အမေရိကန်နဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှာမကြောက်ဘူးလို့ အီရန်စစ်တပ်အကြီးအကဲပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁
အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ခြိမ်းခြောက်မှုတွေဟာ အဖြေထုတ်လို့မရနိုင်ကြောင်း၊ အီရန်ဟာ အမေရိကန်နဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံရမှာကိုစိုးရိမ်ကြောက်ရွံ့မှု မရှိကြောင်း အီရန်စစ်တပ်အကြီးအကဲတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီက "အမေရိကန်အစိုးရတာဝန်ရှိသူတွေရဲ့ခြိမ်းခြောက်မှုတွေကို ကြားနေရတယ်။ ကျွန်တော်တို့ဟာ စစ်ပွဲမဖြစ်လိုဘူး၊ ဒါပေမဲ့ စစ်ပွဲဖြစ်ရမယ်ဆိုရင်လည်း စိုးရိမ်ကြောက်ရွံ့နေမှာမဟုတ်ဘူး" လို့ ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိလက်နက် ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရတာတွေ ရှိလာခဲ့ပြီးနောက် တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတက အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးနေတဲ့အီရန်နိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း၊ အမေရိကန်တပ်ဖွဲ့တွေကို အီရန်နိုင်ငံရဲ့အကူအညီတွေရရှိထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပြောပါတယ်။
ဂျော်ဒန်နိုင်ငံမှာအခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးမှု အပြင် အမေရိကန်တပ်ဖွဲ့ဝင် ၃၄ ဦး ဒဏ်ရာရမှုတွေမှာပါပင်ဆက်နွယ်ခြင်းမျိုးမရှိကြောင်း ဆိုထားပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံထံကနေ အကူအညီရရှိထားတဲ့လက်နက် ကိုင်အဖွဲ့တွေဟာ အမေရိကန်တပ်ဖွဲ့တွေကို အကြိမ်ပေါင်း ၁၆၅ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ