ဂါဇာစစ်ပွဲပြီးဆုံးချိန်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ဆုံးရှုံးရဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၉
ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ်ပြုလုပ်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆုံးသတ်သွားချိန်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အာဏာလက်လွတ် ဆုံးရှုံးရဖွယ်ရှိနေကြောင်း အစ္စရေးအခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံမှာ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီးဝေဖန်ပြစ်မှုတွေမြင့်တက်လာခဲ့ပြီး ရွေးကောက်ပွဲကို စောစီးစွာ တောင်းခံမှုတွေရှိလာနေကြောင်း သိရပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောဆိုရမယ့်အချိန်မျိုးမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို လာမယ့်နှစ် အနည်းငယ်အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမယ့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေထဲမှာ နေတန်ရာဟုနဲ့ အာဏာရတို့ဟာထောက်ခံမဲ ကျဆင်းလာနေကြောင်း သိရပါတယ်။ အစ္စရေးအတိုက်ခံပါတီဖြစ်တဲ့ လီကွတ်ပါတီရဲ့တာဝန်ရှိသူတစ်ဦးက စစ်ပွဲ အဆုံးသတ်ချိန်မှာ နေတန်ရာဟုဟာ ဝန်ကြီးချုပ်နေရာကို ထပ်မံရရှိတော့မှာ မဟုတ်ကြောင်း ပြောပါတယ်။
ဂါဇာစစ်ပွဲဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း အစ္စရေးအတိုက်ခံပါတီဖြစ်တဲ့ လီကွတ်ပါတီအပေါ် အားပေးမှုတွေ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ နေတန်ရာဟုဟာ ဝန်ကြီးချုပ်အဖြစ် ၂ဝ၂၂ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို စောစီးစွာကျင်းပဖို့အစီအစဉ်ကို ငြင်းဆန်ထားကာလာမယ့် ၂ဝ၂၆ ခုနှစ် အောက်တိုဘာလမှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ်ကက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့လက်ချက်ကြောင့် အစ္စရေးပြည်တွင်းနိုင်ငံရေး နှစ်ခြမ်းကွဲတာမျိုး မဖြစ်စေလိုကြောင်း သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့အကူအညီတွေ မရဘူးဆိုရင် ယူကရိန်းနိုင်ငံမှာ မြို့အများအပြား ထပ်မံ ဆုံးရှုံးဖွယ်ရှိနေဟု အမေရိကန်သမ္မတပြော
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ