တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားစစ်တပ်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၈
တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၂၈ ရက်မှာ နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းထဲကို ခရုဇ်ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံဟာ ခရုဇ်ဒုံးကျည်တွေကို ထပ်မံ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်နိုင်ငံတို့ရဲ့ပူးတွဲစစ်ရေး လေ့ကျင့်ခန်းလုပ်ဆောင်နေမှုတွေအပေါ် ကန့်ကွက်ဆန့်ကျင့်ကြောင်း ပြသမှုအဖြစ် မြောက်ကိုရီးယားဟာ ဒုံးကျည် တွေ မကြာခဏ ပစ်လွှတ်နေခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၄ ရက်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ခရုဇ်ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ထပ်မံပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယားစင်ပိုဆိပ်ကမ်းအနီးရှိ ရေပိုင်နက်ထဲကို ဒုံးကျည်တွေ ကျရောက်တာမျိုးတွေရှိခဲ့ကြောင်း၊ ရေငုပ် သင်္ဘောပေါ်ကနေ ဒုံးကျည်ပစ်ခတ်မှုမျိုးတွေ ရှိနေခဲ့ကြောင်း ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားစစ်တပ်က ဒုံးကျည်ပစ်လွှတ်တာတွေရှိခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် ဒုံးကျည်အရေအတွက် နဲ့ ဒုံးကျည်တွေက ဘယ်လောက်အထိ ပျံသန်းခဲ့သလဲ ဆိုတဲ့အချက်ကို အသေးစိတ်သတင်း ထုတ်ပြန်ခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားက သတိပေးမှုတွေရှိနေတဲ့ကြားကနေ အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ဟာ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ရာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဖြစ်လာ နေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က နိုင်ငံပိုင်နက် တစ်လက်မ ကျူးကျော်ရုံနဲ့ တောင်ကိုရီးယားကို စစ်တိုက်သွားမယ်လို့ သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ