တစ်ဖက်သတ်ချမှတ်ထားတဲ့ပိတ်ဆို့မှုများကို ပြန်လည်ဖယ်ရှားပေးဖို့ အမေရိကန်အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၈
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ၎င်းတို့နိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့တစ်ဖက်သတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်တို့ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပတဲ့မြူးနစ်လုံခြုံရေးအစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင့်တို့တွေ့ဆုံဆွေးနွေးပြီးနောက် ၃ လကျော်အကြာမှာ အမေရိကန် နဲ့ တရုတ်အစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ပိုင်နက်အတွင်းကို တရုတ်နိုင်ငံရဲ့စပိုင်မိုးပျံပူဖောင်းများ ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက "တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ထားတဲ့ အမေရိကန်ပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖို့တောင်းဆိုပါတယ်။ တရုတ်နိုင်ငံရဲ့တရားဝင်အခွင့်အရေး ထိခိုက်နစ်နာအောင် မလုပ်ဆောင်စေလိုဘူး" လို့ ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပြီး အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံကို semiconductor နည်းပညာရောင်းချတာတွေ ကန့်သတ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံကြား စီးပွားရေး၊ နိုင်ငံရေးပြိုင်ဆိုင်မှုတွေနဲ့ဆက်နွယ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးအေးစက်နေရာ အမေရိကန်က တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်တွေကို အီရန်စစ်တပ် ထုတ်ဖော်ပြသ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ