တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောပေါ်ကနေ ခရုဒုံးကျည်အသစ်ကို ထပ်မံစမ်းသပ်ပစ်လွှတ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောပေါ်ကနေ ခရုဒုံးကျည်အသစ်ကို ဇန်နဝါရီ ၂၈ ရက်က အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ မွမ်းမံထားတဲ့ဒုံးကျည်ကို သီတင်းပတ်တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကိုယ်တိုင် "Pulhwasal-3-31" အမည်ရှိ ဒုံးကျည်စမ်းသပ်မှုတွေကို ကြီးကြပ်ခဲ့ကြောင်း၊ သိရပါတယ်။
အဆိုပါဒုံးကျည်ဟာ နိုင်ငံအရှေ့ဘက်ပိုင်း ကမ်းရိုးတန်းပေါ်ရှိ ပစ်မှတ်ကို နှစ်နာရီကျော်ကြာပျံသန်းပြီး ထိမှန်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ရေတပ်အင်အားတောင့်တင်းဖို့ ကြိုးပမ်းနေချိန်မှာ ရေငုပ် သင်္ဘောပေါ်ကနေ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် ဒုံးကျည်တွေမကြာခဏ စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်စွမ်းရှိတဲ့ မဟာဗျူဟာမြောက်ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။
ဒုံးကျည်ဟာ ရေငုပ်သင်္ဘောကနေ ကောင်းကင်ယံကို တက်သွားခဲ့ပြီး အဲဒီကတဆင့် ကျွန်းအပေါ် ရှိပစ်မှတ်တွေကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်တွေတည်းက ဒုံးကျည်စမ်းသပ်မှုတွေ၊ စစ်ဘက်သုံး ဂြိုလ်တု လွှတ်တင်မှုတွေကို မကြာခဏလုပ်ဆောင်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်လာနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောတောင်ထူထပ်ပြီး ကျယ်ပြန့်သည်ဒေသတွင်း ခွဲထွက်ရေးသူပုန်များ နှင့် သုံးနိုင်ငံပြဿနာ (ဘာသာပြန် ဆောင်းပါး)
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ