အစိုးရနှင့် PNO အဖွဲ့ပူးပေါင်း၍ ပအိုဝ်းဒေသရှိ ကျေးရွာများကို လက်နက်တပ်ဆင်ပေးကာ အထူးလုံခြုံရေးလုပ်ဆောင်ရန် ပြင်ဆင်
မြူနစ် (NSS) - ဇန်နဝါရီ ၂၉
အစိုးရနှင့် PNO အဖွဲ့ ပူးပေါင်း၍ ပအိုဝ်းဒေသအတွင်းရှိ ကျေးရွာများကို လက်နက်တပ်ဆင်ပေးကာ အထူးလုံခြုံရေးလုပ်ဆောင်ရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသ(၆)အတွင်း နေထိုင်ကြသည့် ပအိုဝ်းပြည်သူ နှင့် အတူနေ ညီနောင်တိုင်းရင်းသားများ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားလာနိုင်ရေးအတွက် အထူးလုံခြုံရေးကို ယခုကဲ့သို့ ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် ဆီဆိုင်မြို့နယ်ဘက်မှာ PNLA အဖွဲ့နဲ့ PDF တပ်ပေါင်းစုတွေဝင် ရောက်ပြီးတော့မှ ကျွန်တော်တို့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးတယ်။ ရဟန်သံဃာနဲ့ ပြည်သူလူထုတွေ စစ်ဘေးရှောင်ရ တယ်။ ဒုက္ခများစွာ ကြုံတွေ့နေရတယ်။ ဒါလူထုတွေရဲ့သဘောဆန္ဒက တစ်မျိုးသားလုံးရဲ့လုပ်ငန်း၊ တာဝန် ဖြစ်သွားပြီလို့ အားလုံးက ဆုံးဖြတ်ချက်ချကြတယ်ပေါ့လေ။ အဲဒီလိုဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံးသာမက ပအိုဝ်းတိုင်းရင်းသားနဲ့အတူ ယှဉ်တွဲနေထိုင်တဲ့တိုင်းရင်းသားတွေလည်း ပါဝင် လာပြီးတော့မှ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကို ရယူပြီးတော့မှ ကာကွယ်မှာပေါ့” ဟု PNO ၏ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
ထိုသို့လက်နက်တပ်ဆင်ရာတွင် ပဋိပက္ခများ အဓိကဖြစ်ပွားနေသည့်နေရာများနှင့် အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်သည့်နေရာများတွင် လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ကတော့ အထူးလုံခြုံရေးကိုပဲ အဓိကဆောင်ရွက်မှာပေါ့နော်။ အထူးလုံခြုံရေးဆိုတာ ကျွန်တော်တို့ က သူတို့ကို သွားရောက်ပြီးတော့မှ ရက်စက်ကြမ်းကြုတ်စွာ သွားပြီးတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရပ်ရွာဒေသတွေမှာ ဒီအကြမ်းဖက်သောင်းကျန်းသူတွေ ဝင်ရောက်မလာနိုင်ဖို့အရေးကိုပဲ အဓိကဆောင်ရွက်သွား မှာပါ။ ဆိုလိုတာက ကျွန်တော်တို့ကို မထိရင် သူတို့ကို မထိဘူး။ ကျွန်တော်တို့ နယ်မြေထဲမှာ မလာဘူးဆိုရင် သူတို့ကိုလည်း တိုက်စရာအကြောင်း မရှိဘူးပေါ့” ဟု PNO ၏ ထိပ်ပိုင်းအရာရှိက ထပ်မံပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆီဆိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် PNLO/PNLA၊ PDF ပူးပေါင်းအဖွဲ့များကို နိုင်ငံတော် အစိုးရနှင့် PNA တို့ပူးပေါင်းကာ အမြန်ဆုံးတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း PNO အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောပေါ်ကနေ ခရုဒုံးကျည်အသစ်ကို ထပ်မံစမ်းသပ်ပစ်လွှတ်
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ