လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက် ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာအိုနိုင်ငံဟာ ၂ဝ၂၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။
အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားပြုတဲ့ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် ဆိုသူတက်ရောက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
အာဆီယံနဲ့ မြန်မာနိုင်ငံကြားရရှိထားတဲ့ အာဆိယံသဘောတူညီချက်ငါးချက်ကို မြန်မာနိုင်ငံက အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့အတွက် အာဆီယံအဖွဲ့ဟာ နစကအဖွဲ့ခေါင်းဆောင်တွေကို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားမပြုသူကိုတက်ရောက်စေဖို့ ဖိတ်ကြားခဲ့ ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
လာအိုနိုင်ငံဟာ ၂ဝ၂၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာအရေးကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံကို ဇန်နဝါရီလ အစောပိုင်းက စေလွှတ်ကာ နစကအဖွဲ့တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ