Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်နီဒေသ ဘေးကင်းလုံခြုံအောင် လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံက အခန်းကဏ္ဍတစ်ခုမှ ပါဝင်သင့်ကြောင်း ကနေဒါအစိုးရပြော

Pika (NSS) - ဖေဖော်ဝါရီ ၁၉ 

ပင်လယ်နီဒေသ ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းကို ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ အနေဖြင့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်သင့်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ဖေဖော်ဝါရီလ (၁၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

ပင်လယ်နီအတွင်းရှိ တရုတ်သင်္ဘောများသည် အန္တရာယ်များဖြင့် ကြုံတွေ့နိုင်ရသောကြောင့် ယခုကဲ့သို့ပါဝင်ရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း  Melanie Joly က ထပ်မံပြောခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံကို နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများအောက်မှ ရှောင်ထွက်နိုင်စေရန်အတွက် ကူညီပေးနေခြင်းအား ရပ်တန့်ရန် တရုတ်အစိုးရကို ၎င်းက ထပ်မံတိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။


ပင်လယ်နီဒေသ ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်း ဆက်လက်ပွင့်နေစေရန်အတွက် ဟူသီလက်နက်ကိုင်အဖွဲ့ ကို ဩဇာလွှမ်းမိုးနိုင်ရန် လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံက ကူညီပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောခဲ့ သည်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly သည် ဖေဖော်ဝါရီလ(၁၇)ရက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ နှင့် တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Melanie Joly က "ဒါကလည်း တရုတ်နိုင်ငံရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက် ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား ဆက်တိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့် အနေဖြင့် ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။

ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် အီရန်နိုင်ငံမှတစ်ဆင့် ကြားဝင် စွက်ဖက်မှုများ လုပ်ဆောင်ပေးရန် တရုတ်အစိုးရကို အမေရိကန် နှင့် ဗြိတိန်အစိုးရတို့က တိုက်တွန်းခဲ့ကြောင်း လည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘာကျော်လက်ဝှေ့သမား ပက်ကွီအိုရဲ့ အိုလံပစ်လက်ဝှေ့သမားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်လိုတဲ့အိမ်မက် အဆုံးသတ်

RECENT POSTS
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved