ရခိုင်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲရေးရရှိစေဖို့ တရုတ်အစိုးရကြားဝင်ဆောင်ရွက်နေကြောင်း တရုတ်သံအမတ်ကြီးပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်မှာဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ကြားဝင်ပြီး အပစ်ခတ်ရပ်စဲရေး ရယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးယိုဝမ်က ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကိုရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ အမြန်ဆုံးပြန်ပို့နိုင်ဖို့ ရခိုင်ပြည်နယ်မှာ အပစ်ခတ် ရပ်စဲရေးရယူနိုင်အောင် တရုတ်အစိုးရက ကြိုးပမ်းနေခြင်းမျိုးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက "တရုတ်အစိုးရဟာ ကြားဝင်စေ့စပ်ဆွေးနွေးနေတာတွေကို သတိထားမယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ ဆန္ဒရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ ရခိုင်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ဖူးပါတယ်။ မြန်မာအစိုးရဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်တွေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် သုံးခုရရှိခဲ့ပါ တယ်။
တရုတ်အစိုးရဟာ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်း နောက်ထပ်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ထပ်မံရယူနိုင်အောင်ကြိုးပမ်းနေတယ်။ ရခိုင်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲရေးရရှိမှသာ ဘင်္ဂါလီတွေ ပြန်ပို့ရေး လုပ်ငန်းတွေ စတင်နိုင်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစတင်ပြီး တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ လူပေါင်းများစွာ နေရပ် စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ တရုတ်အစိုးဟာ လက်ရှိအချိန်မှာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကို ပြန်ပို့ နိုင်ဖို့ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်အစိုးရကြား ကြားဝင်ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
တရုတ်အစိုးရဟာ မကြာသေးမီကလည်း ရှမ်းပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်ခတ် ရပ်စဲရေးရယူနိုင်ဖို့ကြားဝင်ဆောင်ရွက်ခဲ့ရာ သဘောတူညီမှုတွေရရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မြန်မာနိုင်ငံဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ကျရောက်တာတွေရှိနေခဲ့ပြီး ဘင်္ဂလားဒေရှ့်နဲ့မြန်မာနယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတပ်လှန့်ထားရကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်နဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ