ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်နေသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်သူ ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေ

ယွန်း (NSS) - ဇွန် ၃
ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်နေသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်သူ ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း နစကမှ ယမန်နေ့ (ဇွန်လ ၂ ရက်) တွင် အသိပေးထုတ်ပြန်ထား သည်။
နစကအနေဖြင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်သည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်နေကြောင်း သတင်းအရ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများ အပါအဝင် စုစုပေါင်း ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း နစကမှ ဆိုထားသည်။
၎င်းတို့၏ ထွက်ဆိုချက်အရ ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်မှ ဆောင်ရွက်နေသူ ၁၀ ဦးကို ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရန် ဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်ရှိဖမ်းဆီးရမိထားသည့် ပွဲစားများ အပါအဝင် စုစုပေါင်း ၂၁ ဦးကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ဝ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ် တင်းမာမှုအရှိန် ဆက်လက်ပြင်းထန်လာ
RELATED POSTS
25 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း