အစ္စရေးကို အမေရိကန်စစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ နှောင့်နှေးဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးမယ့်အစီအစဉ်ကို အချိန်ဆွဲ သင့်-မသင့် ဆိုတဲ့အချက်ကို ဆွေးနွေးနေကြောင်း NBC News သတင်းဌာနဖော်ပြထားပါတယ်။
အစ္စရေးဟာ အမေရိကန်အစိုးရကို လေကြောင်းရန်ကာကွယ်ရေးစနစ်အပြင် လေကြောင်းက မြေပြင်ကို ကြဲချရာမှာအသုံးပြုတဲ့ အားပြင်းတဲ့ဗုံးတွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေ ကူညီပံ့ပိုးပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
"အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးတာ၊ ရပ်ဆိုင်းထားတာ၊ ဆိုင်းငံ့ထားတာတွေလုပ်ဖို့ အစီအစဉ်တွေရှိနေပါတယ်" လို့ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ ယူကရိန်းကို ၁၅၅ မမ အမြှောက်ကျည်ဆံတွေအပြင် ပဲ့ထိန်းလမ်းညွှန် စနစ်ပါတဲ့ အားပြင်းတဲ့ဗုံးတွေ ကူညီပေးမယ့်အစီအစဉ်တွေကို ပြန်လည်သုံးသပ်နေကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရက်ပေါင်း ၁၂ဝ နီးပါးရှိလာနေပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ ၂၆ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူအများအပြား သေဆုံးမှုတွေရှိနေမယ်ဆိုရင် နိုင်ငံတကာထောက်ခံမှုတွေ ဆက်လက်ကျဆင်းနေမှာဖြစ်ကြောင်း ပြောပါတယ်။ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက် အစ္စရေးဟာ လူမျိုးသုန်းသတ်ဖြတ်မှုတွေကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရပြီး နိုင်ငံတကာတရားရုံးမှာ တရားစွဲဆို ခံထားရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစိုးရနှင့် PNO အဖွဲ့ပူးပေါင်း၍ ပအိုဝ်းဒေသရှိ ကျေးရွာများကို လက်နက်တပ်ဆင်ပေးကာ အထူးလုံခြုံရေးလုပ်ဆောင်ရန် ပြင်ဆင်
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ