ယူကရိန်းသို့ အမြောက်များအားလုံး လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် ကြေညာ
Pika (NSS) - ဖေဖော်ဝါရီ ၁၉
ဒိန်းမတ်နိုင်ငံသည် ၎င်း၏အမြောက်များအားလုံးကို ယူကရိန်းသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒဲရစ်ဆင်က ထုတ်ဖော်ပြောခဲ့သည်။
စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုပိုင်းတွင် ပြဿနာများရှိနေသော်လည်း ဒိန်းမတ်နှင့် ဥရောပသမဂ္ဂတို့သည် ယူကရိန်းအတွက် လိုအပ်သောစစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန် လုံလုံလောက်လောက် သိုလှောင်ထားမှုများရှိကြောင်း မက်တီဖရက်ဒဲရစ်ဆင်က ပြောခဲ့သည်။
ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ခဲယမ်းမီးကျည်ပြတ်လပ်မှုများ ပိုမိုတိုးလာခဲ့ပြီးနောက် ယူကရိန်းအစိုးရသည် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများကို နောက်ထပ်ငွေကြေးနှင့် စစ်လက်နက်များ ထောက်ပံ့ ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
မက်တီဖရက်ဒဲရစ်ဆင် က "အမြောက်တွေ၊ ခဲယမ်းမီးကျည်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းက ကျွန်မတို့ဆီမှာ တောင်းဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့အမြောက်တွေအားလုံးကို ယူကရိန်းကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလိုမျိုးလုပ်ဆောင်သင့်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ သိုလှောင်ထားတဲ့ခဲယမ်းမီးကျည်တွေ ရှိသေးတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ကျွန်မတို့မှာ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းမီးကျည်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိပြီး လက်ရှိအချိန်မှာ အဲဒါတွေကို ကျွန်မတို့အတွက် အသုံးပြုစရာမလိုသေးပါဘူး။ ဒါကြောင့်မလို့ ယူကရိန်းကို လွှဲပြောင်းပေးမှုတွေ လုပ်ဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
ဒိန်းမတ်နိုင်ငံသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းအများအပြား ထောက်ပံ့ပေးသည့်နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများ ကူညီ ပံ့ပိုးပေးမှုသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားလာစေနိုင်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ် သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်းတွင် ရပ်ထားသည့် Express ကားကို Box ကားမှအရှိန်လွန် ဝင်တိုက်မိခဲ့ရာ လူ(၂)ဦးပွဲချင်းပြီး သေဆုံး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ