အမေရိကန်ရဲ့အကူအညီတွေ မရဘူးဆိုရင် ယူကရိန်းနိုင်ငံမှာ မြို့အများအပြား ထပ်မံ ဆုံးရှုံးဖွယ်ရှိနေဟု အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၉
ယူကရိန်းဟာ အမေရိကန်နိုင်ငံရဲ့ကူညီထောက်ပံ့မှုတွေကိုမရဘူးဆိုရင် မြို့အများအပြား ထပ်မံဆုံးရှုံးရဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတက ၎င်းအနေနဲ့ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆ဝ ဘီလျံကူညီထောက်ပံ့ပေးနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတက "ကျွန်တော်ဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံစကားပြောဆိုခဲ့တယ်။ သူကို နောက်ထပ်ငွေကြေးအများအပြား ထပ်မံရရှိစေဖို့ ယုံကြည်စေခဲ့တယ်" လို့ ပြောပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ငံအရှေ့ပိုင်းရှိ မြို့တစ်မြို့ စွန့်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ အမေရိကန်အစိုးရအပြင် ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဇီလန်စကီးတို့ဟာ ယူကရိန်းအရှေ့ဘက်ပိုင်းရှိ Avdeevka မြို့ကို စွန့်လွှတ်ဆုံးရှုံးခဲ့ရခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ပွဲစတင်ပြီးချိန်နောက်ပိုင်းကတည်းက စစ်ရေးအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၄၄ ဒသမ ၂ ဘီလျံကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို စစ်ရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ဝ ဘီလျံကူညီထောက်ပံ့ပေးဖို့ စီစဉ်နေပြီး၊ အောက်လွှတ်တော်မှာ မူကြမ်းကို ဆွေးနွေးချိန်အတွင်း ကြန့်ကြာနှောင့်နှေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက "ယူကရိန်းနိုင်ငံ လိုအပ်တဲ့ကျည်ဆံတွေရရှိစေဖို့ ကျွန်တော်ဟာ အစွမ်းကုန်ကြိုးပမ်းသွားမယ်။ ယူကရိန်းကို စစ်ရေးအကူအညီပေးမယ့်အစီအစဉ်ကို ရီပတ်ဘလီကန်လွှတ်တော်ကိုယ်စားလှယ်တွေက တားဆီး ပိတ်ဆို့တာမျိုးတွေ ရှိနေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်စစ်တပ်နှင့်အစွန်းရောက်ဝါဒီ စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား(၆)ဦးနှင့် စစ်သွေးကြွအဖွဲ့ဝင်(၁)ဦးသေဆုံး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ