Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖိလစ်ပိုင်စစ်တပ်နှင့်အစွန်းရောက်ဝါဒီ စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား(၆)ဦးနှင့် စစ်သွေးကြွအဖွဲ့ဝင်(၁)ဦးသေဆုံး

Pika (NSS) - ဖေဖော်ဝါရီ ၁၉ 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် စစ်တပ်နှင့် အစွန်းရောက်ဝါဒီ စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား (၆)ဦး နှင့် အစွန်းရောက်ဝါဒီ စစ်သွေးကြွအဖွဲ့ဝင်(၁)ဦးတို့ သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ(၁၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော ကတ်သလစ်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ပါဝင်သည်ဟု သံသယရှိသူ စစ်သွေးကြွအဖွဲ့ဝင်များကို စစ်တပ်က လိုက်လံရှာဖွေနေချိန်တွင် ယခုကဲ့သို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


စစ်တပ်နှင့် စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲသည် Mindanao ကျွန်း Munai မြို့အနီးရှိ တောထဲတွင် ဖေဖော်ဝါရီလ (၁၈)ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Louie Dema-ala က ပြောကြားခဲ့သည်။

၎င်းက "ဒါဟာ Dawlah Islamiyah စစ်သွေးကြွအဖွဲ့ကို ဆန့်ကျင်တဲ့စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဘက်က အသေအပျောက်များခဲ့ပါတယ်" ဟု ပြောခဲ့သည်။ 

အဆိုပါတိုက်ပွဲအတွင်း နောက်ထပ်စစ်သား(၄)ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Louie Dema-ala က ပြောကြားခဲ့သည်။  ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက်တွင် Marawi မြို့မှာဖြစ်ပွားခဲ့သော ကတ်သလစ်ဘုရားကျောင်း ဗုံးခွဲမှုအတွက် ၎င်းတို့တွင်တာဝန်ရှိကြောင်း Dawlah Islamiyah စစ်သွေးကြွအဖွဲ့က ထုတ်ဖော်ပြောထားသည်။ 

အဆိုပါဗုံးခွဲမှုကို လုပ်ဆောင်ခဲ့သူဟု စွပ်စွဲပြောဆိုခံထားရသော ခေါင်းဆောင် Khadafi Mimbesa အပါအဝင် Dawlah Islamiyah စစ်သွေးကြွအဖွဲ့ဝင်(၁၀)ဦးကို ပြီးခဲ့သည့်လတွင် သတ်ပစ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ဆယ်စုနှစ်ကျော်ကြာ ဖြစ်ပွားနေသော မငြိမ်မသက်မှုများအတွင်း စစ်သွေးကြွအဖွဲ့ များသည် ဘတ်စ်ကားများ၊ ကတ်သလစ်ဘုရား ကျောင်းများ နှင့် ဈေးများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရသည် နိုင်ငံအတွင်း အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Moro Islamic Liberation Front နှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်နက်ကိုင်ပုန်ကန်မှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ISIS အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်သော စစ်သွေးကြွများ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အုပ်စုငယ်အချို့က အဆိုပါငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ဆန့်ကျင်လျက်ရှိ ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်တံတားမြို့နယ်တွင် ကားတိုက်ခံရသည်ဟုယူဆရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

RECENT POSTS
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved