ပြည်တွင်းထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်တွေကို အီရန်စစ်တပ် ထုတ်ဖော်ပြသ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၈
အီရန်စစ်တပ်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လာနေချိန်မှာပဲ ဖေဖော်ဝါရီ ၁၇ ရက်နေ့က လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထုတ်ဖော်ပြသလိုက်ကြောင်းသိရပါတယ်။ အီရန်စစ်တပ်ဟာ အာမန်အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ အာဇာရက်အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပါတယ်။
ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အီရန်နိုင်ငံရဲ့အကူညီတွေကိုရရှိထားတဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နိုင်ငံကြားတင်းမာမှု အရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး ရီဇာ အရှက်တာနီက "နိုင်ငံကာကွယ်ရေးစနစ်တွေကို လက်နက်အသစ်တွေ ဝင်ရောက်လာ တယ်။ အီရန်နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်လာစေတယ်" လို့ ပြောပါတယ်။
အာမန်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ဟာ အကွာအဝေး ၁၂ဝ နဲ့ ၁၈ဝ ကီလိုမီတာအတွင်းရှိ မတူညီတဲ့ ပစ်မှတ်ပေါင်း ၆ ခုကို ပစ်ချနိုင်စွမ်းရှိသလို အာဇာရက်အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်း အကွာအဝေး ၅ဝ ကီလိုမီတာအတွင်းရှိ ပစ်မှတ်များကို ပစ်ချဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ အီရန်ဟာ အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပြည်တွင်းမှာပဲ ကိုယ်ပိုင်ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းတည်းက အီရန်ဟာ ခေတ်မီလက်နက်အမျိုးမျိုးကို ထုတ်ဖော်ပြသခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သင်္ဘောပေါ်ကနေ ကုန်စည်သင်္ဘောတာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သြစတြေးလျမှာ တေလာဆွဖ်ရဲ့ဖျော်ဖြေပွဲကိုသွားနေတဲ့ အသက် ၁၆ နှစ်အရွယ် အမာခံပရိသတ်အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီးသေဆုံး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ