂)စီးကို ကားတစ်စီးကနောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ(၈)ဦးဒဏ်ရာရ
16 Jul 2024
မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သံတွဲမြို့ခံအချို့ မေးခွန်းထုတ်
16 Jul 2024
ဘဏ်များတွင် ငွေသားများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို လစာပေးနိုင်ရေး အခက်အခဲရှိလာနိုင်
16 Jul 2024
BIGBANG ရဲ့အဖွဲ့ဝင် တေးယန်းက (၇)နှစ်အတွင်း ပထမဆုံး တစ်ကိုယ် တော်ဖျော်ဖြေပွဲ ကျင်းပမည်
16 Jul 2024
စင်ကာပူနိုင်ငံ Jurong Point ကုန်တိုက်မှာ အသက်(၉)နှစ်အရွယ် ကလေးတစ်ဦး စက်လှေကားညပ်ပြီး ဆေးရုံတင်ခဲ့ရ
16 Jul 2024
တောင်တရုတ်ပင်လယ်၌ တရုတ်တို့ တစ်ဖက်သတ်ကြေညာသည့် ရေပြင်ဧရိယာ နှစ်ဆ တိုးလာ
08 Jul 2024
အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့အတူ မြေပြိုမှုများဖြစ်ပွားပြီး (၁၁)ဦးသေဆုံးကာ (၁၉)ဦးပျောက်ဆုံးနေ
08 Jul 2024
တိုက်ခိုက်မှုတွေရှိလာလျှင် တရုတ်ကို လက်တုံ့ပြန်မည်ဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ်ပြော
08 Jul 2024
ကနေဒါရွေးကောက်ပွဲသမိုင်းတစ်လျှောက် ဆန္ဒမဲတစ်မဲမှမရရှိခဲ့တဲ့ပထမဆုံးကိုယ်စားလှယ်လောင်း အမျိုးသား
08 Jul 2024
"ဂျိုးသာ ပြည့်စုံတဲ့ သမ္မတဖြစ်ခဲ့ရင် ကျွန်တော် ဒီစင်ပေါ်မှာ သူနဲ့အတူရှိနေမှာ မဟုတ်ဘူး" (ဒေါ်နယ်ထရမ့်) (ဘာသာပြန်ဆောင်းပါး)
08 Jul 2024
ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
08 Jul 2024
လွိုင်ကော်မြို့မှ KNDF အဖွဲ့များ စတင်ဆုတ်ခွာနေပြီဖြစ်သော်လည်း မြို့တွင်ပြန်လည်အခြေချမည့်ဒေသခံများကို ခြိမ်းခြောက်မှုများလုပ်နေ
08 Jul 2024
ရေငုပ်သင်္ဘောတွေ ကူညီထောက်ပံ့ပေးဖို့ ယူကရိန်းရေတပ်အကြီးအကဲတောင်းဆို
08 Jul 2024
တက်သစ်စအဆိုတော်တစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု မြို့သစ်မြို့နယ်တွင်ဖြစ်ပွား
08 Jul 2024
ယူကရိန်းနိုင်ငံကို နှောင့်နှေးမှုမရှိဘဲ F-16 အမျိုးအစားတိုက်လေယာဉ်တွေ လွှဲပြောင်းပေးတော့မယ်လို့ နယ်သာလန်အစိုးရ ထုတ်ဖော်ပြောဆို
08 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved